×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Saturday, 28 December 2019

“Present Tense အသုံးျပဳသင့္တဲ့ အေျခအေန ၈ မ်ိဳး"

“Present Tense အသုံးျပဳသင့္တဲ့ အေျခအေန ၈ မ်ိဳး" freepick

အဂၤလိပ္ သဒါၵေလ့လာတဲ့ အခါမွာ ေက်ာင္းသား အမ်ားစု တိုင္ပတ္ေလ့ရွိတာက ကိုယ္ ေျပာခ်င္ေရးခ်င္တဲ့ စာေၾကာင္းမွာ ပါေနတဲ့ Verbs ေတြကို 

ဘယ္ Tenses  ေတြနဲ႕ သုံးစြဲရမလဲ ဆိုျပီး စဥ္းစားဆုံးျဖတ္ရတဲ့ အခါမ်ိဳးေတြပါ ။

♦ အဂၤလိပ္ သဒါၵ အရ Tenses က ၁၂ မ်ိဳးေလာက္ ခြဲထားေတာ့ 
ဘယ္ အေျခအေန အခ်ိန္အခါမ်ိဳးမွာ 
ဘယ္ Tense ကို သုံးရမလဲ ဆိုတာ ေလ့လာသူေတြ အတြက္ 
တကယ္ကို ေခါင္းစားစရာ ျဖစ္တတ္ပါတယ္ ။

ပိုဆိုးတာက Present Tense ကို ပစၥဳပန္ လို႕ အလြယ္ဘာသာျပန္သင္လိုက္တာကို 
အတန္းၾကီးတဲ့ အထိ ( တစ္ခ်ိဳ႕ေတြ ဘြဲ့ရျပီး လုပ္ငန္းခြင္ ဝင္တဲ့ အထိ ) 
အေသ မွတ္ထားမိျပီး
( ငယ္ငယ္က ဆရာသင္ေပးလိုက္တာကို ကိုယ့္ ဘာသာ ခ်ဲ႕ထြင္ မေလ့လာျဖစ္ရင္ ) 
အနာဂတ္ အေၾကာင္း ေျပာတဲ့ အခါမွာ Present Tense ကို 
သုံးလို႕ ရမွန္း မသိေတာ့ မသုံးမိပဲ သဘာဝက်တဲ့ အဂၤလိပ္စကားမ်ိဳး မျဖစ္ေတာ့ပဲ 
ခပ္ေထာင့္ေထာင့္ " စာ စကား " မ်ိဳးေတြ ေျပာမိတတ္ေတာ့တာပဲ ။

Present Continuous Tense ကို လက္ရွိ လုပ္ေန ဆဲ အခ်ိန္မွာ သုံးရတယ္ 
ဆိုတာေလာက္ပဲ အေသမွတ္ထားရင္
အနာဂတ္ အတြက္ Present Continuous Tense သုံးလို႕ရတဲ့ ေနရာေတြမွာ 
တိတိက်က် လွလွပပ မသုံးတတ္ပဲ ျဖစ္ေနေတာ့တာပဲေပါ့ဗ်ာ ။

♦ ဒါေၾကာင့္ Tenses ေတြကို ေလ့လာတဲ့ အခါ 
အေျခခံ အဆင့္မွာ အေပၚယံ အလြယ္ မွတ္ခဲ့တာေတြရွိရင္ေတာင္
ေနာင္က်ရင္ တျဖည္းျဖည္း တိုးခ်ဲ႕ အေသးစိတ္ျပီး ေလ့လာသင့္ပါတယ္ ။

Tense တစ္ခု ကို ဘယ္လို သုံးရမလဲ ဆိုတဲ့ ကိစၥ ဟာ နည္းနည္း လြယ္ေပမယ့္
ဘယ္လိုေနရာ ဘယ္လို အခ်ိန္အခါ မ်ိဳးမွာ ဘာေၾကာင့္ သုံးရမယ္ ဆိုတာမ်ိဳး 
စဥ္းစားရတာကေတာ့ နည္းနည္း ပညာသားပိုပါလို႕ 
ဒီ စာစုမွာ ဒီကိစၥေလးကို ေဆြးေႏြးမွ်ေဝေပးသြားပါမယ္ ။ 

အခု စာစုမွာေတာ့ အေျခခံ အက်ဆုံးနဲ႕ အေတြ႕ရအမ်ားဆုံးလို႕ ေျပာႏိုင္တဲ့ 
( Simple ) Present Tense ကို
ဘယ္လို ေနရာမ်ိဳးေတြမွာ အသုံးျပဳရမယ္ဆိုတာေလးကို ေဆြးေႏြးေပးသြားပါ့မယ္ ။

 

♦ 1 ♦
ပထမဆုံး အသုံးကေတာ့ အမ်ားစု သိျပီးသားပါ ။
Present Tense ကို ေယဘူယ မွန္တဲ့ ၊ 
အမ်ားအားျဖင့္ မွန္ကန္တဲ့ အေၾကာင္းအရာေတြကို
 ေျပာဆိုေရးသားရာမွာ သုံးပါတယ္ ။ 

> Plants die without water. ( အပင္ေတြဟာ ေရမရွိရင္ ေသတယ္ ။ )
> Two and two make four. ( ၂ နဲ႕ ၂ ေပါင္းရင္ ၄ ရတယ္ ။ ) 
> The sky isn't green. ( ေကာင္းကင္ဆိုတာ အစိမ္းေရာင္ မဟုတ္ဘူး ။ ) စတာမ်ိဳးေတြေပါ့ ။ 

 


♦ 2 ♦
အျမဲတမ္း ( နီးပါး ) ျဖစ္ေန တဲ့ အေနအထားမ်ိဳး ၊ 
လုပ္ရပ္မ်ိဳးေတြမွာလည္း Present Tense ကို သုံးပါတယ္ ။

> Where do you live? ( မင္း ဘယ္မွာ ေနတာလဲ ။ )
> She works in a bank. ( သူ က ဘဏ္မွာ အလုပ္လုပ္တာ ။ )
> They love coffee. ( သူတို႕က ေကာ္ဖီ ၾကိဳက္တယ္ ။ ) 

 

 

♦ 3 ♦
တတိယ အသုံးကေတာ့ ကြၽန္ေတာ္တို႕ ပုံမွန္လုပ္ေလ့ရွိတဲ့ အရာေတြ ၊ 
အေလ့အက်င့္ေတြ အေၾကာင္း ေျပာရင္ သုံးပါတယ္ ။
မ်ားေသာအားျဖင့္ အၾကိမ္အေရအတြက္ျပ ၾကိယာဝိေသသန 
( adverbs of frequency ) နဲ႕ တြဲသုံးေလ့ရွိတယ္ ။ 

> I play tennis every Tuesday. 
( အဂၤါေန႕တိုင္း ကြၽန္ေတာ္ တင္းနစ္ ကစားတယ္ ။ )

> We sometimes go to the cinema. 
( ကြၽန္ေတာ္တို႕ တစ္ခါတေလ ႐ုပ္ရွင္ရုံ သြားေလ့ရွိတယ္ / ႐ုပ္ရွင္သြားၾကည့္ေလ့ရွိတယ္ ။ ) 

 

 

♦ 4 ♦
စာအုပ္ ၊ ျပဇာတ္ ၊ ႐ုပ္ရွင္ ေတြထဲမွာ ျဖစ္သြားတဲ့ ျဖစ္ရပ္ေတြ အေၾကာင္း ေျပာရင္လည္း 
Present Tense ကို သုံးပါတယ္ ။

> The hero dies at the end of the film. 
( ဇာတ္လမ္း အဆုံးမွာ သူရဲေကာင္း ေသသြားတယ္ေလ ။ )

> The main character is very pretty and works in a bookshop. 
( အဓိက ဇာတ္ေကာင္က အေတာ္ေလး လွတယ္ ။ 
စာအုပ္ဆိုင္မွာ အလုပ္လုပ္တယ္ ေလ ။ 

 

 

♦ 5 ♦
" the first and the zero conditionals " ေတြမွာ သုံးပါတယ္ ။ 
Conditionals အေၾကာင္းကေတာ့ ေနာက္မွ သီးသန္႕ ေဆြးေႏြးပါဦးမယ္ :)
အဓိကက " ဒါ ျဖစ္ရင္ ... ဒါ ျဖစ္မယ္ " ဆိုတာမ်ိဳးေတြေပါ့ ။ 

> If it rains, I won't come. ( မိုးရြာရင္ ငါ မလာေတာ့ဘူး ။ )

> If you heat water to 100 degrees, it boils. 
( ေရ ကို ၁၀၀ ဒီဂရီ အထိ အပူေပးလိုက္ရင္ ဆူပြက္လာမွာ ။ ) 

 

 

♦ 6 ♦
ဒီ အသုံးကေတာ့ ထူးထူးျခားျခားပါပဲ ။ 
အနာဂတ္ အေၾကာင္း ေျပာတဲ့ ေနရာမွာ လည္း 
Present Tense ကို သုံးႏိုင္ပါတယ္ ။
အခ်ိန္ဇယားေတြ ၊ အတိအက် သတ္မွတ္ျပီးသား အစီအစဥ္ေတြ အေၾကာင္း ေျပာဆိုတဲ့ အခါမွာ 
( ကာလ က အနာဂတ္ မွာ ျဖစ္ေနေပမယ့္လည္း ) 
Present Tense ကို သုံးႏိုင္ပါတယ္ ။
မ်ားေသာအားျဖင့္ အဲ့ဒီ အခ်ိန္ဇယားေတြကို စီစဥ္ေရးဆြဲတာက 
ကြၽန္ေတာ္တို႕ (ေျပာဆိုသူ) မဟုတ္ပဲ
ျပင္ပ အဖြဲ႕အစည္း တစ္ခုခုက ျဖစ္ေနတဲ့ အခါမ်ိဳးေတြေပါ့ ။ 

> School begins at nine tomorrow. 
( မနက္ျဖန္ ေက်ာင္းခ်ိန္က ၉ နာရီဆို စျပီ ။ )

> Our train leaves at eleven
( ငါတို႕ စီးရမယ့္ ရထားက ၁၁ နာရီမွာ ထြက္မွာ ။ )

> What time does the film start? 
( ႐ုပ္ရွင္ ဘယ္ေတာ့ စျပမွာလဲ ။ )

> When does the class finish? 
( အတန္း ဘယ္အခ်ိန္ ျပီးမွာလဲ ။ ) 
..... စတာမ်ိဳးေတြေပါ့ ။ 

 

 

♦ 7 ♦
'when', 'until', 'after', 'before' , 'as soon as စတဲ့ 
စကားလုံးေတြရဲ့ အေနာက္ကေန လိုက္ျပီး
အနာဂတ္ အေၾကာင္း ကို ေျပာဆိုရာမွာ လည္း 
Present Tense ကို သုံးပါတယ္ ။
( ဒီ စကားလုံးေတြ ပါဝင္ ဦးေဆာင္တဲ့ စာစုအတြင္းမွာ 
Present Tense ကို သုံးရျပီး
ေနာက္ စာစု တစ္ခုအတြင္းမွာ ေတာ့ Future Tense ကို သုံးေလ့ရွိပါတယ္ )

- I will call you when I have time. 
( ငါ အခ်ိန္ရရင္ မင္းဆီ ဖုန္းေခၚလိုက္မယ္ ။ )

- I won't go out until it stops raining.  
( မိုး မတိတ္မခ်င္း ငါ အျပင္ မထြက္ဘူး ။ )

- She'll come as soon as her babysitter arrives. 
( ကေလးထိန္း ေရာက္လာတာနဲ႕ သူ(မ) ထြက္လာလိမ့္မယ္ ။ )

- I'll give you the book before you go. 
( မင္း မသြားခင္ ငါ စာအုပ္ေပးလိုက္မယ္ ။ ) 

 

 

♦ 8 ♦
ေနာက္ဆုံး အေနနဲ႕ မွတ္ထားသင့္တာကေတာ့ 
Stative verbs ေတြနဲ႕ ေျပာဆိုေရးသားရတဲ့ အခါမွာလည္း 
Present Tense ကို သုံးေပးရပါတယ္ ။ 
( သာမန္ အားျဖင့္ present continuous သုံးလို႕ရေလာက္တဲ့ အေျခအေနမ်ိဳး ျဖစ္ေနေပမယ့္
ကိုယ္ အသုံးျပဳတဲ့ Verb က ျပဳလုပ္ျခင္းျပ ၾကိယာ 
( Action Verbs ) မ်ိဳး မဟုတ္ပဲ
အေျခအေန ၊ စိတ္ခံစားခ်က္ ျပ ၾကိယာ 
( Stative or State verbs ) မ်ိဳး ျဖစ္ေနတဲ့ အခါမွာ 
Present Tense ကို သုံးေပးရတာပါ ။ )

 

Credit : ကိုေဇ(Active English Myanmar)

 

အဂၤလိပ္စာ သင္ၾကားေပးေသာ၊ ဆရာ၊ ဆရမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-497.html

 Sayar Guice banner design 2 2

UNICODE

 

“Present Tense အသုံးပြုသင့်တဲ့ အခြေအနေ ၈ မျိုး"


အင်္ဂလိပ် သဒါ္ဒလေ့လာတဲ့ အခါမှာ ကျောင်းသား အများစု တိုင်ပတ်လေ့ရှိတာက 
ကိုယ် ပြောချင်ရေးချင်တဲ့ စာကြောင်းမှာ ပါနေတဲ့ Verbs တွေကို 
ဘယ် Tenses  တွေနဲ့ သုံးစွဲရမလဲ ဆိုပြီး စဉ်းစားဆုံးဖြတ်ရတဲ့ အခါမျိုးတွေပါ ။

♦ အင်္ဂလိပ် သဒါ္ဒ အရ Tenses က ၁၂ မျိုးလောက် ခွဲထားတော့ 
ဘယ် အခြေအနေ အချိန်အခါမျိုးမှာ 
ဘယ် Tense ကို သုံးရမလဲ ဆိုတာ လေ့လာသူတွေ အတွက် 
တကယ်ကို ခေါင်းစားစရာ ဖြစ်တတ်ပါတယ် ။

ပိုဆိုးတာက Present Tense ကို ပစ္စုပန် လို့ အလွယ်ဘာသာပြန်သင်လိုက်တာကို 
အတန်းကြီးတဲ့ အထိ ( တစ်ချို့တွေ ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်တဲ့ အထိ ) 
အသေ မှတ်ထားမိပြီး
( ငယ်ငယ်က ဆရာသင်ပေးလိုက်တာကို ကိုယ့် ဘာသာ ချဲ့ထွင် မလေ့လာဖြစ်ရင် ) 
အနာဂတ် အကြောင်း ပြောတဲ့ အခါမှာ Present Tense ကို 
သုံးလို့ ရမှန်း မသိတော့ မသုံးမိပဲ သဘာဝကျတဲ့ အင်္ဂလိပ်စကားမျိုး မဖြစ်တော့ပဲ 
ခပ်ထောင့်ထောင့် " စာ စကား " မျိုးတွေ ပြောမိတတ်တော့တာပဲ ။

Present Continuous Tense ကို လက်ရှိ လုပ်နေ ဆဲ အချိန်မှာ သုံးရတယ် 
ဆိုတာလောက်ပဲ အသေမှတ်ထားရင်
အနာဂတ် အတွက် Present Continuous Tense သုံးလို့ရတဲ့ နေရာတွေမှာ 
တိတိကျကျ လှလှပပ မသုံးတတ်ပဲ ဖြစ်နေတော့တာပဲပေါ့ဗျာ ။

♦ ဒါကြောင့် Tenses တွေကို လေ့လာတဲ့ အခါ 
အခြေခံ အဆင့်မှာ အပေါ်ယံ အလွယ် မှတ်ခဲ့တာတွေရှိရင်တောင်
နောင်ကျရင် တဖြည်းဖြည်း တိုးချဲ့ အသေးစိတ်ပြီး လေ့လာသင့်ပါတယ် ။

Tense တစ်ခု ကို ဘယ်လို သုံးရမလဲ ဆိုတဲ့ ကိစ္စ ဟာ နည်းနည်း လွယ်ပေမယ့်
ဘယ်လိုနေရာ ဘယ်လို အချိန်အခါ မျိုးမှာ ဘာကြောင့် သုံးရမယ် ဆိုတာမျိုး 
စဉ်းစားရတာကတော့ နည်းနည်း ပညာသားပိုပါလို့ 
ဒီ စာစုမှာ ဒီကိစ္စလေးကို ဆွေးနွေးမျှဝေပေးသွားပါမယ် ။ 

အခု စာစုမှာတော့ အခြေခံ အကျဆုံးနဲ့ အတွေ့ရအများဆုံးလို့ ပြောနိုင်တဲ့ 
( Simple ) Present Tense ကို
ဘယ်လို နေရာမျိုးတွေမှာ အသုံးပြုရမယ်ဆိုတာလေးကို ဆွေးနွေးပေးသွားပါ့မယ်။

 

♦ 1 ♦
ပထမဆုံး အသုံးကတော့ အများစု သိပြီးသားပါ ။
Present Tense ကို ယေဘူယ မှန်တဲ့ ၊ 
အများအားဖြင့် မှန်ကန်တဲ့ အကြောင်းအရာတွေကို
 ပြောဆိုရေးသားရာမှာ သုံးပါတယ် ။ 

> Plants die without water. ( အပင်တွေဟာ ရေမရှိရင် သေတယ် ။ )
> Two and two make four. ( ၂ နဲ့ ၂ ပေါင်းရင် ၄ ရတယ် ။ ) 
> The sky isn't green. ( ကောင်းကင်ဆိုတာ အစိမ်းရောင် မဟုတ်ဘူး ။ ) စတာမျိုးတွေပေါ့ ။ 

 


♦ 2 ♦
အမြဲတမ်း ( နီးပါး ) ဖြစ်နေ တဲ့ အနေအထားမျိုး ၊ 
လုပ်ရပ်မျိုးတွေမှာလည်း Present Tense ကို သုံးပါတယ် ။

> Where do you live? ( မင်း ဘယ်မှာ နေတာလဲ ။ )
> She works in a bank. ( သူ က ဘဏ်မှာ အလုပ်လုပ်တာ ။ )
> They love coffee. ( သူတို့က ကော်ဖီ ကြိုက်တယ် ။ ) 

 

 

♦ 3 ♦
တတိယ အသုံးကတော့ ကျွန်တော်တို့ ပုံမှန်လုပ်လေ့ရှိတဲ့ အရာတွေ ၊ 
အလေ့အကျင့်တွေ အကြောင်း ပြောရင် သုံးပါတယ် ။
များသောအားဖြင့် အကြိမ်အရေအတွက်ပြ ကြိယာဝိသေသန 
( adverbs of frequency ) နဲ့ တွဲသုံးလေ့ရှိတယ် ။ 

> I play tennis every Tuesday. 
( အင်္ဂါနေ့တိုင်း ကျွန်တော် တင်းနစ် ကစားတယ် ။ )

> We sometimes go to the cinema. 
( ကျွန်တော်တို့ တစ်ခါတလေ ရုပ်ရှင်ရုံ သွားလေ့ရှိတယ် / ရုပ်ရှင်သွားကြည့်လေ့ရှိတယ် ။ ) 

 

 

♦ 4 ♦
စာအုပ် ၊ ပြဇာတ် ၊ ရုပ်ရှင် တွေထဲမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေ အကြောင်း ပြောရင်လည်း 
Present Tense ကို သုံးပါတယ် ။

> The hero dies at the end of the film. 
( ဇာတ်လမ်း အဆုံးမှာ သူရဲကောင်း သေသွားတယ်လေ ။ )

> The main character is very pretty and works in a bookshop. 
( အဓိက ဇာတ်ကောင်က အတော်လေး လှတယ် ။ 
စာအုပ်ဆိုင်မှာ အလုပ်လုပ်တယ် လေ ။ 

 

 

♦ 5 ♦
" the first and the zero conditionals " တွေမှာ သုံးပါတယ် ။ 
Conditionals အကြောင်းကတော့ နောက်မှ သီးသန့် ဆွေးနွေးပါဦးမယ် :)
အဓိကက " ဒါ ဖြစ်ရင် ... ဒါ ဖြစ်မယ် " ဆိုတာမျိုးတွေပေါ့ ။ 

> If it rains, I won't come. ( မိုးရွာရင် ငါ မလာတော့ဘူး ။ )

> If you heat water to 100 degrees, it boils. 
( ရေ ကို ၁၀၀ ဒီဂရီ အထိ အပူပေးလိုက်ရင် ဆူပွက်လာမှာ ။ ) 

 

 

♦ 6 ♦
ဒီ အသုံးကတော့ ထူးထူးခြားခြားပါပဲ ။ 
အနာဂတ် အကြောင်း ပြောတဲ့ နေရာမှာ လည်း 
Present Tense ကို သုံးနိုင်ပါတယ် ။
အချိန်ဇယားတွေ ၊ အတိအကျ သတ်မှတ်ပြီးသား အစီအစဉ်တွေ အကြောင်း ပြောဆိုတဲ့ အခါမှာ 
( ကာလ က အနာဂတ် မှာ ဖြစ်နေပေမယ့်လည်း ) 
Present Tense ကို သုံးနိုင်ပါတယ် ။
များသောအားဖြင့် အဲ့ဒီ အချိန်ဇယားတွေကို စီစဉ်ရေးဆွဲတာက 
ကျွန်တော်တို့ (ပြောဆိုသူ) မဟုတ်ပဲ
ပြင်ပ အဖွဲ့အစည်း တစ်ခုခုက ဖြစ်နေတဲ့ အခါမျိုးတွေပေါ့ ။ 

> School begins at nine tomorrow. 
( မနက်ဖြန် ကျောင်းချိန်က ၉ နာရီဆို စပြီ ။ )

> Our train leaves at eleven
( ငါတို့ စီးရမယ့် ရထားက ၁၁ နာရီမှာ ထွက်မှာ ။ )

> What time does the film start? 
( ရုပ်ရှင် ဘယ်တော့ စပြမှာလဲ ။ )

> When does the class finish? 
( အတန်း ဘယ်အချိန် ပြီးမှာလဲ ။ ) 
..... စတာမျိုးတွေပေါ့ ။ 

 

 

♦ 7 ♦
'when', 'until', 'after', 'before' , 'as soon as စတဲ့ 
စကားလုံးတွေရဲ့ အနောက်ကနေ လိုက်ပြီး
အနာဂတ် အကြောင်း ကို ပြောဆိုရာမှာ လည်း 
Present Tense ကို သုံးပါတယ် ။
( ဒီ စကားလုံးတွေ ပါဝင် ဦးဆောင်တဲ့ စာစုအတွင်းမှာ 
Present Tense ကို သုံးရပြီး
နောက် စာစု တစ်ခုအတွင်းမှာ တော့ Future Tense ကို သုံးလေ့ရှိပါတယ် )

- I will call you when I have time. 
( ငါ အချိန်ရရင် မင်းဆီ ဖုန်းခေါ်လိုက်မယ် ။ )

- I won't go out until it stops raining.  
( မိုး မတိတ်မချင်း ငါ အပြင် မထွက်ဘူး ။ )

- She'll come as soon as her babysitter arrives. 
( ကလေးထိန်း ရောက်လာတာနဲ့ သူ(မ) ထွက်လာလိမ့်မယ် ။ )

- I'll give you the book before you go. 
( မင်း မသွားခင် ငါ စာအုပ်ပေးလိုက်မယ် ။ ) 

 

 

♦ 8 ♦
နောက်ဆုံး အနေနဲ့ မှတ်ထားသင့်တာကတော့ 
Stative verbs တွေနဲ့ ပြောဆိုရေးသားရတဲ့ အခါမှာလည်း 
Present Tense ကို သုံးပေးရပါတယ် ။ 
( သာမန် အားဖြင့် present continuous သုံးလို့ရလောက်တဲ့ အခြေအနေမျိုး ဖြစ်နေပေမယ့်
ကိုယ် အသုံးပြုတဲ့ Verb က ပြုလုပ်ခြင်းပြ ကြိယာ 
( Action Verbs ) မျိုး မဟုတ်ပဲ
အခြေအနေ ၊ စိတ်ခံစားချက် ပြ ကြိယာ 
( Stative or State verbs ) မျိုး ဖြစ်နေတဲ့ အခါမှာ 
Present Tense ကို သုံးပေးရတာပါ ။ )

 

 

Credit : ကိုဇေ(Active English Myanmar)

အင်္ဂလိပ်စာ သင်ကြားပေးသော၊ ဆရာ၊ ဆရမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-497.html

Sayar Guice banner design 2 2

Read times Last modified on Friday, 14 February 2020 17:14
Rate this articles
(1 Vote)