×

Warning

JUser: :_load: Unable to load user with ID: 674


Student

Thursday, 01 December 2016

သင်္ချာဘာသာရပ်မှာ ပိုတော်လာအောင် ဘယ်လို လေ့လာသင့်လဲ

Studying Studying Google

သင်္ချာဘာသာရပ်မှာ ပိုတော်လာအောင် ဘယ်လို လေ့လာသင့်လဲ

၁.အကူအညီတောင်းခံပါ။ အတန်းထဲမှာ ကိုယ်နားမလည်တာ ရှိရင်ဆရာ အတန်းထဲမှာမေးပါ။

၂. စာလုံးတွေက ဘာအဓိပ္ပါယ်ဆိုလိုတယ် ဆိုတာကိုသိအောင်လုပ်ထားပါ။ သင်္ချာမှာ ဘယ်လက္ခဏာ၊ ဘယ်စကားလုံးက ဘာကိုဆိုလိုတယ်ဆိုတာ နားလည်သင့်ပါတယ်။

၃. သင်ကြားတဲ့အခါ အထူးဂရုစိုက်နားထောင်ပါ။ ဖော်မြူလာတွေ၊ နည်းစနစ်တွေက သေချာအာရုံစိုက် နားထောင်မယ်ဆိုရင် သင်္ချာဘာသာက သင့်အတွက် ပိုမိုလွယ်ကူလာမှာပါ။

၎.အတန်းထဲမှာ ပူးပေါင်းပါဝင်ပါ။ ကိုယ်မသိတဲ့ မေးခွန်းတွေကို မေးပါ။ ကိုယ်ဘယ်လိုနားလည်တယ် ဆိုတာကို ဆရာကိုပြောပြပြီး၊ ဆရာကလည်း ကိုယ်ရှုပ်ထွေးနေတဲ့အပိုင်းကို ရှင်းပြမှာပါ။  မေးခွန်းမေးဖို့လည်း မကြောက်ပါနဲ့။ အိုင်းစတိုင်းလည်း မေးခွန်းမေးတာပဲ။ ဆရာကို မမေးချင်တောင်၊ ကိုယ့်ဘေးက ကျောင်းသားကို မေးလိုက်ပါ။

၅. ကူညီနိုင်တဲ့လူကို ရှာပါ။ ကိုယ်နားမလည်တဲ့အပိုင်းကို ဆရာက မကူညီနိုင်တဲ့အခါ၊ ဘယ်သူက ကူညီနိုင်လဲဆိုတာကို ဆရာ့ဆီက မေးပါ။ အတန်းတွင်းမှာ ရှင်းပြဖို့ အချိန်မရှိတဲ့အခါ၊ အတန်းပြီးရင် မေးပါ။

၆. စာတွေချရေးထားပါ။ ကိုယ်တွက်မယ့်အဆင့်တွေကို တစ်ဆင့်ချင်းရေးထားပါက စာပြန်လေ့လာတဲ့အခါ အကူအညီရနိုင်ပါတယ်။

၇. ပေးထားတဲ့ ပုစ္ဆာတွေကို အကုန်တွက်ပါ။

၈. ဆရာအမှတ်ပေးထားတဲ့ ပုစ္ဆာတွေကို ပြန်ကြည့်ပါ။ ဘယ်အပိုင်းတွေက မှားလဲဆိုတာ ပြန်လေ့လာပါ။ နားမလည်ရင် ဆရာကို ပြန်မေးပါ။

အဆိုပါအချက်တွေအပြင် သင်္ချာဘာသာရပ်နှင့် ပတ်သတ်ပြီး ဆရာများရှာဖွေလိုပါက ဒီ Link မှာနှိပ်ပြီး ရှာနိုင်ပါသည်။ 

 

Read times Last modified on Friday, 27 December 2019 15:11
Rate this articles
(6 votes)