×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Saturday, 07 September 2019

"တကၠသုိလ္ေက်ာင္းသားမ်ား စာလုပ္ဖို႔ အပ်င္းထူတဲ့ေရာဂါကို ေျဖရွင္းဖို ့နည္းလမ္း (၅) ခု"

"တကၠသုိလ္ေက်ာင္းသားမ်ား စာလုပ္ဖို႔ အပ်င္းထူတဲ့ေရာဂါကို ေျဖရွင္းဖို ့နည္းလမ္း (၅) ခု" freepick

ဆိုၾကပါစို႔ ကိုယ္မရဆံုးဘာသာရပ္ မနက္ျဖန္ေျဖရမယ္၊ စာမက်က္ရေသးဘူး၊ ဖတ္စာအုပ္ေတာင္ လွန္မၾကည့္ရေသးဘူး၊ စာေမးပြဲရွိတယ္ဆိုတာေတာင္ ခုေလးတင္ သတိရတယ္။

“ သြားျပီ ” ဆိုတ့ဲအေတြး ခ်က္ခ်င္းဝင္လာတယ္။ လုပ္စရာေတြမ်ားၿပီး အခ်ိန္နည္းနည္းပဲ က်န္ေတာ့တယ္။ ဒါမ်ဳိးေတြကို အခ်ိန္ဆြဲလြန္းတ့ဲ တကၠသိုလ္ေက်ာင္းသားေတြ ေတာ္ေတာ္မ်ားမ်ား ႀကံဳဖူးၾကပါတယ္။


ဒီနည္းလမ္း (၅) ခုကေတာ့ စာေမးပြဲေျဖမယ့္ညကို ေက်ာ္ျဖတ္၊ Test ကိုလည္း အျပတ္အသတ္ပိုင္ေအာင္ေျဖ၊ ၿပီးေတာ့ ေရွ႕ေလၽွာက္လည္း စာက်က္မွတ္မႈ အက်င့္ေကာင္းေလးေတြ ေမြးျမဴၾကဖို႕ ေဝမၽွေပးထားတာပဲ ျဖစ္ပါတယ္။


၁။ “ … ရင္ ဘယ္လိုလုပ္မလဲ ” ဆိုတ့ဲအေတြးေတြနဲ႔ အခ်ိန္မျဖဳန္းပါနဲ႔

ျဖစ္ပ်က္ခ့ဲတာေတြကို ဘာမွျပန္လုပ္လို႔ မရေတာ့ပါဘူး။ ကိုယ့္ဘက္က အတတ္ႏိုင္ဆံုး အခ်ိန္ေတြဆြဲခ့ဲၿပီးၿပီေလ၊ ဒါကို လက္ခံၿပီး Test အတြက္ စတင္ျပင္ဆင္ပါ။

ေရွ႕အပတ္ကသာ ဆရာမေျပာသလို စာစက်က္လိုက္ရင္ေကာင္းသားဆိုၿပီး စိတ္ပူေနတာေတြက ဘာမွထူးမလာပါဘူး။


ကိုယ့္ရဲ႕တစ္ညတာ တန္ဖိုးရွိတ့ဲအခ်ိန္နဲ႔ အင္အားေတြကိုပါ ထပ္ျဖဳန္းလုိက္သလို ျဖစ္သြားပါလိမ့္မယ္။ အခုအခ်ိန္မွာ အလုပ္သင့္ဆံုးအရက စိတ္ကိုၿငိမ္ၿငိမ္ထားၿပီး အရာရာကို စာထဲမွာပဲ အာရံုစူးစိုက္ထားရမွာပဲ ျဖစ္ပါတယ္။


၂။ စိတ္ျပန္႕လြင့္မႈ မရွိေစနဲ႔

ခုေခတ္ ဆယ္ေက်ာ္သက္ေလးေတြမွာ ျဖစ္ပြားေနတ့ဲ စိတ္ျပန္႕လြင့္မႈကပ္ေရာဂါေတြျဖစ္တ့ဲ Messenger ၊ Viber ၊ Snapchat ၊ YouTube အားလံုးအတြက္ အႀကံတစ္ခုပဲ ေပးပါရေစ၊ ခုခံတြန္းလွန္ပါ။

ကိုယ့္ Instagram Story က ေနာက္မွတင္လည္းရတယ္။ Facebook လည္း မနက္ျဖန္အထိ ရွိေနဦးမွာပါ။


ၿပီးေတာ့ “ စာေတြ အသားကုန္က်က္ ” ဆိုၿပီး ဓာတ္ပံုနဲ႔တကြ လိုင္းမွာမတင္လည္း သူငယ္ခ်င္းေတြက ခြင့္လႊတ္ပါတယ္။ ဒါေပမယ့္ အ့ဲလိုတင္ခ်င္စိတ္ေတြ အရမ္းကို ျပင္းျပေနတယ္ဆိုရင္ေတာ့ ဖုန္း၊ တက္ဘလက္ကို ပါဝါပိတ္ၿပီး တျခားအခန္းမွာ သြားထားလိုက္ပါ။


နည္းပညာက ကၽြန္ေတာ္တို႕စိတ္ကို ဖမ္းစားပါတယ္၊ ကၽြန္ေတာ္တို႕ မသိခင္မွာပဲ နာရီဝက္ေလာက္က အသာေလးကုန္သြားတာပါ။ ဒီေတာ့ စည္းကမ္းေလးထားျပီး စိတ္ျပန္႕လြင့္ခ်င္စိတ္ေတြကို ခုခံတြန္းလွန္ပါ။

Recommended For You >>> “English Language ေလ့လာေနတဲ့သူတိုင္း ၾကည့္သင့္တဲ့ ရုပ္ရွင္ (၁၀) ကား"

 


၃။ ကိုယ့္ခြန္အားကို အေရးႀကီးတာေတြအတြက္ ဦးစားေပးပါ

ကိုယ့္ခြန္အားေတြကို Broad Concepts ေတြအတြက္ အရင္ဦးစားေပးပါ၊ ျပီးေတာ့မွ အ့ဲဒီ Framework ကိုသံုးျပီး သူနဲ႕သက္ဆိုင္တ့ဲ အေသးစိတ္အခ်က္အလက္ေတြကို ထပ္ေပါင္းထည့္ပါ။

ဒီလိုစာက်က္နည္းကေတာ့ အေတြ႕အၾကံဳမ်ားေလ ပိုလြယ္ေလျဖစ္ပါတယ္၊ အ့ဲဒီေတာ့ အခုခ်ိန္မွာ အခက္အခဲေတြရွိေနရင္ စိတ္မပူပါနဲ႔။


အရင္က ဆရာမေပးခ့ဲတ့ဲ Tests ေတြကို ျပန္ေလ့လာဆန္းစစ္ၾကည့္ပါ၊ ၿပီးရင္ ေက်ာင္းသားေတြအတြက္ ဘယ္ဟာက ပိုလိုအပ္လဲ၊ ဘာေတြ ပိုသိေစ တတ္ေစခ်င္လဲဆိုတာကို သူတို႕ေနရာကေန ေတြးၾကည့္ပါ။


ကိုယ့္ဆရာမက Essay-based Tests ေတြကို သေဘာက်ေနတ့ဲအခ်ိန္မွာ အေနာ္ရထာမင္းနန္းတက္ခ့ဲတ့ဲ ခုႏွစ္၊ သကၠရာဇ္ေတြကို အေသးစိတ္ လိုက္က်က္ၿပီး အခ်ိန္ျဖဳန္းတာကေတာ့ ကိုယ္မလုပ္သင့္ဆံုးပဲ ျဖစ္ပါလိမ့္မယ္။ အဲဒီေတာ့ သက္ဆိုင္တ့ဲ အရာေတြကို ပိုအသားေပးၿပီး သူနဲ႕ပတ္သက္တ့ဲ အိုင္ဒီယာနဲ႕ အေၾကာင္းအရာေတြကို အခ်ိန္အမ်ားဆံုးေပးျပီး က်က္မွတ္ပါ။

 


၄။ အိပ္ရာဝင္ပါ

ညဥ့္နက္တ့ဲထိ စာက်က္ေပမယ့္ စာမရတ့ဲအခ်ိန္မ်ဳိးေတြ ရွိတတ္ပါတယ္၊ ဒီအခ်ိန္မ်ဳိး ႀကံဳလာရတယ္ဆိုရင္ေတာ့ ေကာင္းေကာင္းအိပ္စက္လိုက္တာက ကိုယ့္အတြက္ ပိုေကာင္းပါတယ္။

ဘယ္ေလာက္အိပ္မွ အိပ္ေရးဝတယ္ဆိုတာကေတာ့ လူတစ္ေယာက္နဲ႕တစ္ေယာက္ မတူၾကပါဘူး။ ကၽြန္ေတာ္ကေတာ့ ေနာက္ေန႕မနက္မွာ လန္းလန္းဆန္းဆန္း ႏိုးထဖို႕အတြက္ ပ်မ္းမၽွ ၆ နာရီ ၇ နာရီေလာက္ အိပ္ခ်ိန္လိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဆယ္ေက်ာ္သက္ေတြ၊ အထူးသျဖင့္ ပထမႏွစ္ ေက်ာင္းသားေလးေတြအတြက္ကေတာ့ ဒီထက္ပိုလိုမွာေပါ့။ ဒီေတာ့ အိပ္သာအိပ္ပါ။


ဟုတ္တယ္ေလ မနက္က်ရင္ပဲ ေျဖရေတာ့မယ္ဆိုေတာ့ ေကာင္းေကာင္းအိပ္စက္ၿပီး ကိုယ္က်က္ခ့ဲသမၽွစာေတြ ( ၿပီးေတာ့ ကိုယ္မက်က္ထားတ့ဲစာေတြကိုလည္း ေၾကာင္းက်ဳိးဆက္စပ္ၿပီး ရႊီးတတ္ျခင္း) အားလံုးကိုျပန္မွတ္မိတာက တစ္ညလံုး ရွိသမၽွစာေတြ ျပြတ္သိပ္က်က္မွတ္ျပီး စာေမးပြဲခန္းထဲမွာ အားလံုးေမ့သြားတာထက္ ပိုေကာင္းပါတယ္။

 


၅။ ဒီလို ေနာက္တစ္ခါ ျပန္မလုပ္ပါနဲ႔

ေျဖမယ့္ညမွ စာအသားကုန္က်က္ရတာ ဘယ္ေလာက္ထိ ပင္ပန္းခက္ခဲတယ္ဆိုတာ သိရဲ႕သားနဲ႕ အ့ဲလိုပဲ ျပန္လုပ္ျဖစ္တာေလာက္ ဆိုးရြားတာမရွိေတာ့ပါဘူး။

ဒီေတာ့ စိတ္ပင္ပန္းမႈေတြ လတ္လတ္ဆတ္ဆတ္ ရွိေနတုန္းမွာ ေနာက္တစ္ခါ အခ်ိန္မဆြဲဖို႕ ကိုယ့္ကိုယ္ကို အခုပဲ ကတိျပဳလိုက္ပါ။


တကယ္လုပ္ရတာထက္ ေျပာတာကပိုလြယ္ပါတယ္။ ကၽြန္ေတာ္တို႕က ေျခာက္ပစ္ကင္းသဲလဲစင္ေတြ မဟုတ္ၾကတ့ဲအတြက္ မၾကာခဏဆိုသလို Assignment ေတြကို ေန႕ေရႊ႕ညေရႊ႕ လုပ္မိၾကဦးမွာပါပဲ။

ဒါေပမယ့္ ကၽြန္ေတာ္တို႕ကိုယ္ကၽြန္ေတာ္တုိ႔ ဒီလိုမေကာင္းတ့ဲ အေျခအေနေတြကို ေရွာင္ပါ့မယ္လို႔ ကတိကဝတ္ျပဳထားတ့ဲအတြက္ စာက်က္မွတ္မႈ အေလ့အက်င့္ေကာင္းေလးေတြ ေမြးျမဴျဖစ္သြားျပီး ေရာဂါလကၡဏာ (Test မတိုင္ခင္ စိုးရိမ္ေနျခင္း) ေတြကိုသာမက တကယ့္ျပသနာ (အခ်ိန္ဆြဲျခင္း) ကိုပါ တိုက္ရိုက္ကူညီ ေျဖရွင္းႏုိင္မွာပဲ ျဖစ္ပါတယ္။

Recommended For You >>> "အသက္၂၀အရြယ္မွာ ေလ့လာလုိက္စားသင့္သည့္ အေကာင္းဆုံးအရာမ်ား"

 

>>> Unicode ဖြင့်ဖတ်ရန် <<<

ဆိုကြပါစို့ ကိုယ်မရဆုံးဘာသာရပ် မနက်ဖြန်ဖြေရမယ်၊ စာမကျက်ရသေးဘူး၊ ဖတ်စာအုပ်တောင် လှန်မကြည့်ရသေးဘူး၊ စာမေးပွဲရှိတယ်ဆိုတာတောင် ခုလေးတင် သတိရတယ်။

“ သွားပြီ ” ဆိုတဲ့အတွေး ချက်ချင်းဝင်လာတယ်။ လုပ်စရာတွေများပြီး အချိန်နည်းနည်းပဲ ကျန်တော့တယ်။ ဒါမျိုးတွေကို အချိန်ဆွဲလွန်းတဲ့ တက္ကသိုလ်ကျောင်းသားတွေ တော်တော်များများ ကြုံဖူးကြပါတယ်။


ဒီနည်းလမ်း (၅) ခုကတော့ စာမေးပွဲဖြေမယ့်ညကို ကျော်ဖြတ်၊ Test ကိုလည်း အပြတ်အသတ်ပိုင်အောင်ဖြေ၊ ပြီးတော့ ရှေ့လျှောက်လည်း စာကျက်မှတ်မှု အကျင့်ကောင်းလေးတွေ မွေးမြူကြဖို့ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။


၁။ “ … ရင် ဘယ်လိုလုပ်မလဲ ” ဆိုတဲ့အတွေးတွေနဲ့ အချိန်မဖြုန်းပါနဲ့

ဖြစ်ပျက်ခဲ့တာတွေကို ဘာမှပြန်လုပ်လို့ မရတော့ပါဘူး။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အချိန်တွေဆွဲခဲ့ပြီးပြီလေ၊ ဒါကို လက်ခံပြီး Test အတွက် စတင်ပြင်ဆင်ပါ။

ရှေ့အပတ်ကသာ ဆရာမပြောသလို စာစကျက်လိုက်ရင်ကောင်းသားဆိုပြီး စိတ်ပူနေတာတွေက ဘာမှထူးမလာပါဘူး။


ကိုယ့်ရဲ့တစ်ညတာ တန်ဖိုးရှိတဲ့အချိန်နဲ့ အင်အားတွေကိုပါ ထပ်ဖြုန်းလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ အခုအချိန်မှာ အလုပ်သင့်ဆုံးအရက စိတ်ကိုငြိမ်ငြိမ်ထားပြီး အရာရာကို စာထဲမှာပဲ အာရုံစူးစိုက်ထားရမှာပဲ ဖြစ်ပါတယ်။


၂။ စိတ်ပြန့်လွင့်မှု မရှိစေနဲ့

ခုခေတ် ဆယ်ကျော်သက်လေးတွေမှာ ဖြစ်ပွားနေတဲ့ စိတ်ပြန့်လွင့်မှုကပ်ရောဂါတွေဖြစ်တဲ့ Messenger ၊ Viber ၊ Snapchat ၊ YouTube အားလုံးအတွက် အကြံတစ်ခုပဲ ပေးပါရစေ၊ ခုခံတွန်းလှန်ပါ။

ကိုယ့် Instagram Story က နောက်မှတင်လည်းရတယ်။ Facebook လည်း မနက်ဖြန်အထိ ရှိနေဦးမှာပါ။


ပြီးတော့ “ စာတွေ အသားကုန်ကျက် ” ဆိုပြီး ဓာတ်ပုံနဲ့တကွ လိုင်းမှာမတင်လည်း သူငယ်ချင်းတွေက ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် အဲ့လိုတင်ချင်စိတ်တွေ အရမ်းကို ပြင်းပြနေတယ်ဆိုရင်တော့ ဖုန်း၊ တက်ဘလက်ကို ပါဝါပိတ်ပြီး တခြားအခန်းမှာ သွားထားလိုက်ပါ။


နည်းပညာက ကျွန်တော်တို့စိတ်ကို ဖမ်းစားပါတယ်၊ ကျွန်တော်တို့ မသိခင်မှာပဲ နာရီဝက်လောက်က အသာလေးကုန်သွားတာပါ။ ဒီတော့ စည်းကမ်းလေးထားပြီး စိတ်ပြန့်လွင့်ချင်စိတ်တွေကို ခုခံတွန်းလှန်ပါ။

Recommended For You >>> “English Language လေ့လာနေတဲ့သူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် (၁၀) ကား"


၃။ ကိုယ့်ခွန်အားကို အရေးကြီးတာတွေအတွက် ဦးစားပေးပါ

ကိုယ့်ခွန်အားတွေကို Broad Concepts တွေအတွက် အရင်ဦးစားပေးပါ၊ ပြီးတော့မှ အဲ့ဒီ Framework ကိုသုံးပြီး သူနဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်ပေါင်းထည့်ပါ။

ဒီလိုစာကျက်နည်းကတော့ အတွေ့အကြုံများလေ ပိုလွယ်လေဖြစ်ပါတယ်၊ အဲ့ဒီတော့ အခုချိန်မှာ အခက်အခဲတွေရှိနေရင် စိတ်မပူပါနဲ့။


အရင်က ဆရာမပေးခဲ့တဲ့ Tests တွေကို ပြန်လေ့လာဆန်းစစ်ကြည့်ပါ၊ ပြီးရင် ကျောင်းသားတွေအတွက် ဘယ်ဟာက ပိုလိုအပ်လဲ၊ ဘာတွေ ပိုသိစေ တတ်စေချင်လဲဆိုတာကို သူတို့နေရာကနေ တွေးကြည့်ပါ။


ကိုယ့်ဆရာမက Essay-based Tests တွေကို သဘောကျနေတဲ့အချိန်မှာ အနော်ရထာမင်းနန်းတက်ခဲ့တဲ့ ခုနှစ်၊ သက္ကရာဇ်တွေကို အသေးစိတ် လိုက်ကျက်ပြီး အချိန်ဖြုန်းတာကတော့ ကိုယ်မလုပ်သင့်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ သက်ဆိုင်တဲ့ အရာတွေကို ပိုအသားပေးပြီး သူနဲ့ပတ်သက်တဲ့ အိုင်ဒီယာနဲ့ အကြောင်းအရာတွေကို အချိန်အများဆုံးပေးပြီး ကျက်မှတ်ပါ။


၄။ အိပ်ရာဝင်ပါ

ညဉ့်နက်တဲ့ထိ စာကျက်ပေမယ့် စာမရတဲ့အချိန်မျိုးတွေ ရှိတတ်ပါတယ်၊ ဒီအချိန်မျိုး ကြုံလာရတယ်ဆိုရင်တော့ ကောင်းကောင်းအိပ်စက်လိုက်တာက ကိုယ့်အတွက် ပိုကောင်းပါတယ်။

ဘယ်လောက်အိပ်မှ အိပ်ရေးဝတယ်ဆိုတာကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ကျွန်တော်ကတော့ နောက်နေ့မနက်မှာ လန်းလန်းဆန်းဆန်း နိုးထဖို့အတွက် ပျမ်းမျှ ၆ နာရီ ၇ နာရီလောက် အိပ်ချိန်လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်ကျော်သက်တွေ၊ အထူးသဖြင့် ပထမနှစ် ကျောင်းသားလေးတွေအတွက်ကတော့ ဒီထက်ပိုလိုမှာပေါ့။ ဒီတော့ အိပ်သာအိပ်ပါ။


ဟုတ်တယ်လေ မနက်ကျရင်ပဲ ဖြေရတော့မယ်ဆိုတော့ ကောင်းကောင်းအိပ်စက်ပြီး ကိုယ်ကျက်ခဲ့သမျှစာတွေ ( ပြီးတော့ ကိုယ်မကျက်ထားတဲ့စာတွေကိုလည်း ကြောင်းကျိုးဆက်စပ်ပြီး ရွှီးတတ်ခြင်း) အားလုံးကိုပြန်မှတ်မိတာက တစ်ညလုံး ရှိသမျှစာတွေ ပြွတ်သိပ်ကျက်မှတ်ပြီး စာမေးပွဲခန်းထဲမှာ အားလုံးမေ့သွားတာထက် ပိုကောင်းပါတယ်။


၅။ ဒီလို နောက်တစ်ခါ ပြန်မလုပ်ပါနဲ့

ဖြေမယ့်ညမှ စာအသားကုန်ကျက်ရတာ ဘယ်လောက်ထိ ပင်ပန်းခက်ခဲတယ်ဆိုတာ သိရဲ့သားနဲ့ အဲ့လိုပဲ ပြန်လုပ်ဖြစ်တာလောက် ဆိုးရွားတာမရှိတော့ပါဘူး။

ဒီတော့ စိတ်ပင်ပန်းမှုတွေ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းမှာ နောက်တစ်ခါ အချိန်မဆွဲဖို့ ကိုယ့်ကိုယ်ကို အခုပဲ ကတိပြုလိုက်ပါ။


တကယ်လုပ်ရတာထက် ပြောတာကပိုလွယ်ပါတယ်။ ကျွန်တော်တို့က ခြောက်ပစ်ကင်းသဲလဲစင်တွေ မဟုတ်ကြတဲ့အတွက် မကြာခဏဆိုသလို Assignment တွေကို နေ့ရွှေ့ညရွှေ့ လုပ်မိကြဦးမှာပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဒီလိုမကောင်းတဲ့ အခြေအနေတွေကို ရှောင်ပါ့မယ်လို့ ကတိကဝတ်ပြုထားတဲ့အတွက် စာကျက်မှတ်မှု အလေ့အကျင့်ကောင်းလေးတွေ မွေးမြူဖြစ်သွားပြီး ရောဂါလက္ခဏာ (Test မတိုင်ခင် စိုးရိမ်နေခြင်း) တွေကိုသာမက တကယ့်ပြသနာ (အချိန်ဆွဲခြင်း) ကိုပါ တိုက်ရိုက်ကူညီ ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Recommended FOr You >>> "အသက်၂၀အရွယ်မှာ လေ့လာလိုက်စားသင့်သည့် အကောင်းဆုံးအရာများ"

 

sayar.com.mm

 

Read times Last modified on Tuesday, 07 January 2020 12:04
Rate this articles
(0 votes)