×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 07 February 2020

“LCCI ( The London Chamber of Commerce & Industry) အကြောင်းသိကောင်းစရာ"

“LCCI ( The London Chamber of Commerce & Industry) အကြောင်းသိကောင်းစရာ" google.com

ယနေ့ခေတ်မှာ လူငယ်တွေကြားရေပန်းစား လာခဲ့တဲ့ LCCI ဆိုတာကတော့ Landon Chamber of Commerce and Industry လိုခေါ်တဲ့ လန်ဒန်ကုန်သည်ကြီးများ အသင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။


လန်ဒန်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (LCCI) ကို ၁၈၈၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင်လန်ဒန်မြို့ရှိ Mansion House တွင် အဖွဲ့ဝင် ၁၃၀ ဖြင့်တည်ထောင်ခဲ့ပါတယ်။ ဒါဟာလန်ဒန်မြို့ပြကိုယ်စားပြုဖြစ်ပါတယ်။
လန်ဒန်ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုကုန်သည်ကြီးများအသင်းသည်အရှေ့အလယ်ပိုင်းအသင်း၏မဟာဗျူဟာမိတ်ဖက်များထဲမှတစ်ခုဖြစ်ပြီးဗြိတိသျှကုန်သည်များအသင်း (BCC) ၏အသိအမှတ်ပြုအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ခေတ်တွေ ပြောင်းပြီးသွားတဲ့နောက်မှာ တဖြည်းဖြည်းနဲ့ ဒီစာမေးပွဲတွေကို ဦးစီးပြီးလုပ်ပေးတဲ့အဖွဲ့ တွေ ပြောင်းလဲလာပေမဲ့ Education Development International လို့ ခေါ်တဲ့ အဖွဲ့က ဒီစာမေးပွဲတွေကိုလက်ရှိတာဝန်ယူပြီး ဆောင်ရွက်ပေးနေပြီး စာမေးပွဲတွေကိုလည်း LCCI International Qualification Exam လို့ တရားဝင်ခေါ်ဆိုပါတယ်။ နှစ်စဉ် အာရှဒေသအပါအဝင် ကမ္ဘာအရပ်ရပ်ကနေ LCCI စာမေးပွဲဖြေဆို သူပေါင်းနှစ်သိန်းကျော်ရှိနေပါပြီ။

 

တကယ်တော့ LCCI Exam Board ရော Education Development International အဖွဲ့ တွေဟာ ကျောင်းတွေ ၊ တက္ကသိုလ်တွေမဟုတ်ကြပါဘူး။ Professional Body လို့ခေါ်တဲ့ အခကြေးငွေယူြ့ပီး စာမေးပွဲ စစ်ပေးတဲ့ အဖွဲ့တွေပါ။ သက်မှတ်ထားတဲ့ Certificate, Diploma အတွက် လိုအပ်တဲ့သင်ရိုးညွှန်းတမ်းတွေ ထုတ်ပြန်ပေးတာနဲ့ စာမေးပွဲ စစ်ပေးတဲ့ အလုပ်ပဲလုပ်ပါတယ်။ သူတို့ကိုယ်တိုင်က သင်တန်းပေးတာမျိုးတွေ၊ ဆရာ တွဲအတွက် သင်ပေးတာမျိုးတွေ လုံးဝမလုပ်ပါဘူး။ ဆိုလိုတာက ဘယ်သူမဆို LCCI သင်ရိုးညွှန်းတမ်းတွေ နားလည်ရင် LCCI Exam ပြင်ဆင်တဲ့ သ င်တန်းတွေ ဖွင့်လှစ်သင်ကြားနိုင်ပါတယ်။

 

LCCI စာမေးပွဲတွေဟာ စာရင်းအင်းနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေကိုစစ်ပေးတာတင်မကပဲ တခြားဘာသာရပ်တွေဖြစ်တဲ့...............
Bussiness English Business, Administraion Marketing and Customer Services နဲ့ IT ဘာသာရပ်တွေကိုလည်းစစ်ဆေးပေးပါတယ်။ သင်ပေးနိုင်တဲ့အခြေအနေအရရော စိတ်ဝင်စားမှု အတို င်းအတာအရပါ Finance and Accounting နဲ့ ပတ်သက်တဲ့ Lcci သင်တန်းတွေ၊စာမေးပွဲတွေကိုပဲ လူငယ်အတာများမှာ အကျွမ်းတဝင်ရှိနေကြတာပါ။ စာမေးပွဲအချိန် နှစ်စဉ် Series လို့ ခေါ်တဲ့ စာမေးပွဲ အကြိမ်ရေ လေးခုရှိပြီး ဧပြီလ၊ ဇွန်လ နဲ့ နိုဝင်ဘာလတွေမှာရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ဇွန်လနဲ့ နိုဝင်ဘာလတွေ LCCI စာမေးပွဲတွေကို ဗြိတိကောင်စီက ဦးစီးပြီး ကျောင်းပပေးပါတယ်။ သတ်မှတ်ချိန်မဟုတ်တဲ့ ကြားကာလတွေမှာ ကိုယ်က သီးသန့် ဖြေချင်တယ်ဆို ရင်လည်း ဗြိတိကောင်စီက ထိဖြေဆိုနိုင်အောင်စီစဉ်ပေးလို့ ရပေမယ့် မေးတဲ့မေးခွန်းတွေက သာမန်စာမေးပွဲအချိန်တွေမှာရတ် မေးခွန်းတွေလို မ ဟုတ်ပဲ သီးသန့် မေးခွန်းကို ဖြေရမှာပါ။ ဒီမေးခွန်းက ပုံမှန်ထက်ခက်တယ်လို့ ဖြေတံသူတွေ ပြောကြပေမဲ့ ဘယ်လိုခက်တယ်၊ ဘယ်လောက်ခက်တယ်ဆိုတာတော့ တိတိကဂျာမသိပါဘူး။ အရေးကြီးတာက ကိုယ်တက်မဲ့သင်တန်းနဲ့ ကိုယ်နိုင်မဲ့အခြေအနေနဲ့ ချိန်းထိုးပြီးတော့ အကောင်းဆုံးပြင် ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ LCCI မှာပုံမှန်အားဖြင့် Level (4)ခု ရှိပြီးတော့ မြန်မာနိုင်ငံမှာတော့ အများစုက Level(3) အထိသာဖြေကြပါတယ်။ Level တစ်ခုပြီးတစ်ခု ဖြေရတာမဟုတပဲLevel 3 ကိုလည်းတိုက်ရို်ဖြေဆိုနိုင်ပါတယ်။ စာမေးပွဖြေဆိုသူတော်တော်များများက Accounting & Finance တွေနဲ့ ပတ်သက်ပြီး အခြေခံရအောင် Level(1) နဲ့Laval2) ကိုသင်တန်းပဲတတ်ပြီးလည်း စာမေးပွဲတော့ မဖြေကြပါဘူး။ပြီး မှပဲ Level(3)ကိုတတ်ပြီး Level(3) စာမေးပွဲတန်းဖြေကြပါတယ်။ စာမေးပွဲကြေးသက်သာသလို စားမေးပွဲ နှစ်ကြိမ်ဖြေရတာ သက်သာသွားတာပေါ့။


Level(3) အောင်ရင်တော့ LCCI Diploma ရမှာဖြစ်ပါတယ်။
Level(1) မှာ ဘာသာရပ်နှစ်ခုရှိပါတယ်။
- Commercial Calculations
-Book Keeping ဘာသာရပ်တစ်ခုခုကို ရွေးပြီးရပါတယ်။

 

Level (2)မှာကတော့
-Book Keeping & Account
-Business Calculations
-Cost Accounting
-Computrized Accounting ဆိုပြီး ကိုယ်နှစ်သက်တဲ့ဘာသာရပ်တစ်ခုကို ရွေးပြီးလို့ ရတယ်။

 

Level(3) အနေနဲ့ကတော့ ဘာသာရပ်(6)ခုရှိပြီးတော့ ဒီအထဲက(၃)ဘာသာက Level(2) မှာပါတဲ့ ဘာသာရပ်နောက်ဆုံးသုံးခုပါပြီးတာ အသစ်အနေနဲ့ ....
-Accounting(AIS).
-Advanced Business Calculation,
-Management Accounting တွေပါလာတာဖြစ်ပါတယ်။ Level(3)မှာတော့ အရင်လို Level(1) နဲ့ (2) လိုမဟုတ်ပဲနဲ့ စုစုပေါင်း သုံးဘာသာဖြေဆိုရပါတယ်။ သုံးဘာသာထဲမှာမှ ကိုယ်စိတ်ကြိုက်ဘာသာရပ်ကို Major ဘာသာရပ်ဆိုပြီး အရင်ဆုံးရွေးရပါတယ်။


Level(3) ပြီးသွားတဲ့အခါမှာ ကိုယ်ရွေးချယ်ထားတဲMajor ဘာသာရပ်နဲ့ ပဲ LCCI Diploma ရမှာဖြစ် လို့ ကိုယ်ရွေးတဲ့ Major Subject ကို သေသေချာချာစဉ်းစားပြီးရွေးဖို့ လိုပါတယ်။ ဒါ့အပြင် ဖြေဆိုရမယ့် ဘာသာရပ်သုံးခုမှာ ကိုယ်ရွေးချယ်ထားတဲ့ Major Subject ကကျသွာပြီး တခြားဘာသာရပ်တွေအောင်ပေမဲ့ LCCI Group Diplomas ကိုရမှာမဟုတ်ပါဘူး။ စုစုပေါင်း(၆)ဘာသာထဲက (၃)ဘာသာကို တစ်နှစ်အတွင်းအောင် အောင်ရင် Diploma in Business Studies ဆိုတာ ရနိုင်ပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံက LCCI Level(3) ဖြေဆိုသူတွေအတော်များများကတော Major Subject အပါအဝင် စုစုပေါင်းတစ်နှစ်အတွင်း လေးဘာသာဖြေဆိုကြပါ တယ်။ အကယ်၍ ခြေချော်လက်ချော် Major Subject ကျ သွားခဲ့ရင်လည်း အခြားဘာသာရပ်သုံးခုအောင်တဲ့အတွက် LCCI Group Diploma မရသေး မယ့်လည်း သူတို့ အနေနဲ့ Diploma in Business Study တော ရနိုင်မှာပါ။

 

စာမေးပွဲကြေးအနေနဲ့ကတော့ Lavel(1) ကတော့ အမေရိကန်ဒေါ်လာ 30 ပေးရပြီး Level(2) ကတော့ အမေရိကန်ဒေါ်လာ 35 ကြပါတယ်။ Level(3) မှာက ဆိုခဲ့သလိုပဲ အနည်းဆုံးလိုအပ်ချက် သုံးဘာသာဖြေရမှာဖြစ်ပြီး တစ်ဘာသာစီအတွက် စာမေးပွဲကြီးက ဒေါ်လာ 40 စီ ကုန်ကြမှာဖြစ် ပါတယ်။ သင်တန်းကြေးတွေအနေနဲ့ကတော သင်တန်းကျောင်းတွေအလိုက် အနည်းနဲ့ အများ ကွာခြားမှုလေးတွေတော့ရှိတတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် Level(1) နဲ့ Level(2)ကို ပေါင်းပြီး သင်လေ့ရှိကြပြီး သင်တန်းကြေးကတာ သင်တန်းကာလ (၆)လ အတွက် (၄၀၀၀၀)ရွာပ်နဲ့ (၅၀၀၀)ကျပ်ကြားမှာ ရှိတတ်ပါတယ်။

 

Level(3) ကတော သင်တန်းရမယ့် ဘာသာရပ်ကလည်း (3)ဘာသာဖြစ်တာရယ်၊ သူရဲ့ အအောင်၊ အဂျာကလည်း Diploma ရ၊ မရ နဲ့ တိုက်ရိုက်ပတ်သက် ဆက်စပ်နေတာ Level(1)(2) ထက် သင်တန်းကြေးပိုမြင့်ပါတယ်။ ဘာသာရပ်အလိုက်ယူရတဲ့ သင်တန်းကျောင်းတွေမှာ အနည်းဆုံးတစ်ဘာသာကို သင်တန်းကာလ (6)လ နီးပါးအတွက် သင်တန်းကြေးကို အနည်းဆုံး လေးသောင်းကနေ ငါးသောင်းအထိရှိတတ်ပြီး သုံးဘာသာယူတဲ့သူတွေအတွက်က တစ်သိန်းနှစ်သောင်းကနေ တစ်သိန်းခွဲ အထိရှိတတ်ပါတယ်။ အများဖြေသလို (4)ဘာသာယူမယ်ဆိုရင်တော့ တစ်ဘာသာစာပိုကုန်ကျမှာပေါ့။

 

Level(4) ကတော့ မြန်မာပြည်မှာတော့ ဖြေလို့ မရတော့ဘူး၊စာရင်းကိုင်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်မယ်လူငယ်အတောမှာကတော LCCI Level(3) အောင်သွားပြီးရင် စာရင်းအင်းနဲ့ ပတ်သက်တဲ့ Professional အဆင့် နိုင်ငံတကာစာမေးပွဲတွေဖြစ်တိ CAT နဲ့ ACCA စာမေးပွဲတွေ ကို အလုပ်လုပ်ရင်း အပိုင်းလိုက်သွားကြပါတယ်။
နောက်ဆက်တွဲရလဒ်ကတော့ LCCI International Qualification နဲ့ ပတ်သက်တဲ့Diploma အဆင့် အောင်မြင်ပြီးသူတွေဟာ UK နိုင်ငံအပါအဝင် နိုင်ငံတကာတက္ကသိုလ်တွေမှာ သက်ဆိုင်ရာဘာသာရပ်တွေရဲ့ ပထမနှစ်သင်တန်းတွေကို တက်ရောက်ခွင့်ရနိုင်မယ်လို့ ဆိုပါတယ်။ (ဥပမာအားဖြင့် မြန်မာနိုင်ငံမှာအဖြေများတဲ့ Finance & Accounting နဲ့ပတ်သက်တဲ့ ပထမနှစ်သင်တန်းတွေကို တက်လို့ ရပါတယ်။ ဒီလိုပဲ LCCI ရဲ့ အခြားဘာသာရပ်တွေမှာလည်း ထိုနည်း တူပဲ။ ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ ဆက်လက်ပညာသင်ယူမယ်လို့ ရည်ရွယ်ခွင့်ရှိသူတွေအနေနဲ့ ကလည်း LCCI စာမေးပွဲတွေမယ်လို့ ဆုံးဖြတ်ကတ ည်းက နိုင်ငံတကာတက္ကသိုလ်တွေမှာ ဝင်ခွင့်ရနိုင်တဲ့အခြေအနေတွေရှိတာကြောင့် စနစ်တာနဲ့ သင်ကြားဖြေဆိုမယ်ဆိုရင် ကိုယ်တိုင်လည်းတတ ကျွမ်းလာမှာဖြစ်သလို ကျောင်းသွားတတ်ဖို့ အတွက်လည်း အကောင်းဆုံးပြင်ဆင်နိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုရင်း အားလုံးအဆင်ပြေပါစေဗျာ..

 


Credit : Myanmar Network

 

Zawgyiျဖင့္ဖတ္ရန္

“LCCI ( The London Chamber of Commerce & Industry) အေၾကာင္းသိေကာင္းစရာ"
ယေန႕ေခတ္မွာ လူငယ္ေတြၾကားေရပန္းစား လာခ့ဲတဲ့ LCCI ဆုိတာကေတာ့ Landon Chamber of Commerce and Industry လိုေခၚတဲ့ လန္ဒန္ကုန္သည္ၾကီးမ်ား အသင္းကို ဆိုလိုျခင္းျဖစ္ပါတယ္။
လန္ဒန္ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (LCCI) ကို ၁၈၈၁ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္တြင္လန္ဒန္ၿမိဳ႕ရွိ Mansion House တြင္ အဖြဲ႕ဝင္ ၁၃၀ ျဖင့္တည္ေထာင္ခဲ့ပါတယ္။ ဒါဟာလန္ဒန္ၿမိဳ႕ျပကိုယ္စားျပဳျဖစ္ပါတယ္။
လန္ဒန္ကူးသန္းေရာင္းဝယ္ေရးႏွင့္စက္မႈကုန္သည္ႀကီးမ်ားအသင္းသည္အေရွ႕အလယ္ပိုင္းအသင္း၏မဟာဗ်ဴဟာမိတ္ဖက္မ်ားထဲမွတစ္ခုျဖစ္ၿပီးၿဗိတိသွ်ကုန္သည္မ်ားအသင္း (BCC) ၏အသိအမွတ္ျပဳအဖြဲ႕ဝင္လည္း ျဖစ္ပါတယ္။ေခတ္ေတြ ေျပာင္းၿပီးသြားတဲ့ေနာက္မွာ တျဖည္းျဖည္းနဲ႔ ဒီစာေမးပြဲေတြကို ဦးစီးၿပီးလုပ္ေပးတဲ့အဖြဲ႕ ေတြ ေျပာင္းလဲလာေပမဲ့ Education Development International လို႔ ေခၚတဲ့ အဖြဲ႕က ဒီစာေမးပြဲေတြကိုလက္ရွိတာဝန္ယူၿပီး ေဆာင္႐ြက္ေပးေနၿပီး စာေမးပြဲေတြကိုလည္း LCCI International Qualification Exam လို႔ တရားဝင္ေခၚဆိုပါတယ္။ ႏွစ္စဥ္ အာရွေဒသအပါအ၀င္ ကမာၻအရပ္ရပ္ကေန LCCI စာေမးပြဲေျဖဆို သူေပါင္းႏွစ္သိန္းေက်ာ္ရွိေနပါၿပီ။

တကယ္ေတာ့ LCCI Exam Board ေရာ Education Development International အဖြဲ႕ ေတြဟာ ေက်ာင္းေတြ ၊ တကၠသိုလ္ေတြမဟုတ္ၾကပါဘူး။ Professional Body လို႕ေခၚတဲ့ အခေၾကးေငြယူျ႔ပီး စာေမးပြဲ စစ္ေပးတဲ့ အဖြဲ႔ေတြပါ။ သက္မွတ္ထားတဲ့ Certificate, Diploma အတြက္ လိုအပ္တဲ့သင္႐ိုးၫႊန္းတမ္းေတြ ထုတ္ျပန္ေပးတာနဲ႔ စာေမးပြဲ စစ္ေပးတဲ့ အလုပ္ပဲလုပ္ပါတယ္။ သူတို႔ကိုယ္တိုင္က သင္တန္းေပးတာမ်ိဳးေတြ၊ ဆရာ တြဲအတြက္ သင္ေပးတာမ်ိဳးေတြ လုံးဝမလုပ္ပါဘူး။ ဆိုလိုတာက ဘယ္သူမဆို LCCI သင္႐ိုးၫႊန္းတမ္းေတြ နားလည္ရင္ LCCI Exam ျပင္ဆင္တဲ့ သ င္တန္းေတြ ဖြင့္လွစ္သင္ၾကားႏိုင္ပါတယ္။

 

LCCI စာေမးပြဲေတြဟာ စာရင္းအင္းနဲ႔ ပတ္သက္တဲ့ စာေမးပြဲေတြကိုစစ္ေပးတာတင္မကပဲ တျခားဘာသာရပ္ေတြျဖစ္တဲ့...............
Bussiness English Business, Administraion Marketing and Customer Services နဲ႔ IT ဘာသာရပ္ေတြကိုလည္းစစ္ေဆးေပးပါတယ္။ သင္ေပးႏိုင္တဲ့အေျခအေနအရေရာ စိတ္ဝင္စားမႈ အတို င္းအတာအရပါ Finance and Accounting နဲ႔ ပတ္သက္တဲ့ Lcci သင္တန္းေတြ၊စာေမးပြဲေတြကိုပဲ လူငယ္အတာမ်ားမွာ အကြၽမ္းတ၀င္ရွိေနၾကတာပါ။ စာေမးပြဲအခ်ိန္ ႏွစ္စဥ္ Series လို႔ ေခၚတဲ့ စာေမးပြဲ အႀကိမ္ေရ ေလးခုရွိၿပီး ဧၿပီလ၊ ဇြန္လ နဲ႔ ႏိုဝင္ဘာလေတြမွာရွိေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ ဇြန္လနဲ႔ ႏိုဝင္ဘာလေတြ LCCI စာေမးပြဲေတြကို ၿဗိတိေကာင္စီက ဦးစီးၿပီး ေက်ာင္းပေပးပါတယ္။ သတ္မွတ္ခ်ိန္မဟုတ္တဲ့ ၾကားကာလေတြမွာ ကိုယ္က သီးသန႔္ ေျဖခ်င္တယ္ဆို ရင္လည္း ၿဗိတိေကာင္စီက ထိေျဖဆိုႏိုင္ေအာင္စီစဥ္ေပးလို႔ ရေပမယ့္ ေမးတဲ့ေမးခြန္းေတြက သာမန္စာေမးပြဲအခ်ိန္ေတြမွာရတ္ ေမးခြန္းေတြလို မ ဟုတ္ပဲ သီးသန႔္ ေမးခြန္းကို ေျဖရမွာပါ။ ဒီေမးခြန္းက ပုံမွန္ထက္ခက္တယ္လို႔ ေျဖတံသူေတြ ေျပာၾကေပမဲ့ ဘယ္လိုခက္တယ္၊ ဘယ္ေလာက္ခက္တယ္ဆိုတာေတာ့ တိတိကဂ်ာမသိပါဘူး။ အေရးႀကီးတာက ကိုယ္တက္မဲ့သင္တန္းနဲ႔ ကိုယ္ႏိုင္မဲ့အေျခအေနနဲ႔ ခ်ိန္းထိုးၿပီးေတာ့ အေကာင္းဆုံးျပင္ ဆင္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ LCCI မွာပုံမွန္အားျဖင့္ Level (4)ခု ရွိၿပီးေတာ့ ျမန္မာႏိုင္ငံမွာေတာ့ အမ်ားစုက Level(3) အထိသာေျဖၾကပါတယ္။ Level တစ္ခုၿပီးတစ္ခု ေျဖရတာမဟုတပဲLevel 3 ကိုလည္းတိုက္ရို္္ေျဖဆိုႏိုင္ပါတယ္။ စာေမးပြေျဖဆိုသူေတာ္ေတာ္မ်ားမ်ားက Accounting & Finance ေတြနဲ႔ ပတ္သက္ၿပီး အေျခခံရေအာင္ Level(1) နဲ႔Laval2) ကိုသင္တန္းပဲတတ္ၿပီးလည္း စာေမးပြဲေတာ့ မေျဖၾကပါဘူး။ၿပီး မွပဲ Level(3)ကိုတတ္ၿပီး Level(3) စာေမးပြဲတန္းေျဖၾကပါတယ္။ စာေမးပြဲေၾကးသက္သာသလို စားေမးပြဲ ႏွစ္ႀကိမ္ေျဖရတာ သက္သာသြားတာေပါ့။


Level(3) ေအာင္ရင္ေတာ့ LCCI Diploma ရမွာျဖစ္ပါတယ္။
Level(1) မွာ ဘာသာရပ္ႏွစ္ခုရွိပါတယ္။
- Commercial Calculations
-Book Keeping ဘာသာရပ္တစ္ခုခုကို ေ႐ြးၿပီးရပါတယ္။

 

Level (2)မွာကေတာ့
-Book Keeping & Account
-Business Calculations
-Cost Accounting
-Computrized Accounting ဆိုၿပီး ကိုယ္ႏွစ္သက္တဲ့ဘာသာရပ္တစ္ခုကို ေ႐ြးၿပီးလို႔ ရတယ္။

 

Level(3) အေနနဲ႔ကေတာ့ ဘာသာရပ္(6)ခုရွိၿပီးေတာ့ ဒီအထဲက(၃)ဘာသာက Level(2) မွာပါတဲ့ ဘာသာရပ္ေနာက္ဆုံးသုံးခုပါၿပီးတာ အသစ္အေနနဲ႔ ....
-Accounting(AIS).
-Advanced Business Calculation,
-Management Accounting ေတြပါလာတာျဖစ္ပါတယ္။ Level(3)မွာေတာ့ အရင္လို Level(1) နဲ႔ (2) လိုမဟုတ္ပဲနဲ႔ စုစုေပါင္း သုံးဘာသာေျဖဆိုရပါတယ္။ သုံးဘာသာထဲမွာမွ ကိုယ္စိတ္ႀကိဳက္ဘာသာရပ္ကို Major ဘာသာရပ္ဆိုၿပီး အရင္ဆုံးေ႐ြးရပါတယ္။


Level(3) ၿပီးသြားတဲ့အခါမွာ ကိုယ္ေ႐ြးခ်ယ္ထားတဲMajor ဘာသာရပ္နဲ႔ ပဲ LCCI Diploma ရမွာျဖစ္ လို႔ ကိုယ္ေ႐ြးတဲ့ Major Subject ကို ေသေသခ်ာခ်ာစဥ္းစားၿပီးေ႐ြးဖို႔ လိုပါတယ္။ ဒါ့အျပင္ ေျဖဆိုရမယ့္ ဘာသာရပ္သုံးခုမွာ ကိုယ္ေ႐ြးခ်ယ္ထားတဲ့ Major Subject ကက်သြာျပီး တျခားဘာသာရပ္ေတြေအာင္ေပမဲ့ LCCI Group Diplomas ကိုရမွာမဟုတ္ပါဘူး။ စုစုေပါင္း(၆)ဘာသာထဲက (၃)ဘာသာကို တစ္ႏွစ္အတြင္းေအာင္ ေအာင္ရင္ Diploma in Business Studies ဆိုတာ ရႏိုင္ပါေသးတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံက LCCI Level(3) ေျဖဆိုသူေတြအေတာ္မ်ားမ်ားကေတာ Major Subject အပါအဝင္ စုစုေပါင္းတစ္ႏွစ္အတြင္း ေလးဘာသာေျဖဆိုၾကပါ တယ္။ အကယ္၍ ေျခေခ်ာ္လက္ေခ်ာ္ Major Subject က် သြားခဲ့ရင္လည္း အျခားဘာသာရပ္သုံးခုေအာင္တဲ့အတြက္ LCCI Group Diploma မရေသး မယ့္လည္း သူတို႔ အေနနဲ႔ Diploma in Business Study ေတာ ရႏိုင္မွာပါ။

 

စာေမးပြဲေၾကးအေနနဲ႔ကေတာ့ Lavel(1) ကေတာ့ အေမရိကန္ေဒၚလာ 30 ေပးရၿပီး Level(2) ကေတာ့ အေမရိကန္ေဒၚလာ 35 ၾကပါတယ္။ Level(3) မွာက ဆိုခဲ့သလိုပဲ အနည္းဆုံးလိုအပ္ခ်က္ သုံးဘာသာေျဖရမွာျဖစ္ၿပီး တစ္ဘာသာစီအတြက္ စာေမးပြဲႀကီးက ေဒၚလာ 40 စီ ကုန္ၾကမွာျဖစ္ ပါတယ္။ သင္တန္းေၾကးေတြအေနနဲ႔ကေတာ သင္တန္းေက်ာင္းေတြအလိုက္ အနည္းနဲ႔ အမ်ား ကြာျခားမႈေလးေတြေတာ့ရွိတတ္ပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ Level(1) နဲ႔ Level(2)ကို ေပါင္းၿပီး သင္ေလ့ရွိၾကၿပီး သင္တန္းေၾကးကတာ သင္တန္းကာလ (၆)လ အတြက္ (၄၀၀၀၀)႐ြာပ္နဲ႔ (၅၀၀၀)က်ပ္ၾကားမွာ ရွိတတ္ပါတယ္။

 

Level(3) ကေတာ သင္တန္းရမယ့္ ဘာသာရပ္ကလည္း (3)ဘာသာျဖစ္တာရယ္၊ သူရဲ႕ အေအာင္၊ အဂ်ာကလည္း Diploma ရ၊ မရ နဲ႔ တိုက္႐ိုက္ပတ္သက္ ဆက္စပ္ေနတာ Level(1)(2) ထက္ သင္တန္းေၾကးပိုျမင့္ပါတယ္။ ဘာသာရပ္အလိုက္ယူရတဲ့ သင္တန္းေက်ာင္းေတြမွာ အနည္းဆုံးတစ္ဘာသာကို သင္တန္းကာလ (6)လ နီးပါးအတြက္ သင္တန္းေၾကးကို အနည္းဆံုး ေလးေသာင္းကေန ငါးေသာင္းအထိရွိတတ္ၿပီး သုံးဘာသာယူတဲ့သူေတြအတြက္က တစ္သိန္းႏွစ္ေသာင္းကေန တစ္သိန္းခြဲ အထိရွိတတ္ပါတယ္။ အမ်ားေျဖသလို (4)ဘာသာယူမယ္ဆိုရင္ေတာ့ တစ္ဘာသာစာပိုကုန္က်မွာေပါ့။

 

Level(4) ကေတာ့ ျမန္မာျပည္မွာေတာ့ ေျဖလို႔ မရေတာ့ဘူး၊စာရင္းကိုင္အလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းလုပ္မယ္လူငယ္အေတာမွာကေတာ LCCI Level(3) ေအာင္သြားၿပီးရင္ စာရင္းအင္းနဲ႔ ပတ္သက္တဲ့ Professional အဆင့္ ႏိုင္ငံတကာစာေမးပြဲေတြျဖစ္တိ CAT နဲ႔ ACCA စာေမးပြဲေတြ ကို အလုပ္လုပ္ရင္း အပိုင္းလိုက္သြားၾကပါတယ္။
ေနာက္ဆက္တြဲရလဒ္ကေတာ့ LCCI International Qualification နဲ႔ ပတ္သက္တဲ့Diploma အဆင့္ ေအာင္ျမင္ၿပီးသူေတြဟာ UK ႏိုင္ငံအပါအ၀င္ ႏိုင္ငံတကာတကၠသိုလ္ေတြမွာ သက္ဆိုင္ရာဘာသာရပ္ေတြရဲ႕ ပထမႏွစ္သင္တန္းေတြကို တက္ေရာက္ခြင့္ရႏိုင္မယ္လို႔ ဆိုပါတယ္။ (ဥပမာအားျဖင့္ ျမန္မာႏိုင္ငံမွာအေျဖမ်ားတဲ့ Finance & Accounting နဲ႔ပတ္သက္တဲ့ ပထမႏွစ္သင္တန္းေတြကို တက္လို႔ ရပါတယ္။ ဒီလိုပဲ LCCI ရဲ႕ အျခားဘာသာရပ္ေတြမွာလည္း ထိုနည္း တူပဲ။ ဒါေၾကာင့္ ျပည္ပႏိုင္ငံေတြမွာ ဆက္လက္ပညာသင္ယူမယ္လို႔ ရည္႐ြယ္ခြင့္ရွိသူေတြအေနနဲ႔ ကလည္း LCCI စာေမးပြဲေတြမယ္လို႔ ဆုံးျဖတ္ကတ ည္းက ႏိုင္ငံတကာတကၠသိုလ္ေတြမွာ ဝင္ခြင့္ရႏိုင္တဲ့အေျခအေနေတြရွိတာေၾကာင့္ စနစ္တာနဲ႔ သင္ၾကားေျဖဆိုမယ္ဆိုရင္ ကိုယ္တိုင္လည္းတတ ကြၽမ္းလာမွာျဖစ္သလို ေက်ာင္းသြားတတ္ဖို႔ အတြက္လည္း အေကာင္းဆုံးျပင္ဆင္ႏိုင္မယ့္အခြင့္အေရးတစ္ခုျဖစ္ပါေစလို႔ ဆႏၵျပဳရင္း အားလုံးအဆင္ေျပပါေစဗ်ာ..

 


Credit : Myanmar Network

Read times
Rate this articles
(0 votes)