×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Saturday, 18 January 2020

ကလေးငယ်ကို Critical Thinking စဉ်းစားတွေးခေါ်တတ်အောင် မိဘတွေအနေနဲ့ လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်း (၈) ခု

ကလေးငယ်ကို Critical Thinking စဉ်းစားတွေးခေါ်တတ်အောင် မိဘတွေအနေနဲ့ လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်း (၈) ခု google

၁ ထိထိရောက်ရောက်တွေးတာကို အကျင့်တစ်ခုအနေနဲ့ လေ့ကျင့်ပေးပါ

 

 


Critical Thinking ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူတစ်ယောက်ဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက အလေ့အကျင့်လုပ်ခဲ့လို့ပါ။ ဒီလိုတွေးတတ်တဲ့အကျင့်ကိုငယ်ရွယ်စဉ်အချိန်ထဲက မိဘတွေက လေ့ကျင့်ထားပေးသင့်ပါတယ်။
၂ ဘယ်ကိစ္စတွေမှာမဆို စကားငြင်းခုန်တတ်အောင်ပါစေ
ငြင်းခုန်ခြင်းဟာ Critical Thinking ကို လမ်းကြောင်းပေးရာရောက်ပါတယ်။ ကိစ္စတစ်ခုကို စိတ်ဝင်စားဖို့ကောင်းပြီး ထက်မြက်တဲ့အတွေးအခေါ်ကို ရရှိစေပါတယ်။ ကျပန်းစကားပြောပြိုင်ပွဲတွေလို့ပေါ့။
၃ အရေအသွေးမြင့်တဲ့လေ့လာဖတ်သားမှုလုပ်ဆောင်ပေးပါ
ကလေးငယ်တွေကို စာဖတ်ဖို့အချိန်ပေးပါပြီးရင် သူတို့နဲ့ပြန်ဆွေးနွေးပေးပါ။ သူတို့ဖတ်ရှုတာနဲ့ပက်သက်ပြီး ဘယ်အပေါ်မှာအခြေခံထားလဲဆိုတာ ရှင်းပြခိုင်းပါ။ ထိုနောက် သူတို့ရှင်းပြတာနဲ့ပက်သက်ပြီး သက်သေအထောက်အထားနှင့်အတူ ပံ့ပိုးပြောဆိုပေးပါ။
၄ သက်သေအထောက်အထားနဲ့ ဆင်ခြင်ခြင်းကို လေ့ကျင့်ပေးပါ
ကိစ္စရပ်တစ်ခုပေါ်မှာ ကလေးက ပြောဆိုတဲ့အခါ သူတွေရဲ့သက်တွေအထောက်အထားတွေမေးခွန်းထုတ်ပါ။ ဒါဟာ သူတို့တည်ဆောက်ထားတဲ့ Critical thinking အတွက် ပိုပြီးခွဲခြမ်းစိပ်ဖြာရာရောက်ပါတယ်။
၅ လေ့လာမှုမှန်သမျှကို ကူညီပေးပါ
ကျောင်း (သို့) စာ တွေမှသာ လေ့လာသင်ယူရန်မဟုတ်ပါ။ ဘယ်အရာမဆို လေ့လာရာမှာ ကူညီပေးပါ။( ဥပမာ - သဘာဝ၊ စကားပြောဆိုခြင်း၊ Game ၊ စောင်ကြည့်လေ့လာခြင်း)။
၆ Game ပေးကစားပါ
Video Game ကစားခြင်းဟာ စဉ်းစားတွေးခေါ်ခြင်းရဲ့ အဓိကဘဏ်တိုက်ဆိုရင်လည်း မမှားပါဘူး။ သင့်ရဲ့အိမ်မှာ video game မှရှိရင်တောင်မှာ Chess ကစားတတ်အောင်သင်ပေးပါ။
၇ Critical Thinking ကို Mindset အနေနဲ့ သင်ကြားပေးပါ
စိတ်ခံယူချက်တစ်ခုအနေနဲ့ Critical thinking ကို သင်ကြားပေးဖို့လိုပါတယ်။ ကျွှမ်းကျင်မှုတစ်ခုကတစ်ချိန်မှာအကူအညီဖြစ်လာနိုင်တယ်ဆိုတာမျိုးပေါ့ Critical Thinking ကိုလည်း အမြဲအသိပေးနေရပါမယ်။
၈ Critical Thinking ရဲ့ အကျိုးကျေးဇူးများကို ရှာဖွေတတ်ပါစေ
Critical Thinking ကိုယုံကြည်လက်ခံလာအောင် လုပ်ပြပါ။ အကျိုးကျေးဇူးတွေကို ဖော်ပြပါ။ ဒါမှသာသင့်ကလေးငယ်ဟာ ငယ်ရွယ်စဉ်အချိန်တည်းက တွေးခေါ်တတ်သူတစ်ယောက်ဖြစ်ပြီး အကောင်းအဆိုးကိုဝေဖန်ပြီး ထက်မြက်စွာအရွယ်ရောက်လာမှာဖြစ်ပါတယ်။

 

(Zawgyi)







၎ သက်သေအထောက်အထားနဲ့ ဆင်ခြင်ခြင်းကို လေ့ကျင့်ပေးပါ




၆ Game ပေးကစားပါ





 

Read times
Rate this articles
(0 votes)