×

Warning

JUser: :_load: Unable to load user with ID: 723


Student

Monday, 21 August 2017

တက္ကသိုလ်မြေသို့ခြေချမိသည့်အခါ…

တက္ကသိုလ်မြေသို့ခြေချမိသည့်အခါ… google.com

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုအောင်မြင်သွားတာနဲ့ တက္ကသိုလ်တက်ဖို့ ပြင်ဆင်ကြရပါတယ်။ ဘာကြောင့်တက္ကသိုလ် တက်ရတာလဲလို့တွေးကြည့် မိဘူးသလား။ တက္ကသိုလ်တက် ရတယ်ဆိုတာ အကြောင်းပြချက်လိုလို့လား ပြန်မေးစရာပါ။

လိုတာပေါ့ အလုပ်တစ်ခုခုကို စတင်ပြီဆိုတာနဲ့ ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ရည်ရွယ်ချက်ကို သေချာသိဖို့လိုပါတယ်။ ဒါမှ အောင်မြင်မှု ဆိုတဲ့ ပန်းတိုင်ရောက်အောင် ကြိုးစားမှုတိုင်းကိုအားအင်အပြည့်ဖြင့် လုပ်ဆောင်နိုင်မှာပါ။

တက္ကသိုလ်တက် ကြတာက ဘွဲ့တစ်ခုခု ရဖို့၊ ပညာရေး ပြီးဆုံးဖို့၊ အလုပ်အကိုင်ကောင်းဖို့ ၊ အလုပ်ကောင်း တစ်ခုရရှိဖို့စသည် ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိတတ်ကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲ တက္ကသိုလ် တက်တက်၊ တက္ကသိုလ်တက်ရောက်တဲ့ အချိန်ကာလက လူ့ဘဝအတွက် တန်ဖိုးအရှိဆုံးအချိန်၊ အလှပဆုံးအချိန်နဲ့၊ ပညာအရဆုံး အချိန်အခါ ဖြစ်ပါတယ်။

တကယ့် အပြင်လောကကြီးနဲ့ဆက်သွယ်ဖို့ အတွက်လိုအပ်တဲ့ သက်မွေးမှုအတတ်ပညာ အသိပညာ ပေါင်းသင်းဆက်ဆံရေးစတဲ့ လိုအပ်တဲ့ အရည်အချင်းတွေ အကုန်လုံးကို သင်ကြားပေးတဲ့နေရာဆိုလည်း မမှားပါဘူး။ ဘယ်လိုအထောက်အပံ့လေးတွေရရှိနိုင်မှာလဲ...ဆွေးနွေးကြည့်ရအောင်...။

၁. တက္ကသိုလ်တက်ရောက်တဲ့အခါ ကျောင်းတက်တုန်းကသူငယ်ချင်းတွေနဲ့ အတူတူတက်ချင်မှ တက်ရမှာပါ။ အပေါင်းအသင်းအသစ် မိတ်ဆွေအသစ်တွေ အများကြီးနဲ့ ကြုံရမှာဖြစ်တဲ့အတွက် ပေါင်းသင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။

၂. တက္ကသိုလ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းကျောင်းရတော့မှာပါ။ ငယ်ငယ်ကလိုမျိုး မိဘကကျောင်းအထိလိုက်ပို့ပြီး ဂရုစိုက်ပေးနေတာမျိုးမရှိတော့ပါဘူး။ ကိုယ့်အချိန်တွေ ကိုယ်ရဲ့လုပ် ဆောင်ချက်တွေ ကိုယ်ကိုယ်တိုင်စီမံခန့်ခွဲဖို့ အခွင့်အရေးတွေ ရရှိလာပါတယ်။

READ -ဖတ်နေတာက စာ ခေါင်းထဲရောက်သွား တာကအမှိုက်

၃. အဆင့်မြင့်တဲ့ဘွဲ့တွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့သူတိုင်း အောင်မြင်မှုမြင့်မားတယ်လို့ မဆိုနိုင်ပေမယ့် ပထမဆုံးအလုပ်ရှာတဲ့အခါ ဘွဲ့လက်မှတ်က အရေးပါပါတယ်။ ဒါကြောင့်ဘွဲ့ဒီဂရီတွေကလည်း လိုအပ်ပါတယ်။

၎. တက္ကသိုလ်မှာက နယ်ပယ်အသီးသီးကလူတွေ မတူညီတဲ့အရပ်ဒေသကလာတဲ့လူတွေနဲ့ တွေ့ဆုံရတဲ့ အခါ မတူညီတဲ့ အတွေးအခေါ် အမြင်တွေအမျိုးမျိုးကို လေ့လာခွင့်ရပါတယ်။ ဗဟုသုတတွေလည်း အများကြီး ရရှိနိုင်ပါတယ်။

၅. တက္ကသိုလ်ပြီးဆုံးအောင်မြင်သွားတဲ့အခါ အမှတ်တရအဖြစ်ကျန်နေမယ့် လှပတဲ့အတိတ်တစ်ခုပဲဖြစ်ပါ တယ်။ ကျောင်းတက်တုန်းက ပျော်ခဲ့တဲ့အချိန်တွေ အတန်းလစ်ခဲ့တဲ့အချိန်တွေ စာမေးပွဲနီးလို့ စာစုလုပ်ခဲ့တဲ့ အမှတ်တရတွေ အတန်းဖော်၊ ဆရာ ဆရာမ နဲ့ ကျောင်းတော်ကြီး အားလုံးက လွမ်းစရာတွေဖြစ်နေမှာပါ။ မမေ့နိုင်တဲ့ အမှတ်တရတွေ လှပတဲ့အတိတ်ပါ။

READ -ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းရဲ့ ပျော်ရွှင်မှုကို သင်ခံစားဖူးပြီလား။

Read times Last modified on Monday, 30 December 2019 14:17
Rate this articles
(8 votes)