×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 13 November 2019

"စာဘယ္ေလာက္မ်ားမ်ား အလြယ္တကူ မေမ့ရေလေအာင္"

"စာဘယ္ေလာက္မ်ားမ်ား အလြယ္တကူ မေမ့ရေလေအာင္" google.com

စာေမးပြဲနီးလာသည္ႏွင့္အမွ် စိတ္ဖိစီးမႉေတြ စိုးရိမ္လြန္ကဲမႉေတြေၾကာင့္ က်က္ၿပီးသားစာေတြေတာင္ လြယ္လြယ္နဲ႔ ေမ့သြားတတ္ပါတယ္။

ဒီေတာ့ စာေတြ ဘယ္ေလာက္ပဲမ်ားမ်ား အလြယ္တကူ မေမ့ႏိုင္မယ့္ စာက်က္နည္းေလးေတြကို မွ်ေဝခ်င္ပါတယ္။

 

(၁) စာၾကည့္ေနရာေ႐ြးခ်ယ္ျခင္း
စာၾကည့္ခုံကို အိမ္ရဲ႕ေလဝင္ေလထြက္ ေကာင္းတဲ့ေနရာ (သို႔မဟုတ္) အလင္းေရာင္ ေကာင္းစြာ ရတဲ့ေနရာမ်ိဴးမွာ ထားသင့္ပါတယ္။ ေလေကာင္းေလသန႔္ကလည္း စာက်က္တဲ့ အခ်ိန္မွာ အာ႐ုံစူးစိုက္မႉ ပိုေကာင္းေအာင္၊ ဦးေႏွာက္ကို တက္ႂကြေအာင္ လႉံ႔ ေဆာ္ေပးႏိုင္ပါတယ္။

 

(၂) ရွင္းလင္းေနရမည့္ စာၾကည့္ေနရာ
စာၾကည့္မယ့္ေနရာက ရွင္းလင္းသပ္ရပ္ေနဖို႔လည္း လိုပါတယ္။ ရႉပ္ပြေနတဲ့ စာၾကည့္စားပြဲခုံဆိုရင္ စိတ္ညစ္ညဴးစရာ ျဖစ္ေစသလို စာအေပၚ အာ႐ုံစူးစိုက္မႉ ေလ်ာ့နည္းေစပါတယ္။ တခါတေလ စာၾကည့္စားပြဲေပၚတင္ထားတဲ့ ကစားစရာ၊ အလွပစၥည္း၊ ဖုန္း စတာေတြကလည္း စာအေပၚ အာ႐ုံစူးစိုက္မႉ ပ်က္ျပားေအာင္ စြဲေဆာင္ႏိုင္တဲ့ ပစၥည္းေတြဆိုလည္း မမွားပါဘူး။ ဒါေၾကာင့္ စာၾကည့္မယ့္ ေနရာကို ရွင္းလင္းေအာင္ထားပါ။ စာအုပ္၊ ေဘာပင္၊ ခဲတံ၊ နာရီကလြဲလို႔ က်န္တာေတြ မထားသင့္ပါဘူး။

 

(၃) ကိုယ္ပိုင္ စာၾကည့္ခ်ိန္ သတ္မွတ္ထားျခင္း
ေက်ာင္းသားတိုင္းမွာ ကိုယ္ပိုင္ စာၾကည့္ခ်ိန္ ဆိုတာ ရွိသင့္ပါတယ္။ ဒါဟာလည္း အေရးႀကီးတဲ့ အခ်က္တစ္ခုပါပဲ။ ကိုယ္ပိုင္ စာၾကည့္ခ်ိန္ မွာ ကိုယ့္ရဲ႕ သီးသန႔္ အခ်ိန္ဇယားနဲ႔ စာေတြကို က်က္မွတ္ေလ့လာမယ္ဆိုရင္ေတာ့ နည္းစနစ္က်တဲ့ စာက်က္နည္း တစ္ခုျဖစ္ပါတယ္။

 

(၄) အတိုခ်ဳံ႕မွတ္သားက်က္မွတ္ျခင္း
စာက်က္ရာတြင္ က်က္ရမည့္စာမ်ားအား အဓိက အခ်က္အလက္ကို သာလွ်င္ စုစည္းထုတ္ႏႉတ္၍ အတိုခ်ဳံ႕ မွတ္သားက်က္မွတ္ျခင္းကလည္း စာေတြကို ပိုမို မွတ္မိေစပါတယ္။ တခါတေလ ဇယား ၊ ပုံကားခ်ပ္ေတြကို အလြယ္တကူ မေမ့ႏိုင္ေအာင္ ေထာက္ပံ့ေပးပါတယ္။

 

(၅) အလြတ္ခ်ေရးျခင္း
စာေတြကို အလြယ္တကူ မေမ့ေအာင္ ထပ္ကာ ထပ္ကာ ေလ့က်င့္ဖို႔ လိုအပ္သလို က်က္ၿပီးသား စာေတြကို အလြတ္ ခ်ေရးျခင္းကလည္း စာမေမ့ေစဖို႔ ေနာက္ထပ္ နည္းလမ္း တစ္ခုပါပဲ။

 

(၆) အခ်ိန္ပိုင္းျခား သတ္မွတ္၍ အနားယူျခင္း
လူတစ္ေယာက္ရဲ႕ အာ႐ုံစူးစိုက္မႉႏႉန္းဟာ တစ္နာရီအထိဆိုရင္ အင္မတန္ သင့္ေတာ္ပါတယ္။ ဒါ့ေၾကာင့္ ဥပမာအားျဖင့္ မိမိရဲ႕ အခ်ိန္ဇယားတြင္ တစ္နာရီခန႔္ စာလုပ္ၿပီး ၅မိနစ္ - ၁၀မိနစ္နားခ်ိန္ ထားသင့္ပါတယ္။ ၿပီးမွ ေနာက္တစ္ခ်ိန္ ဆက္လုပ္ပါက ပို၍ေကာင္းမြန္ပါတယ္။ နားတဲ့အခ်ိန္မွာလည္း က်န္းမာေရးအတြက္ အေထာက္အကူ ျပဳေစဖို႔ အားကစားလုပ္ျခင္းမ်ိဴး၊ စိတ္အပန္းေျဖေစဖို႔ သီခ်င္းနားေထာင္ျခင္းမ်ိဴး ျပဳလုပ္သင့္ပါတယ္။

 

(၇) စာမ်ားအား ထပ္ခါထပ္ခါ ႐ြတ္ဆိုျခင္း
စာအံတယ္ ဆိုတဲ့ စကားမ်ိဴးကို ၾကားဖူးၾကမွာပါ။ အဲ့တာဟာ ကိုယ္က်က္မယ့္ စာေတြ ကိုယ္က်က္ထားၿပီးသားစာေတြကို ထပ္ခါထပ္ခါ ႐ြတ္ဆိုျခင္းပဲ ျဖစ္ပါတယ္။ ဒီလို စာေတြကို အထပ္ထပ္ အခါခါ ႐ြတ္ဆိုျခင္းျဖင့္ စာမ်ား အလြယ္တကူ ေမ့တတ္တဲ့ အျဖစ္ကေန ေက်ာ္လႊားႏိုင္ပါတယ္။

 

(၈) စာမ်ား ျပန္ေႏႊးျခင္း
က်က္ထားတဲ့ စာေတြကို အလြယ္တကူ မေမ့ရေလေအာင္ ျပဳလုပ္ႏိုင္တဲ့ အေကာင္းဆုံး နည္းလမ္းေတြထဲက တစ္ခုကေတာ့ စာေတြကို ျပန္ေႏႊးတာပါပဲ။

 

(၉) သူငယ္ခ်င္းမ်ားႏွင့္ အုပ္စုဖြဲ႕ စာလုပ္ျခင္း
သူငယ္ခ်င္းမ်ားႏွင့္ အုပ္စုဖြဲ႕၍ စာက်က္ျခင္း၊ က်က္ၿပီးသားစာမ်ားကို ျပန္လည္ ေဆြးေႏြးျခင္းကလည္း စာမ်ားကို ပိုမိုမွတ္မိေစတဲ့ နည္းလမ္းေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။

 

(၁၀) ဦးေႏွာက္အတြက္ အားျဖည့္ အစားအစာ
အာဟာရ ျပည့္ဝတဲ့ အစားအစာေတြကို ပုံမွန္ စားသုံးျခင္းကလည္း အေရးႀကီးတစ္ခ်က္ပါပဲ။ မွတ္ဉာဏ္၊ အာ႐ုံစူးစိုက္မႉ နဲ႔ ျဖတ္ထိုးဉာဏ္ တို႔ အတြက္ အားျဖည့္ေပးတဲ့ ငါးမ်ား ၊ အေစ့အဆံ၊ ဒိန္ခ်ဥ္ စတဲ့ အစားအစာ ေတြကိုလည္း စားသုံးေစခ်င္ပါတယ္။ ဒါေတြကို စားသုံးျခင္းက စာမ်ား အလြယ္တကူ မေမ့ႏိုင္ေစရန္ အေထာက္အပံ့ေပးပါတယ္။

 

(၁၁) ေရမ်ားမ်ားေသာက္ျခင္း
ေရမ်ားမ်ားေသာက္ပါ။ ခႏၶာကိုယ္မွာ ေရဓာတ္မ်ားမ်ားရွိျခင္းက ဦးေႏွာက္ စြမ္းအားကို ျမႇင့္တင္ေပးလို႔ စာသင္သားေတြ အတြက္ စာက်က္ရာတြင္ မေမ့ေစဖို႔ အလြယ္ကူဆုံး နည္းလမ္းပါပဲ။

 

(၁၂) မးခြန္းေဟာင္းမ်ား ေလ့လာ ေလ့က်င့္ျခင္း
စာေမးပြဲမွာ အမွတ္ေကာင္းဖို႔ အတြက္ အထိေရာက္ဆုံး နည္းလမ္းေတြထဲမွ တစ္ခုကေတာ့ ေမးခြန္းေဟာင္းေလ့လာျခင္း ျဖစ္ပါတယ္။ ပိုမို ခက္ခဲတဲ့ ဉာဏ္စမ္းေမးခြန္းေတြကို ေလ့က်င့္ႏိုင္သလို ေရွးႏွစ္က ေမးခြန္းပုံစံေတြကိုလည္း ေလ့လာသုံးသပ္ႏိုင္ပါတယ္။


(ဒါကေတာ့ စာေမးပြဲမွာ အမွတ္ေကာင္းေစဖို႔ အႀကံျပဳျခင္း ျဖစ္ပါတယ္)

- သင့္ေတာ္ေသာ Plan ခ်ျခင္း
Plan(အစီအစဥ္) ေရးဆြဲရပါမယ္။ စာေမးပြဲ နီးလာၿပီဆိုရင္ေတာ့ မိမိအတြက္ ေကာင္းမြန္တဲ့ အစီအစဥ္ တစ္ခုခ်သင့္ပါတယ္။ ဥပမာအားျဖင့္ စာေမးပြဲ ၂၀ရက္ေန႔ ေျဖရမယ္ဆိုပါစို႔္ ၊ ၁၅ ရက္ မွာေတာ့ ဟိုဘာသာ၊ ၁၆ ရက္မွာေတာ့ ဒီဘာသာ စတဲ့ အစီအစဥ္ ေရးဆြဲခ်မွတ္ျခင္းမ်ိဴး ျဖစ္ပါတယ္။

ေနာက္ဆုံး အခ်က္ကေတာ့ က်န္းမာေရး ဂ႐ုစိုက္ပါ။ မက်န္းမာရင္ေတာ့ ကိုယ္ ဘယ္ေလာက္ပဲ စာရပါေစ၊ သဲထဲေရသြန္ပါပဲ။ ကံၾကမၼာ ဆိုတာ ေျပာင္းလဲ ႏိုင္တာမို႔ ဘာသာေရးလည္း ကိုင္းရွိူင္းၾကပါ။

စာက်က္နည္းေတြေရာ ၊ စာေမးပြဲမွာ အမွတ္မ်ားေစမယ့္ နည္းလမ္းေတြပါ ၊ ေဖာ္ျပ အႀကံျပဳေပးၿပီးပါၿပီ။ ဒီနည္းလမ္းေလးေတြ အသုံးျပဳၿပီး စာေမးပြဲမွာ ရလဒ္ေကာင္းမ်ယး ဆြတ္ခူးႏိုင္ၾကပါေစ။

 

ကံသာ (သြား/ေဆး)

source - internet

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။

- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html  တြင္ အခမဲ့ ဝင္ေ၇ာက္ရွာေဖြႏိုင္ပါသည္။

 

UNICODE

"စာဘယ်လောက်များများ အလွယ်တကူ မမေ့ရလေအောင်"
စာမေးပွဲနီးလာသည်နှင့်အမျှ စိတ်ဖိစီးမှူတွေ စိုးရိမ်လွန်ကဲမှူတွေကြောင့် ကျက်ပြီးသားစာတွေတောင် လွယ်လွယ်နဲ့ မေ့သွားတတ်ပါတယ်။ ဒီတော့ စာတွေ ဘယ်လောက်ပဲများများ အလွယ်တကူ မမေ့နိုင်မယ့် စာကျက်နည်းလေးတွေကို မျှဝေချင်ပါတယ်။

 

(၁) စာကြည့်နေရာရွေးချယ်ခြင်း
စာကြည့်ခုံကို အိမ်ရဲ့လေဝင်လေထွက် ကောင်းတဲ့နေရာ (သို့မဟုတ်) အလင်းရောင် ကောင်းစွာ ရတဲ့နေရာမျိူးမှာ ထားသင့်ပါတယ်။ လေကောင်းလေသန့်ကလည်း စာကျက်တဲ့ အချိန်မှာ အာရုံစူးစိုက်မှူ ပိုကောင်းအောင်၊ ဦးနှောက်ကို တက်ကြွအောင် လှူံ့ ဆော်ပေးနိုင်ပါတယ်။

 

(၂) ရှင်းလင်းနေရမည့် စာကြည့်နေရာ
စာကြည့်မယ့်နေရာက ရှင်းလင်းသပ်ရပ်နေဖို့လည်း လိုပါတယ်။ ရှူပ်ပွနေတဲ့ စာကြည့်စားပွဲခုံဆိုရင် စိတ်ညစ်ညူးစရာ ဖြစ်စေသလို စာအပေါ် အာရုံစူးစိုက်မှူ လျော့နည်းစေပါတယ်။ တခါတလေ စာကြည့်စားပွဲပေါ်တင်ထားတဲ့ ကစားစရာ၊ အလှပစ္စည်း၊ ဖုန်း စတာတွေကလည်း စာအပေါ် အာရုံစူးစိုက်မှူ ပျက်ပြားအောင် စွဲဆောင်နိုင်တဲ့ ပစ္စည်းတွေဆိုလည်း မမှားပါဘူး။ ဒါကြောင့် စာကြည့်မယ့် နေရာကို ရှင်းလင်းအောင်ထားပါ။ စာအုပ်၊ ဘောပင်၊ ခဲတံ၊ နာရီကလွဲလို့ ကျန်တာတွေ မထားသင့်ပါဘူး။

 

(၃) ကိုယ်ပိုင် စာကြည့်ချိန် သတ်မှတ်ထားခြင်း
ကျောင်းသားတိုင်းမှာ ကိုယ်ပိုင် စာကြည့်ချိန် ဆိုတာ ရှိသင့်ပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ကိုယ်ပိုင် စာကြည့်ချိန် မှာ ကိုယ့်ရဲ့ သီးသန့် အချိန်ဇယားနဲ့ စာတွေကို ကျက်မှတ်လေ့လာမယ်ဆိုရင်တော့ နည်းစနစ်ကျတဲ့ စာကျက်နည်း တစ်ခုဖြစ်ပါတယ်။

 

(၄) အတိုချုံ့မှတ်သားကျက်မှတ်ခြင်း
စာကျက်ရာတွင် ကျက်ရမည့်စာများအား အဓိက အချက်အလက်ကို သာလျှင် စုစည်းထုတ်နှူတ်၍ အတိုချုံ့ မှတ်သားကျက်မှတ်ခြင်းကလည်း စာတွေကို ပိုမို မှတ်မိစေပါတယ်။ တခါတလေ ဇယား ၊ ပုံကားချပ်တွေကို အလွယ်တကူ မမေ့နိုင်အောင် ထောက်ပံ့ပေးပါတယ်။

 

(၅) အလွတ်ချရေးခြင်း
စာတွေကို အလွယ်တကူ မမေ့အောင် ထပ်ကာ ထပ်ကာ လေ့ကျင့်ဖို့ လိုအပ်သလို ကျက်ပြီးသား စာတွေကို အလွတ် ချရေးခြင်းကလည်း စာမမေ့စေဖို့ နောက်ထပ် နည်းလမ်း တစ်ခုပါပဲ။

 

(၆) အချိန်ပိုင်းခြား သတ်မှတ်၍ အနားယူခြင်း
လူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှူနှူန်းဟာ တစ်နာရီအထိဆိုရင် အင်မတန် သင့်တော်ပါတယ်။ ဒါ့ကြောင့် ဥပမာအားဖြင့် မိမိရဲ့ အချိန်ဇယားတွင် တစ်နာရီခန့် စာလုပ်ပြီး ၅မိနစ် - ၁၀မိနစ်နားချိန် ထားသင့်ပါတယ်။ ပြီးမှ နောက်တစ်ချိန် ဆက်လုပ်ပါက ပို၍ကောင်းမွန်ပါတယ်။ နားတဲ့အချိန်မှာလည်း ကျန်းမာရေးအတွက် အထောက်အကူ ပြုစေဖို့ အားကစားလုပ်ခြင်းမျိူး၊ စိတ်အပန်းဖြေစေဖို့ သီချင်းနားထောင်ခြင်းမျိူး ပြုလုပ်သင့်ပါတယ်။

 

(၇) စာများအား ထပ်ခါထပ်ခါ ရွတ်ဆိုခြင်း
စာအံတယ် ဆိုတဲ့ စကားမျိူးကို ကြားဖူးကြမှာပါ။ အဲ့တာဟာ ကိုယ်ကျက်မယ့် စာတွေ ကိုယ်ကျက်ထားပြီးသားစာတွေကို ထပ်ခါထပ်ခါ ရွတ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို စာတွေကို အထပ်ထပ် အခါခါ ရွတ်ဆိုခြင်းဖြင့် စာများ အလွယ်တကူ မေ့တတ်တဲ့ အဖြစ်ကနေ ကျော်လွှားနိုင်ပါတယ်။

 

(၈) စာများ ပြန်နွှေးခြင်း
ကျက်ထားတဲ့ စာတွေကို အလွယ်တကူ မမေ့ရလေအောင် ပြုလုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ စာတွေကို ပြန်နွှေးတာပါပဲ။

 

(၉) သူငယ်ချင်းများနှင့် အုပ်စုဖွဲ့ စာလုပ်ခြင်း
သူငယ်ချင်းများနှင့် အုပ်စုဖွဲ့၍ စာကျက်ခြင်း၊ ကျက်ပြီးသားစာများကို ပြန်လည် ဆွေးနွေးခြင်းကလည်း စာများကို ပိုမိုမှတ်မိစေတဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

 

(၁၀) ဦးနှောက်အတွက် အားဖြည့် အစားအစာ
အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို ပုံမှန် စားသုံးခြင်းကလည်း အရေးကြီးတစ်ချက်ပါပဲ။ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှူ နဲ့ ဖြတ်ထိုးဉာဏ် တို့ အတွက် အားဖြည့်ပေးတဲ့ ငါးများ ၊ အစေ့အဆံ၊ ဒိန်ချဉ် စတဲ့ အစားအစာ တွေကိုလည်း စားသုံးစေချင်ပါတယ်။ ဒါတွေကို စားသုံးခြင်းက စာများ အလွယ်တကူ မမေ့နိုင်စေရန် အထောက်အပံ့ပေးပါတယ်။

 

(၁၁) ရေများများသောက်ခြင်း
ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်များများရှိခြင်းက ဦးနှောက် စွမ်းအားကို မြှင့်တင်ပေးလို့ စာသင်သားတွေ အတွက် စာကျက်ရာတွင် မမေ့စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။

 

(၁၂) မးခွန်းဟောင်းများ လေ့လာ လေ့ကျင့်ခြင်း
စာမေးပွဲမှာ အမှတ်ကောင်းဖို့ အတွက် အထိရောက်ဆုံး နည်းလမ်းတွေထဲမှ တစ်ခုကတော့ မေးခွန်းဟောင်းလေ့လာခြင်း ဖြစ်ပါတယ်။ ပိုမို ခက်ခဲတဲ့ ဉာဏ်စမ်းမေးခွန်းတွေကို လေ့ကျင့်နိုင်သလို ရှေးနှစ်က မေးခွန်းပုံစံတွေကိုလည်း လေ့လာသုံးသပ်နိုင်ပါတယ်။


(ဒါကတော့ စာမေးပွဲမှာ အမှတ်ကောင်းစေဖို့ အကြံပြုခြင်း ဖြစ်ပါတယ်)

- သင့်တော်သော Plan ချခြင်း
Plan(အစီအစဉ်) ရေးဆွဲရပါမယ်။ စာမေးပွဲ နီးလာပြီဆိုရင်တော့ မိမိအတွက် ကောင်းမွန်တဲ့ အစီအစဉ် တစ်ခုချသင့်ပါတယ်။ ဥပမာအားဖြင့် စာမေးပွဲ ၂၀ရက်နေ့ ဖြေရမယ်ဆိုပါစို့် ၊ ၁၅ ရက် မှာတော့ ဟိုဘာသာ၊ ၁၆ ရက်မှာတော့ ဒီဘာသာ စတဲ့ အစီအစဉ် ရေးဆွဲချမှတ်ခြင်းမျိူး ဖြစ်ပါတယ်။

နောက်ဆုံး အချက်ကတော့ ကျန်းမာရေး ဂရုစိုက်ပါ။ မကျန်းမာရင်တော့ ကိုယ် ဘယ်လောက်ပဲ စာရပါစေ၊ သဲထဲရေသွန်ပါပဲ။ ကံကြမ္မာ ဆိုတာ ပြောင်းလဲ နိုင်တာမို့ ဘာသာရေးလည်း ကိုင်းရှိူင်းကြပါ။

စာကျက်နည်းတွေရော ၊ စာမေးပွဲမှာ အမှတ်များစေမယ့် နည်းလမ်းတွေပါ ၊ ဖော်ပြ အကြံပြုပေးပြီးပါပြီ။ ဒီနည်းလမ်းလေးတွေ အသုံးပြုပြီး စာမေးပွဲမှာ ရလဒ်ကောင်းမျယး ဆွတ်ခူးနိုင်ကြပါစေ။

 

ကံသာ (သွား/ဆေး)
source - internet

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။

- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ်  https://www.sayar.com.mm/subjects.htmlတွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

Read times Last modified on Wednesday, 08 January 2020 17:46
Rate this articles
(1 Vote)