×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 16 October 2019

အခ်ိန္ တစ္ပတ္ေလာက္ နဲ႕ စာေတြပို္င္ေအာင္ ဘယ္လိုက်က္မလဲ?

အခ်ိန္ တစ္ပတ္ေလာက္ နဲ႕ စာေတြပို္င္ေအာင္ ဘယ္လိုက်က္မလဲ? google.com

ZAWGYI

စာေမးပြဲကလည္း နီးသထက္နီးလာျပီ ။ ကိုယ့္သူငယ္ခ်င္း hyper ေတြကေတာ႕ စာေတြ ပိုင္ျပီး revision ျပန္ေနျကျပီ။

ကို္ယ့္မွာ ခုမွ စတုန္း ခုမွ စေတာ့မယ္လို႕ ျကံတုန္းရွိတဲ႕သူေတြ ဒီထက္လည္္း အေျခေနမေကာင္းျဖစ္ေနတဲ႕ေက်ာင္းသူ ေက်ာင္းသားေတြ ဘယ္လိုနည္းနဲ႕ စာက်က္ဖို႔ ျပင္ဆင္မလဲ ? မျဖစ္မေန လုပ္သင့္တဲ႕ study tips ေလးေတြ မ်ွေ၀ေပးလိုက္ပါတယ္ေနာ္…

 

၁. က်က္ရမယ့္ စာေတြ အကုန္စုပါ။ Note ထုတ္ပါ ။

စာေမးပြဲေျဖရေတာ့ပါမယ္ ဆိုမွ စာေတြ မရွိေနလို႔ မျဖစ္ဖူးေလ စာေတြ လိုက္ေမးရမယ္ ၊ မိတၱဴေတြ ဆြဲစရာ ရွိတာဆြဲလိုက္ေတာ့ ။

အေရးျကီးဆံုးက ဘယ္ဘာသာမွာ ဘာလုပ္ရမယ္ဆုိတာ Note ေလးနဲ႕ ကိုယ္တိုင္ ေခါင္းစဥ္ေလးေတြ ေရးျပီး သီးသန္႕ မွတ္ထားလိုက္ပါ။ ဥပမာ english စာဆို Grammar ေတြ ခ်ေရးမယ္။

က်က္စာေတြဆို ေခါင္းစဥ္ေတြခ်ေရးျပီး တြက္စာေတြဆိုရင္ ပံုေသနည္းေတြ အရင္ခ်ေရးပါ။

 

၂. Plan ဆြဲပါ။ Schedule လုပ္ပါ။

အဓိကက ရက္ပိုင္းအနည္းငယ္အတြင္းမွာ ကိုယ္ဘယ္ဘာသာေတြ အျပီးျဖတ္နိင္မလဲဆိုတာ ျကိဳတင္ျပီး စီစဥ္ဖို႕ လိုအပ္ပါလိမ့္မယ္ ။

စာေတြ ဘယ္ေလာက္မ်ားလဲ ကိုယ္ဒီရက္မွာ ဘယ္အခန္းကို တြက္နိုင္မလဲ ? ဘယ္နွစ္ပုဒ္ က်က္နိုင္မလဲဆိုတာ ကိုယ္႔ဘာသာ စီစဥ္ျပီး Schedule ဆြဲလိုက္ပါ။

 

၃. ဖုန္း လံုး၀မသံုးပါနဲ႕ ။

ဒီအခ်က္ကေတာ့ ကိုယ္႕စိတ္နဲ႕ ဆိုင္တယ္။ တခ်ိဳ႕ကေတာ့ ဖုန္းလံုး၀မသံုးဘဲ စာက်က္ဖို႕ လုပ္တယ္ ( မက်က္ရင္ ဘာျဖစ္မလဲ ခုမွ သိတာကိုး ) ။

တခ်ိ႕ေတြကေတာ့ ခ်င့္ခ်ိန္တယ္ စာလုပ္ျပီးမွ ဖုန္းသံုးတယ္။ ကိုယ္ဆြဲထားတဲ႕ တစ္ေန႕တာ plan ေလး ျပီးသြားျပီဆိုရင္ေတာ့ ေအးေဆး ဖုန္းသံုးလို႕ရတာေပါ့ ။

 

၄. မနက္ ေစာေစာအိပ္ရာထပါ။

စာစလုပ္ေတာ့မယ္ လို႕ ဆံုးျဖတ္ထားျပီ မလား ? သင့္ရဲ႕ ပထမေန႕ရက္ကို မနက္ ၆ ခြဲက စလို႕ အိပ္ရာထလိုက္ပါ။

မနက္ခင္း ဦးေနွာက္က ျကည္လင္ေနတဲ႔အခ်ိန္မွာ ကိုယ္အားအနည္းဆံုး ဘာသာရပ္ကို အရင္ဆံုး လုပ္လိုက္ပါ။

က်က္စာအားနည္းရင္ က်က္စာက်က္ တြက္စာအားနည္းရင္ တြက္စာကို အရင္တြက္ျကည္႔ပါ။

 

၅ . သီးသန္႕ေနရာေရြးပါ။

စာလုပ္မယ့္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ အဓိကလိုအပ္တာ စာက်က္မယ့္ေနရာပါ။ အိ္မ္မွာဆိုလည္း ဆူဆူညံညံမျဖစ္ေစမယ့္ ေနရာ၊

ဒါမွမဟုတ္ အခန္းေလးတစ္ခန္းမွာ က်က္ဖို႕လုပ္ပါ။ ကိုယ့္စာက်က္ေနခ်ိန္ အေနွာက္ယွက္မေပးနိုင္ဖို႕က အရမ္းအေရးျကီးပါတယ္။

တြက္စာတြက္မယ္ဆိုရင္ေတာ႔ နားထဲ နားျကတ္ေကာက္တတ္ျပီးေတာ့သာ စာတြက္လိုက္ပါ။ 

RECOMMENDED FOR YOU >>> "ဂ်က္မား၏ လူငယ္ဘ၀အား ေလ့လာၿခင္း"

 

၆. အာရုံစိုက္ပါ။

စာတစ္ပုဒ္ကို တြက္တာဘဲျဖစ္ျဖစ္ က်က္တာဘဲျဖစ္ျဖစ္ အခ်ိန္ဘယ္ေလာက္ျကာနိုင္မလဲ ? မိနစ္ေလးဆယ္အတြင္း Alarm ေပးထားျပီး က်က္လိုက္ပါ။

စာလုပ္ေနခ်ိန္မွာ အာရုံမပ်ံ႕ဖို႕ လိုအပ္တယ္ေနာ္။ အခ်ိန္ကို သတ္မွတ္ျပီး စာကို မွတ္နိုင္စြမ္းတိုးတတ္ေအာင္ ျကိဳးစားျကည့္ပါ။

သင္ ဦးေနွာက္မေကာင္းတာမဟုတ္ပါဖူး သင္အာရုံေတြ လြင့္ေနလို႕ တစ္ပုဒ္က်က္ရင္ တစ္ရက္ေလာက္ျကာတာပါ။

 

၇.အနားယူပါ။

တခ်ိဳ႕ေတြက စာလုပ္ျပီဆို ေခါင္းထဲ ထည့္လို႕ရသမ်ွ အကုန္ထည့္ျပီး က်ံဳးလုပ္ျကတာ ရွိတယ္။

ဒီလို စာေလ့လာတာေတြက အခုခ်ိန္ ရျပီး ေနာက္ေန႕ ေတြ ေမ့သြားနိုင္တယ္။ ပံုမွန္ ဦးေနွာက္က မွတ္နိုင္ရည္စြမ္းက သံုးနာရီေလာက္လို႕ယူဆျကတယ္ ။

ဒီ Limit သူထက္ေက်ာ္တယ္ဆိုရင္ လုပ္သမ်ွစာေတြ ေမ႕နိုင္ဖို႕ အလားလာရွိမွာပဲ။ အဲ႕ေတာ့ ခဏေလး အနားေပးလိုက္ပါ။ ကို္ယ္နွစ္သက္တဲ႕ သီခ်င္းေလးျဖစ္ျဖစ္ နားေထာင္ပါ။ relax ျဖစ္ေစပါတယ္။

 

၈. ျပန္္လည္ဆန္းစစ္ျကည္႔ပါ။

တစ္ေန႕မွာ ငါဘာေတြက်က္ျပီးျပီးလဲ တြက္ထားတာေတြ မရတာမ်ားရွိေနလား ကိုယ္႕ကိုကိုယ္ တစ္ခ်က္ စစ္ျကည့္ဖို႕ လိုပါတယ္။

တစ္ေန႔တာ လုပ္သမ်ွစာေတြကို မအိပ္ခင္ revision ျပန္ျကည့္ပါ။ မရတဲ႕စာရွိလည္း ေနာက္ေန႔သင္လုပ္ဖို႕အတြက္ မွတ္ထားေပးပါ။

 

၉. အိပ္ေရး၀၀အိပ္ပါ။

အိပ္ေရး၀၀အိပ္ဆိုတာ ည ၁ နာရီေလာက္မွ အိပ္ျပီး မနက္ ၉ ေလာက္ အိပ္ရာထ စာလုပ္တာကို ေျပာတာမဟုတ္ပါဖူး။

ညဘက္ကို ၁၂ နာရီမတိုင္ခင္ အိပ္စက္အနားယူေပးပါ။ ဒါမွ မနက္ခင္းမွာ အိပ္ေရး၀ျပီး စိတ္ျကည္လင္ေနမွာ ျဖစ္ပါတယ္။

ကဲ ဒီေလာက္ဆိုရင္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ အက်ိဳးရွိရွိ နည္းလမ္းေတြ ေပးနိုင္ျပီလို႕ထင္ပါတယ္ ။ေယာင္ေတာင္ေတာင္ ျဖစ္ေနတဲ႕ သူငယ္ခ်င္းေတြကိုလည္း မ်ွေ၀ေပးဖို႕ မေမ႔နဲ႔ေနာ္။

အဂၤလိပ္ဘာသာရပ္သင္ေပးေသာ ဆရာ၊ ဆရာမမ်ား >>>> https://bit.ly/2KoOMnD

 

UNICODE

အချိန် တစ်ပတ်လောက် နဲ့ စာတွေပိုင်အောင် ဘယ်လိုကျက်မလဲ?

စာမေးပွဲကလည်း နီးသထက်နီးလာပြီ ။ ကိုယ့်သူငယ်ချင်း hyper တွေကတော့ စာတွေ ပိုင်ပြီး revision ပြန်နေကြပြီ ။

ကိုယ့်မှာ ခုမှ စတုန်း ခုမှ စတော့မယ်လို့ ကြံတုန်းရှိတဲ့သူတွေ ဒီထက်လည်း အခြေနေမကောင်းဖြစ်နေတဲ့ကျောင်းသူ ကျောင်းသားတွေ ဘယ်လိုနည်းနဲ့ စာကျက်ဖို့ ပြင်ဆင်မလဲ ? မဖြစ်မနေ လုပ်သင့်တဲ့ study tips လေးတွေ မျှဝေပေးလိုက်ပါတယ်နော်…

 

၁. ကျက်ရမယ့် စာတွေ အကုန်စုပါ။ Note ထုတ်ပါ ။

စာမေးပွဲဖြေရတော့ပါမယ် ဆိုမှ စာတွေ မရှိနေလို့ မဖြစ်ဖူးလေ စာတွေ လိုက်မေးရမယ် ၊ မိတ္တူတွေ ဆွဲစရာ ရှိတာဆွဲလိုက်တော့ ။

အရေးကြီးဆုံးက ဘယ်ဘာသာမှာ ဘာလုပ်ရမယ်ဆိုတာ Note လေးနဲ့ ကိုယ်တိုင် ခေါင်းစဉ်လေးတွေ ရေးပြီး သီးသန့် မှတ်ထားလိုက်ပါ။ ဥပမာ english စာဆို Grammar တွေ ချရေးမယ်။

ကျက်စာတွေဆို ခေါင်းစဉ်တွေချရေးပြီး တွက်စာတွေဆိုရင် ပုံသေနည်းတွေ အရင်ချရေးပါ။

 

၂. Plan ဆွဲပါ။ Schedule လုပ်ပါ။

အဓိကက ရက်ပိုင်းအနည်းငယ်အတွင်းမှာ ကိုယ်ဘယ်ဘာသာတွေ အပြီးဖြတ်နိင်မလဲဆိုတာ ကြိုတင်ပြီး စီစဉ်ဖို့ လိုအပ်ပါလိမ့်မယ် ။

စာတွေ ဘယ်လောက်များလဲ ကိုယ်ဒီရက်မှာ ဘယ်အခန်းကို တွက်နိုင်မလဲ ? ဘယ်နှစ်ပုဒ် ကျက်နိုင်မလဲဆိုတာ ကိုယ့်ဘာသာ စီစဉ်ပြီး Schedule ဆွဲလိုက်ပါ။

 

၃. ဖုန်း လုံးဝမသုံးပါနဲ့ ။

ဒီအချက်ကတော့ ကိုယ့်စိတ်နဲ့ ဆိုင်တယ်။ တချို့ကတော့ ဖုန်းလုံးဝမသုံးဘဲ စာကျက်ဖို့ လုပ်တယ် ( မကျက်ရင် ဘာဖြစ်မလဲ ခုမှ သိတာကိုး ) ။

တချိ့တွေကတော့ ချင့်ချိန်တယ် စာလုပ်ပြီးမှ ဖုန်းသုံးတယ်။ ကိုယ်ဆွဲထားတဲ့ တစ်နေ့တာ plan လေး ပြီးသွားပြီဆိုရင်တော့ အေးဆေး ဖုန်းသုံးလို့ရတာပေါ့ ။

 

၄. မနက် စောစောအိပ်ရာထပါ။

စာစလုပ်တော့မယ် လို့ ဆုံးဖြတ်ထားပြီ မလား ? သင့်ရဲ့ ပထမနေ့ရက်ကို မနက် ၆ ခွဲက စလို့ အိပ်ရာထလိုက်ပါ။

မနက်ခင်း ဦးနှောက်က ကြည်လင်နေတဲ့အချိန်မှာ ကိုယ်အားအနည်းဆုံး ဘာသာရပ်ကို အရင်ဆုံး လုပ်လိုက်ပါ။

ကျက်စာအားနည်းရင် ကျက်စာကျက် တွက်စာအားနည်းရင် တွက်စာကို အရင်တွက်ကြည့်ပါ။

 

၅ . သီးသန့်နေရာရွေးပါ။

စာလုပ်မယ့် ကျောင်းသူကျောင်းသားတွေအတွက် အဓိကလိုအပ်တာ စာကျက်မယ့်နေရာပါ။ အိမ်မှာဆိုလည်း ဆူဆူညံညံမဖြစ်စေမယ့် နေရာ၊

ဒါမှမဟုတ် အခန်းလေးတစ်ခန်းမှာ ကျက်ဖို့လုပ်ပါ။ ကိုယ့်စာကျက်နေချိန် အနှောက်ယှက်မပေးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။

တွက်စာတွက်မယ်ဆိုရင်တော့ နားထဲ နားကြတ်ကောက်တတ်ပြီးတော့သာ စာတွက်လိုက်ပါ။

RECOMMENDED FOR YOU >>> "ဂျက်မား၏ လူငယ်ဘဝအား လေ့လာခြင်း"

 

၆. အာရုံစိုက်ပါ။

စာတစ်ပုဒ်ကို တွက်တာဘဲဖြစ်ဖြစ် ကျက်တာဘဲဖြစ်ဖြစ် အချိန်ဘယ်လောက်ကြာနိုင်မလဲ ? မိနစ်လေးဆယ်အတွင်း Alarm ပေးထားပြီး ကျက်လိုက်ပါ။

စာလုပ်နေချိန်မှာ အာရုံမပျံ့ဖို့ လိုအပ်တယ်နော်။ အချိန်ကို သတ်မှတ်ပြီး စာကို မှတ်နိုင်စွမ်းတိုးတတ်အောင် ကြိုးစားကြည့်ပါ။

သင် ဦးနှောက်မကောင်းတာမဟုတ်ပါဖူး သင်အာရုံတွေ လွင့်နေလို့ တစ်ပုဒ်ကျက်ရင် တစ်ရက်လောက်ကြာတာပါ။

 

၇.အနားယူပါ။

တချို့တွေက စာလုပ်ပြီဆို ခေါင်းထဲ ထည့်လို့ရသမျှ အကုန်ထည့်ပြီး ကျုံးလုပ်ကြတာ ရှိတယ်။

ဒီလို စာလေ့လာတာတွေက အခုချိန် ရပြီး နောက်နေ့ တွေ မေ့သွားနိုင်တယ်။ ပုံမှန် ဦးနှောက်က မှတ်နိုင်ရည်စွမ်းက သုံးနာရီလောက်လို့ယူဆကြတယ် ။

ဒီ Limit သူထက်ကျော်တယ်ဆိုရင် လုပ်သမျှစာတွေ မေ့နိုင်ဖို့ အလားလာရှိမှာပဲ။ အဲ့တော့ ခဏလေး အနားပေးလိုက်ပါ။ ကိုယ်နှစ်သက်တဲ့ သီချင်းလေးဖြစ်ဖြစ် နားထောင်ပါ။ relax ဖြစ်စေပါတယ်။

 

၈. ပြန်လည်ဆန်းစစ်ကြည့်ပါ။

တစ်နေ့မှာ ငါဘာတွေကျက်ပြီးပြီးလဲ တွက်ထားတာတွေ မရတာများရှိနေလား ကိုယ့်ကိုကိုယ် တစ်ချက် စစ်ကြည့်ဖို့ လိုပါတယ်။

တစ်နေ့တာ လုပ်သမျှစာတွေကို မအိပ်ခင် revision ပြန်ကြည့်ပါ။ မရတဲ့စာရှိလည်း နောက်နေ့သင်လုပ်ဖို့အတွက် မှတ်ထားပေးပါ။

 

၉. အိပ်ရေး၀၀အိပ်ပါ။

အိပ်ရေး၀၀အိပ်ဆိုတာ ည ၁ နာရီလောက်မှ အိပ်ပြီး မနက် ၉ လောက် အိပ်ရာထ စာလုပ်တာကို ပြောတာမဟုတ်ပါဖူး။

ညဘက်ကို ၁၂ နာရီမတိုင်ခင် အိပ်စက်အနားယူပေးပါ။ ဒါမှ မနက်ခင်းမှာ အိပ်ရေးဝပြီး စိတ်ကြည်လင်နေမှာ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် ကျောင်းသူကျောင်းသားတွေအတွက် အကျိုးရှိရှိ နည်းလမ်းတွေ ပေးနိုင်ပြီလို့ထင်ပါတယ် ။ယောင်တောင်တောင် ဖြစ်နေတဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော်။

အင်္ဂလိပ်ဘာသာရပ်သင်ပေးသော ဆရာ၊ ဆရာမများ >>>>https://bit.ly/2KoOMnD

 

 

Credit - Original Uploader

sayar.com.mm

 

Read times Last modified on Wednesday, 08 January 2020 15:55
Rate this articles
(1 Vote)