×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 17 August 2017

တက္ကသိုလ်မေဂျာမှားယွင်းရွေးချယ်မိခြင်းက သင့်ရဲ့ အသက်မွေးလမ်းကြောင်းအလုပ် (career) ကို ထိခိုက်စေနိုင်လား

တက္ကသိုလ်မေဂျာမှားယွင်းရွေးချယ်မိခြင်းက သင့်ရဲ့ အသက်မွေးလမ်းကြောင်းအလုပ် (career) ကို ထိခိုက်စေနိုင်လား google.com

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး တက္ကသိုလ်ရွေးဖို့စဉ်းစားနေတဲ့ ညီလေး ညီမလေးတွေအတွက် ရည်ရွယ်ပြီးရေးထားပေးတာပါ။ အခုချိန်ဆိုရင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကျောင်းသားတွေလည်း

တက္ကသိုလ်တက်ရတော့မယ် ဆိုပြီး စိတ်လှုပ်ရှားနေမှာပေါ့။

တက္ကသိုလ်ရွေးချယ်တဲ့အခါမှာ ကိုယ်ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ကိုယ့်ရွေးချယ်မှုက ထပ်တူကျနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုထပ်တူကျနိုင်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ဝါသနာနဲ့ ကိုယ်ဘာကို စိတ်ဝင်စားလဲဆိုတာ သေချာသိဖို့ လိုပါတယ်။

ညီလေး ညီမလေးတို့က အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားတယ်.. အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တယ်ဆိုပါတော့.. အင်ဂျင်နီယာနယ်ပယ်ဟာ ကျယ်ပြန့်လွန်းပါတယ်။ လူတော်တော်များများက အင်ဂျင်နီယာဆိုလိုက်တာနဲ့ အိမ်ဆောက်မယ် လမ်းတံတားဆောက်မယ် ဒီလိုမျိုး civil engineer တွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။

Mechanical engineer, Electrical power engineer, IT, Mining, Petrol, Electronic အစရှိသဖြင့် အင်ဂျင်နီယာလမ်းကြောင်းမှာ ရွေးချယ်စရာ အများကြီးရှိပါတယ်။ ကိုယ်အမှန်တကယ် စိတ်ဝင်စားတာက ဘာလဲဆိုတာ သေချာသိဖို့လိုပါတယ်။ ဒါမှ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ဆောင်နိုင်မှာပါ။

ဒီနေရာမှာ မေးစရာတွေရှိလာမှာပေါ့။ ကျောင်းမှမတက်ရသေးတာ ဘယ်ဘာသာက ဘာလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ။ စိတ်မပူပါနဲ့ အခုက IT ခေတ်ဆိုတဲ့အတိုင်း သိချင်သမျှကို အွန်လိုင်းပေါ်တွင် ရှာလို့ရပါတယ်။ google မှာလည်း လေ့လာလို့ရပါတယ်။ သင့်ရဲ့ ဆရာတွေ နည်းပညာတက္ကသိုလ်မှာ ပညာသင်နေတဲ့ စီနီယာ တွေကို မေးမြန်းနိုင်ပါတယ်။

ညီလေး ညီမလေးတို့က အမှတ်တွေအများကြီးနဲ့ အောင်ထားတယ့်တဲ့အတွက်ကြောင့် ကိုယ်တကယ် ဝါသနာပါတဲ့ တက္ကသိုလ်ကိုရွေးချယ်မယ့်အစား အမှတ်ကို နှမြောပြီးတော့ ဒီအမှတ်နဲ့ကိုက်ညီတဲ့ တက္ကသိုလ်ကို ရွေးချယ်မယ်ဆိုရင်တော့ ဒါဟာမှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ပါဘူး။ သေချာစဉ်းစားပါ။

READ -သင့်ဘဝရဲ့ အဘိဓာန်ထဲမှာ ရှုံးနိမ့်မှုဆိုတဲ့ စကားလုံးကို ရေးထိုးမိအောင် တွန်းအားပေးနေတာတွေက!!!

သင်က ငယ်ငယ်ထဲက ပေါင်းသင်းဆက်ဆံရေးကောင်းပြီး သံတမန် ဖြစ်ချင်တဲ့စိတ်ကူးအိမ်မက်ကို ပိုင်ဆိုင်ထားပေမယ့် အမှတ်များလို့ဆိုပြီး သင့်အိမ်မက်နဲ့ကိုက်ညီတဲ့မေဂျာ IR (International Relationship) ကို မရွေးချယ်ပဲ အခြားအမှတ်မြင့်တဲ့ကျောင်းကို ရွေးချယ်လိုက်ခြင်းက သင့်ဆီမှာရှိနေတဲ့ ပင်ကိုထူးချွန်တဲ့ အရည်အသွေးတစ်ခုကို ချိုးနှိမ်ရာရောက်စေမှာပါ။

တက္ကသိုလ်တစ်ခုကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ ကိုယ်စိတ်ဝင်စားတာပဲဖြစ်ဖြစ် စိတ်မဝင်စားတာပဲဖြစ်ဖြစ် ဘာသာရပ်တစ်ခုကို ခြောက်နှစ် ခုနစ်နှစ်နီးပါး သင်ရမှာပါ..အချိန်တွေ ငွေကြေးတွေ အများကြီး ရင်းနှီးမြှုပ်နှံလိုက်ရမှာပါ။ ဒီလိုရင်းနှီးမြှုပ်နှံပြီး သင်လိုချင်တဲ့ career life တစ်ခုကို မပိုင်ဆိုင်နိုင်ခဲ့ဘူးဆိုရင် သင်စိတ်ဓာတ်ကျစရာအချိန်တွေကို တွေ့ကြုံရင်ဆိုင်ရဖွယ် ရှိပါတယ်။

အမှတ်ကြောင့် ကိုယ်တက်ချင်တဲ့တက္ကသိုလ်ကို တက်ရောက်ခွင့်မရလို့ဆိုပြီး စိတ်ဓာတ်ကျစရာ၊ သိမ်ငယ် စရာ၊ ရှက်ရွံ့စရာ မလိုပါဘူး။ မြန်မာနိုင်ငံရဲ့ ပညာရေးအရသာ တက္ကသိုလ်တွေက အမှတ် အနိမ့်အမြင့် ကွာသွားတာပါ။ တက္ကသိုလ်ဆိုတာကလည်း ညီတို့ ညီမတို့သွားချင်တဲ့ ဖြစ်ချင်တဲ့ career လမ်းကြောင်း ပေါ်ကို အပြည့်အဝလျှောက်လှမ်း နိုင်အောင်လုပ်ဆောင်မပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှု၊ လေ့လာမှုတို့အပေါ်မှာလည်း မူတည်ပါသေးတယ်။

အမှတ်ကြောင့် မတတ်သာတဲ့ အခြေအနေတစ်ခုကြောင့် ရွေးချယ်ခဲ့ရတယ်ဆိုရင် သင့်မှာ ဒုတိယအစီအစဉ် ဆွဲထားဖို့လိုအပ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ professional အလုပ်ကိုရဖို့အတွက် သင်တန်းတွေတက်မယ် ဘယ်လိုလေ့လာမှုလေးတွေလုပ်မယ် ဆိုတာမျိုးပေါ့..ဒါဆိုရင် ကျောင်းပြီးတာနဲ့ ကိုယ်လျှောက်လှမ်းချင်တဲ့ လမ်းကြောင်း တစ်ခုပေါ်ကို အဆင်သင့်တက်လှမ်းနိုင်ပါပြီ။

နောက်ဆုံးတစ်ချက်အနေနဲ့ အကြံဥာဏ်ပေးချင်တာက သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို ကိုယ့်ရဲ့ပျော်ရွှင်မှု စတေးခံနိုင်မလား။ ဆိုလိုချင်တာက ညီတို့ ညီမတို့ အနားမှာ မိဘ မောင်နှမ ဆွေမျိုး သူငယ်ချင်းတွေက တစ်ချိန်လုံးရှိနေနိုင်မှာမဟုတ်ပါဘူး။ အချိန်တန်ရင် ကိုယ့်ဘဝကိုယ်တာဝန်ယူပြီး လျှောက်လှမ်းရမှာပါ။ အဲ့လိုလျှောက်လှမ်းတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ပြီး အကောင်းဆုံးစိတ်ဓာတ်ခွန်အား နဲ့ အောင်မြင်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ sayar.com.mm မှ ဆုတောင်းပေးလိုက်ပါတယ်။

Read times Last modified on Monday, 30 December 2019 14:16
Rate this articles
(3 votes)