×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 04 September 2019

"စာက်က္တဲ့ နည္းလမ္းမွန္ရင္ အခ်ိန္နည္းနည္းနဲ ့ ထိထိေရာက္ေရာက္စာရတယ္"

"စာက်က္တဲ့ နည္းလမ္းမွန္ရင္ အခ်ိန္နည္းနည္းနဲ ့ ထိထိေရာက္ေရာက္စာရတယ္" freepick

ေက်ာင္းသားလူငယ္ေတြအေနနဲ ့ စာက်က္ၾကတဲ့အခါ စာက်က္ခ်ိန္ေတြသာ ၾကာသြားတယ္ ကိုယ္လိုခ်င္သေလာက္ စာကမရတာမ်ိဳး ျဖစ္ဖူးၾကမွာပါ။

ဒီေနရာမွာ တစ္ခုသိထားရမွာက သင္က စာကိုဘယ္ အခ်ိန္မွာက်က္တတ္တဲ့ လူမ်ိဳးလဲ။ မနက္လား၊ ေန ့ခင္းလား၊ ညဘက္လား။ ရွင္းရွင္းေျပာရရင္ ဘယ္အခ်ိန္မွာ စာက်က္ရင္ပိုရလဲ၊ ဘယ္အခ်ိန္မွာ စာကိုပိုျပီး အာရံုစိုက္ႏိုင္လဲဆိုတာ သိထားဖို ့လို ပါတယ္။ ေနာက္ျပီး ေက်ာင္းသား (၃) မ်ိဳးရွိတယ္။


(၁) အသံထြက္ျပီး က်က္မွစာရတဲ့ ေက်ာင္းသား။
(၂) အျမင္နဲ ့က်က္ျပီး စာရတဲ့ေက်ာင္းသား။ သူတို ့ကေတာ့ ဆူဆူညံညံေတြ မၾကိဳက္ဘူး။ တစ္ေယာက္တည္း အသံမထြက္ ပဲ စာကိုၾကည့္ျပီး က်က္တတ္တဲ့ေက်ာင္းသား။
(၃) ေရးျပီးက်က္မွ စာရတဲ့ေက်ာင္းသား။


အဲ့ဒီ (၃) မ်ိဳးထဲမွာ မွ ကိုယ္ဘယ္ ထဲမွာ ပါလဲဆိုတာသိဖို ့လို ပါတယ္။ အဲ့လိုမွ မဟုတ္ပဲ ကိုယ္က အသံမထြက္ပဲ စာအုပ္ၾကည့္ျပီးက်က္တတ္တဲ့ ေက်ာင္းသား။

ဒါေပမယ့္ ေဘးအိမ္က တစ္ေယာက္ က စာေတြေအာ္က်က္တာကို အားက်လို ့ ကိုယ္ပါလိုက္ေအာ္က်က္တယ္၊ အဲ့ဒါဆိုရင္ေတာ့ ကိုယ္က်က္သေလာက္ ရမွာမဟုတ္သလို ေမ့ေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ စာက်က္တဲ့အခါ စာက်က္ပံုမွန္၊ စာက်က္အခ်ိန္မွန္ဖို ့အေရးၾကီးပါတယ္။ ဒါအျပင္ စာက်က္တဲ့အခါ အခ်ိန္နည္းနည္းနဲ ့ထိထိေရာက္ေရာက္စာရေစဖို ့ ေနာက္ထပ္နည္းလမ္းေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။


(၁) မိနစ္သံုးဆယ္ခန္ ့ စာက်က္ျပီး ခဏနားပါ
ဘာျဖစ္လို ့မိနစ္သံုးဆယ္ ခန့္သာက်က္ခိုင္းလဲဆိုေတာ့ ..စာက်က္တဲ့အခါ ေက်ာင္းသားရဲ ့ဦးေႏွာက္က ပထမဆံုး ၁၅ မိနစ္နဲ ့ေနာက္ဆံုး ၁၅ မိနစ္မွာ ထိထိေရာက္ေရာက္ အလုပ္ လုပ္ၾကလို ့ပဲျဖစ္ပါတယ္။


(၂) စာေတြကိုစုပံုၿပီး မက်က္ပါနဲ ့
ဥပမာ စာေမးပြဲ နီးခါမွ စာ ၁၀ ပုဒ္ေလာက္ကို တစ္ေနတည္းနဲ ့က်က္တာမ်ိဳးမလုပ္ပဲ တစ္ေန ့ ၂ ပုဒ္ကို ၅ ရက္က်က္ေပးသင့္ပါတယ္။ ကိုယ္လဲမပင္ပန္းေတာ့ဘူးေပါ့။


(၃) အခ်ိန္တိက်ပါ
စာက်က္တဲ့အခါ အခ်ိန္တိက်ဖို ့လိုပါတယ္။ ကိုယ္ကေန ့ခင္း ဘက္က်က္ စာက်က္တတ္တဲ့သူလား၊ ညဘက္မွေအးေအးေဆးေဆး က်က္တတ္တဲ့သူလာဆိုတာ ေသေသခ်ာခ်ာ သိဖို ့လည္းလိုပါေသးတယ္။

ေနာက္ထပ္တစ္ခုက စာက်က္တဲ့ အခ်ိန္ နာရီဝက္ ယူတယ္ဆိုပါစို ့..အဲ့ဒီနာရီဝက္အတြင္းမွာ ဖုန္းလံုးဝမသံုးပါနဲ ့။ ဘာကိစၥေသးေသးမႊားေလးေတြကိုမွ ထမလုပ္ပဲ အခ်ိန္နာရီ ဝက္လံုးလံုး စာကိုပဲၾကည့္ေနဖို ့လိုပါတယ္။

Read More >>> "စာေမးပြဲေျဖခါနီး စိတ္ဖိစီးမႈမ်ားတတ္သူေတြအတြက္ လုိက္နာရမယ့္အခ်က္(၅)ခ်က္"


(၄) အနားယူပါ
စာက်က္တဲ့ အခ်ိန္ နာရီဝက္၊ ေလးဆယ့္ငါးမိနစ္ေလာကါယူၿပီးတာနဲ ့ ၅ မိနစ္ ၁၀ မိနစ္ေလာက္အနားယူဖို ့လိုပါတယ္။ အနားယူတဲ့အခ်ိန္မွာ စိတ္အပန္းေျဖတဲ့အရာမ်ိဳးကို ျပဳလုပ္ပါ။ ဥပမာ မုန္ ့စားတာပဲျဖစ္ျဖစ္၊ သီခ်င္းနားေထာင္တာပဲျဖစ္ျဖစ္ ျပဳလုပ္ျပီး အနားယူပါ။


(၅) ေနရာယူမွန္ကန္ပါ
စာက်က္တဲ့အခါ ကိုယ္ဘယ္ေနရာနဲ ့သင့္ေတာ္လဲဆိုတာသိဖို ့လိုပါေသးတယ္။ သိပၸံ ပညာရွင္ေတြကေတာ့ စာၾကည့္တဲ့ခါ စာၾကည့္စားပြဲ ေပၚမွာ ၾကည့္ၾကဖို ့ေျပာၾကားထားၾကပါတယ္။

အထူးသျဖင့္ ကေတာ့ စာၾကည့္တဲ့ အခါ ပန္ကာေလရတဲ့အေရွ႔မွာ မက်က္ဖို ့ပါပဲ။ ဘာျဖစ္လို့လဲဆိုေတာ့ ပန္ကာေလဟာ လူကိုအိပ္ခ်င္စိတ္ျဖစ္ေပၚေစလို႕ပဲျဖစ္ပါတယ္။


(၆) note မွတ္ပါ
စာတစ္ပိုဒ္ က်က္တဲ့အခါ အဲ့ဒီစာပိုဒ္မွာ ပါတဲ့ အဓိကအေၾကာင္းအရာကို note ေလးေတြထုတ္၊ မ်ဥ္းေၾကာင္းေလးေတြတားျပီး စာၾကည့္ျခင္းအားျဖင့္ ပိုမွတ္မိလြယ္ျပီး စာျမန္ျမန္ရေစပါတယ္။

Read More >>> "အဂၤလိပ္စာေလ့လာေနသူေတြအတြက္ ဖုန္းမွာ ထည့္ထားသင့္တဲ့ application မ်ား"

>>>Unicode ဖြင့်ဖတ်ရန်<<<

"စာကျက်တဲ့ နည်းလမ်းမှန်ရင် အချိန်နည်းတည်းနဲ့ ထိထိရောက်ရောက်စာရတယ်"


ကျောင်းသားလူငယ်တွေအနေနဲ့ စာကျက်ကြတဲ့အခါ စာကျက်ချိန်တွေသာ ကြာသွားတယ် ကိုယ်လိုချင်သလောက် စာကမရတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီနေရာမှာ တစ်ခုသိထားရမှာက သင်က စာကိုဘယ် အချိန်မှာကျက်တတ်တဲ့ လူမျိုးလဲ။ မနက်လား၊ နေ့ခင်းလား၊ ညဘက်လား။ ရှင်းရှင်းပြောရရင် ဘယ်အချိန်မှာ စာကျက်ရင်ပိုရလဲ၊ ဘယ်အချိန်မှာ စာကိုပိုပြီး အာရုံစိုက်နိုင်လဲဆိုတာ သိထားဖို့လို ပါတယ်။ နောက်ပြီး ကျောင်းသား (၃) မျိုးရှိတယ်။


(၁) အသံထွက်ပြီး ကျက်မှစာရတဲ့ ကျောင်းသား။
(၂) အမြင်နဲ့ကျက်ပြီး စာရတဲ့ကျောင်းသား။ သူတို့ကတော့ ဆူဆူညံညံတွေ မကြိုက်ဘူး။ တစ်ယောက်တည်း အသံမထွက် ပဲ စာကိုကြည့်ပြီး ကျက်တတ်တဲ့ကျောင်းသား။
(၃) ရေးပြီးကျက်မှ စာရတဲ့ကျောင်းသား။


အဲ့ဒီ (၃) မျိုးထဲမှာ မှ ကိုယ်ဘယ် ထဲမှာ ပါလဲဆိုတာသိဖို့လို ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ ကိုယ်က အသံမထွက်ပဲ စာအုပ်ကြည့်ပြီးကျက်တတ်တဲ့ ကျောင်းသား။

ဒါပေမယ့် ဘေးအိမ်က တစ်ယောက် က စာတွေအော်ကျက်တာကို အားကျလို့ ကိုယ်ပါလိုက်အော်ကျက်တယ်၊ အဲ့ဒါဆိုရင်တော့ ကိုယ်ကျက်သလောက် ရမှာမဟုတ်သလို မေ့နေတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် စာကျက်တဲ့အခါ စာကျက်ပုံမှန်၊ စာကျက်အချိန်မှန်ဖို့အရေးကြီးပါတယ်။ ဒါအပြင် စာကျက်တဲ့အခါ အချိန်နည်းနည်းနဲ့ထိထိရောက်ရောက်စာရစေဖို့ နောက်ထပ်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။


(၁) မိနစ်သုံးဆယ်ခန့် စာကျက်ပြီး ခဏနားပါ
ဘာဖြစ်လို့မိနစ်သုံးဆယ် ခန့်သာကျက်ခိုင်းလဲဆိုတော့ ..စာကျက်တဲ့အခါ ကျောင်းသားရဲ့ဦးနှောက်က ပထမဆုံး ၁၅ မိနစ်နဲ့နောက်ဆုံး ၁၅ မိနစ်မှာ ထိထိရောက်ရောက် အလုပ် လုပ်ကြလို့ပဲဖြစ်ပါတယ်။


(၂) စာတွေကိုစုပုံပြီး မကျက်ပါနဲ့
ဥပမာ စာမေးပွဲ နီးခါမှ စာ ၁၀ ပုဒ်လောက်ကို တစ်နေတည်းနဲ့ကျက်တာမျိုးမလုပ်ပဲ တစ်နေ့ ၂ ပုဒ်ကို ၅ ရက်ကျက်ပေးသင့်ပါတယ်။ ကိုယ်လဲမပင်ပန်းတော့ဘူးပေါ့။


(၃) အချိန်တိကျပါ
စာကျက်တဲ့အခါ အချိန်တိကျဖို့လိုပါတယ်။ ကိုယ်ကနေ့ခင်း ဘက်ကျက် စာကျက်တတ်တဲ့သူလား၊ ညဘက်မှအေးအေးဆေးဆေး ကျက်တတ်တဲ့သူလာဆိုတာ သေသေချာချာ သိဖို့လည်းလိုပါသေးတယ်။

နောက်ထပ်တစ်ခုက စာကျက်တဲ့ အချိန် နာရီဝက် ယူတယ်ဆိုပါစို့..အဲ့ဒီနာရီဝက်အတွင်းမှာ ဖုန်းလုံးဝမသုံးပါနဲ့။ ဘာကိစ္စသေးသေးမွှားလေးတွေကိုမှ ထမလုပ်ပဲ အချိန်နာရီ ဝက်လုံးလုံး စာကိုပဲကြည့်နေဖို့လိုပါတယ်။

Read More >>> "စာေမးပြဲေျဖခါနီး စိတ္ဖိစီးမႈမ်ားတတ္သူေတြအတြက္ လုိက္နာရမယ့္အခ်က္(၅)ခ်က္"

(၄) အနားယူပါ
စာကျက်တဲ့ အချိန် နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောကါယူပြီးတာနဲ့ ၅ မိနစ် ၁၀ မိနစ်လောက်အနားယူဖို့လိုပါတယ်။ အနားယူတဲ့အချိန်မှာ စိတ်အပန်းဖြေတဲ့အရာမျိုးကို ပြုလုပ်ပါ။ ဥပမာ မုန့်စားတာပဲဖြစ်ဖြစ်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး အနားယူပါ။


(၅) နေရာယူမှန်ကန်ပါ
စာကျက်တဲ့အခါ ကိုယ်ဘယ်နေရာနဲ့သင့်တော်လဲဆိုတာသိဖို့လိုပါသေးတယ်။ သိပ္ပံ ပညာရှင်တွေကတော့ စာကြည့်တဲ့ခါ စာကြည့်စားပွဲ ပေါ်မှာ ကြည့်ကြဖို့ပြောကြားထားကြပါတယ်။

အထူးသဖြင့် ကတော့ စာကြည့်တဲ့ အခါ ပန်ကာလေရတဲ့အရှေ့မှာ မကျက်ဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပန်ကာလေဟာ လူကိုအိပ်ချင်စိတ်ဖြစ်ပေါ်စေလို့ပဲဖြစ်ပါတယ်။


(၆) note မှတ်ပါ
စာတစ်ပိုဒ် ကျက်တဲ့အခါ အဲ့ဒီစာပိုဒ်မှာ ပါတဲ့ အဓိကအကြောင်းအရာကို note လေးတွေထုတ်၊ မျဉ်းကြောင်းလေးတွေတားပြီး စာကြည့်ခြင်းအားဖြင့် ပိုမှတ်မိလွယ်ပြီး စာမြန်မြန်ရစေပါတယ်။

Read More >>> "အဂၤလိပ္စာေလ့လာေနသူေတြအတြက္ ဖုန္းမွာ ထည့္ထားသင့္တဲ့ application မ်ား"

 

sayar.com.mm

Read times Last modified on Tuesday, 07 January 2020 12:01
Rate this articles
(2 votes)