×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 05 March 2020

"ေႏြရာသီ ေက်ာင္းပိတ္ရက္ေတြမွာ သားသားမီးမီး၊ ညီ၊ ညီမေလးေတြကို ေလ့လာခိုင္းသင့္တဲ့ အရာ (၅) ခု"

"ေႏြရာသီ ေက်ာင္းပိတ္ရက္ေတြမွာ သားသားမီးမီး၊ ညီ၊ ညီမေလးေတြကို ေလ့လာခိုင္းသင့္တဲ့ အရာ (၅) ခု" freepick

မကြာခင်မှာပဲ စာမေးပွဲတွေ ဖြေဆိုလို့နွေရာ သီ ကျောင်းပိတ်ရက်ရှည်ကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။

ကျောင်းပိတ်ရက်တွေမှာ အနားယူရင်း မိမိ ဘဝတိုးတက်ဖို့ရာ အတွက် အထောက်အကူဖြစ်စေမယ့် အတတ်ပညာတွေ ကို လည်း တစ်ဖက်တဟ်လမ်းက နေ သင်ယူလေ့လာ ထားသင့်ပါတယ်။ ဒါကြောင့် လူငယ်တွေ အနေနဲ့ နွေရာသီကျောင်း ပိတ်ရက်တွေမှာ ဘယ်လို အတက်ပညာတွေကို လေ့လာထားသင့်လဲ ဆိုတော့…


(၁) ကွန်ပျူတာသင်ခိုင်းပါ
ယနေ့ခေတ်မှာဆိုရင်တော့ ရေပန်းအစားဆုံးကတော့ ကွန်ပျူတာဆိုတဲ့ နည်းပညာပါပဲ။ ကွန်ပျူတာဆိုပေမယ့် Excel နဲ့ Word လောက်မှ မသုံးတတ်ရင် အလုပ်ဝင်ဆိုတာ သိပ်မလွယ်ကူပါဘူး။
နောက်ပြီး ပိုအရေးကြီးတာ လုပ်ငန်းခွင်အတော်များများမှာ Presentation တွေ လုပ်ရပါတယ်။ အဲ့အခါကျရင် မိမိအနေဖြင့် Power Point ကို ကျွမ်းကျွမ်း ကျင်ကျင် တတ်ထားဖို့ လိုအပ်လာပါတယ်။ ကွန်ပျူတာကို အခြေခံ လောက်ကတော့ အတော်များများ တတ်ပြီးသားဆိုပေမယ့် မြန်မာစာ စာစီစာရိုက်နဲ့ Graphic Design Basic လေးပါတတ်ရင်တော့ ပိုအဆင်ပြေပါတယ်။ တိုးတက်နေတဲ့ နိုင်ငံတွေမှာ ဆိုရင် ၁၀ နှစ်သားလောက်ကစပြီး ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေကြပါပြီ။

 


(၂) ဘာသာစကား တစ်ခုခုသင်ယူခိုင်းပါ
အများစုကတော့ အင်္ဂလိပ်စာ သင်တန်း၊ ဂျပန်သင်တန်းတို့၊ တရုတ်သင်တန်းတို့ ကို တက်ကြတာများပါတယ်။ ကိုယ့်ညီငယ်၊ ညီမငယ်တို့ကို အကြံပေးချင်တာကတော့ အင်္ဂလိပ်ဘာသာစကားကိုတော့ အခုချိန်ကတည်းက သေသေချာချာလေ့လာထားဖို့လိုအပ်ပါတယ်။

 


(၃) အနုပညာ တစ်ခုခုကို လေ့လာခိုင်းပါ
အနုပညာ ဝါသနာပါတဲ့ ကလေးတွေ အများရှိမယ်လို့ ထင်ပါတယ်။ ဂစ်တာ တီးချင်လား ? ဂစ်တာသင်တန်းတတ်ပါ၊ တခြား ပန်းချီ ၊ ပီယာနို ၊ Vocal အစရှိတာတွေ ထဲက ဝါသနာ ပါတဲ့ အရာ တစ်ခုခု ကို လေ့လာခိုင်းပါ။ ကျန်တဲ့ အချိန်ပိုတွေမှာလည်း အဲ့ပညာရပ် တွေကို သေချာပြန်လေ့ကျင့်ဖို့ မပျင်းပါနဲ့။ ဂီတပညာကို သင်ယူလေ့လာခြင်းဟာလည်း ဦးနှောက်စွမ်းရည် တိုးတက်ဖို့အတွက် အထောက်အကူဖြစ်စပါတယ်။

Sayar Guice banner design 2 3


(၄) Workshop တွေသွားခိုင်းပါ
သင်တန်းကြေးတွေ အများကြီး အကုန်မခံလိုတဲ့ ကလေးတွေကိုတော့ Workshop တွေ Join ဖို့ အကို ညွှန်းချင်ပါတယ်။ အထူးသဖြင့် ဓါတ်ပုံရိုက်တာ ဝါသနာပါတဲ့ လူတွေအတွက် Workshop တော်တော်များများရှိပါတယ်။ YU Photography Club , နောက် ပြင်သစ် သံရုံး ( Institut Francais de Birmanie) နဲ့ ဂျာမန် သံရုံး (Gothe Institute) က ဦးစီးပြီး လုပ်တဲ့ Workshop တွေက တကယ်ကောင်းပါတယ်။

 


(၅) ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းတွေ တက်ခိုင်းပါ
ဒီအချက်ကတော့ အရမ်းကို အရေးကြီးပါတယ်။ နွေရာသီကျောင်းပိတ်ပြီဆိုလျှင် ကျောင်းသားကျောင်းသူ များတက်ရောက်ကြတဲ့ သင်တန်းများတွင် ယဉ်ကျေးလိမ္မာ သင်တန်းများလည်း အပါအဝင်ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူတိုင်း တက်ရောက်သင်ယူထားသင့်သော သင်တန်းဖြစ်ပါတယ်။ ယဉ်ကျေးမှုသင်တန်းများဟာ သင် ယူချိန်ကာလ တိုတောင်းလှသော်လည်း ကျောင်းသား ကျောင်းသူများအတွက် များစွာအကျိုးရှိသော သင်တန်းဖြစ်ပါတယ်။ ထိုသင်တန်းများသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဟု ဆိုကြသော်လည်း ဘဝတစ်လျှောက်လုံး နေတတ်ထိုင်တတ်၊ ပြောတတ်၊ ဆိုတတ်စေရန် သင်ယူရခြင်းဖြစ်ပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းများကို အများအားဖြင့် ဆရာတော်သံဃာတော်များက သင်ကြားပေးလေ့ရှိပါတယ်။ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်စသည့် ဆက်ဆံရေးများကအစ ဆရာတော်များက သင်ကြားပေးလေ့ရှိပါတယ်။ ဤသင်တန်းများသည် လူတော်လူကောင်းတစ်ယောက် ဖြစ်လာရန် များစွာ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဘာသာတရားကိုင်းရှိုင်း မှုအားကောင်းလာပြီး လိမ္မာယဉ်ကျေးသော လူငယ်များ ဖြစ်လာနိုင်ပါတယ်။

အခုဖော်ပြပေးခဲ့တာ ကတော့ နွေရာသီ ကျောင်းပိတ်ရက်တွေ မှာ လူကြီး မိဘများ အနေနဲ့ မိမိရဲ့ သားသမီးတွေကို လေ့လာခိုင်းသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

 

 

Zawgyi ျဖင့္ဖတ္ရန္

"ေႏြရာသီ ေက်ာင္းပိတ္ရက္ေတြမွာ သားသားမီးမီး၊ ညီ၊ ညီမေလးေတြကို ေလ့လာခိုင္းသင့္တဲ့ အရာ (၅) ခု"
မၾကာခင္မွာပဲ စာေမးပြဲေတြ ေျဖဆိုလို႕ေႏြရာ သီ ေက်ာင္းပိတ္ရက္ရွည္ကို ေရာက္ရွိေတာ့မွာပဲ ျဖစ္ပါတယ္။ ေက်ာင္းပိတ္ရက္ေတြမွာ အနားယူရင္း မိမိ ဘဝတိုးတက္ဖို႕ရာ အတြက္ အေထာက္အကူျဖစ္ေစမယ့္ အတတ္ပညာေတြ ကို လည္း တစ္ဖက္တဟ္လမ္းက ေန သင္ယူေလ့လာ ထားသင့္ပါတယ္။ ဒါေၾကာင့္ လူငယ္ေတြ အေနနဲ႔ ေႏြရာသီေက်ာင္း ပိတ္ရက္ေတြမွာ ဘယ္လို အတက္ပညာေတြကုိ ေလ့လာထားသင့္လဲ ဆိုေတာ့…


(၁) ကြန္ပ်ဴတာသင္ခိုင္းပါ
ယေန႔ေခတ္မွာဆုိရင္ေတာ့ ေရပန္းအစားဆုံးကေတာ့ ကြန္ပ်ဴတာဆိုတဲ့ နည္းပညာပါပဲ။ ကြန္ပ်ဴတာဆုိေပမယ့္ Excel နဲ႔ Word ေလာက္မွ မသုံးတတ္ရင္ အလုပ္ဝင္ဆုိတာ သိပ္မလြယ္ကူပါဘူး။
ေနာက္ၿပီး ပိုအေရးႀကီးတာ လုပ္ငန္းခြင္အေတာ္မ်ားမ်ားမွာ Presentation ေတြ လုပ္ရပါတယ္။ အဲ့အခါက်ရင္ မိမိအေနျဖင့္ Power Point ကို ကၽြမ္းကၽြမ္း က်င္က်င္ တတ္ထားဖို႔ လိုအပ္လာပါတယ္။ ကြန္ပ်ဴတာကို အေျခခံ ေလာက္ကေတာ့ အေတာ္မ်ားမ်ား တတ္ၿပီးသားဆိုေပမယ့္ ျမန္မာစာ စာစီစာရိုက္နဲ႔ Graphic Design Basic ေလးပါတတ္ရင္ေတာ့ ပိုအဆင္ေျပပါတယ္။ တိုးတက္ေနတဲ့ ႏိုင္ငံေတြမွာ ဆိုရင္ ၁၀ ႏွစ္သားေလာက္ကစျပီး ကြန္ပ်ဴတာကို ကၽြမ္းကၽြမ္းက်င္က်င္ အသံုးျပဳတတ္ေနၾကပါျပီ။ 

 


(၂) ဘာသာစကား တစ္ခုခုသင္ယူခိုင္းပါ
အမ်ားစုကေတာ့ အဂၤလိပ္စာ သင္တန္း၊ ဂ်ပန္သင္တန္းတို႔၊ တရုတ္သင္တန္းတို႔ ကို တက္ၾကတာမ်ားပါတယ္။ ကိုယ့္ညီငယ္၊ ညီမငယ္တို႔ကုိ အႀကံေပးခ်င္တာကေတာ့ အဂၤလိပ္ဘာသာစကားကိုေတာ့ အခုခ်ိန္ကတည္းက ေသေသခ်ာခ်ာေလ့လာထားဖို႕လိုအပ္ပါတယ္။

 


(၃) အႏုပညာ တစ္ခုခုကို ေလ့လာခုိင္းပါ
အႏုပညာ ဝါသနာပါတဲ့ ကေလးေတြ အမ်ားရွိမယ္လုိ႔ ထင္ပါတယ္။ ဂစ္တာ တီးခ်င္လား ? ဂစ္တာသင္တန္းတတ္ပါ၊ တျခား ပန္းခ်ီ ၊ ပီယာႏို ၊ Vocal အစရွိတာေတြ ထဲက ဝါသနာ ပါတဲ့ အရာ တစ္ခုခု ကို ေလ့လာခိုင္းပါ။ က်န္တဲ့ အခ်ိန္ပိုေတြမွာလည္း အဲ့ပညာရပ္ ေတြကို ေသခ်ာျပန္ေလ့က်င့္ဖို႔ မပ်င္းပါနဲ႔။ ဂီတပညာကို သင္ယူေလ့လာျခင္းဟာလည္း ဦးေႏွာက္စြမ္းရည္ တိုးတက္ဖို႕အတြက္ အေထာက္အကူျဖစ္စပါတယ္။

Sayar Guice banner design 2 3

 


(၄) Workshop ေတြသြားခိုင္းပါ
သင္တန္းေၾကးေတြ အမ်ားႀကီး အကုန္မခံလိုတဲ့ ကေလးေတြကိုေတာ့ Workshop ေတြ Join ဖို႔ အကို ညႊန္းခ်င္ပါတယ္။ အထူးသျဖင့္ ဓါတ္ပုံရိုက္တာ ဝါသနာပါတဲ့ လူေတြအတြက္ Workshop ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ YU Photography Club , ေနာက္ ျပင္သစ္ သံရုံး ( Institut Francais de Birmanie) နဲ႔ ဂ်ာမန္ သံရုံး (Gothe Institute) က ဦးစီးၿပီး လုပ္တဲ့ Workshop ေတြက တကယ္ေကာင္းပါတယ္။

 


(၅) ယဥ္ေက်းလိမၼာ သင္တန္းေက်ာင္းေတြ တက္ခိုင္းပါ
ဒီအခ်က္ကေတာ့ အရမ္းကို အေရးၾကီးပါတယ္။ ေႏြရာသီေက်ာင္းပိတ္ၿပီဆိုလွ်င္ ေက်ာင္းသားေက်ာင္းသူ မ်ားတက္ေရာက္ၾကတဲ့ သင္တန္းမ်ားတြင္ ယဥ္ေက်းလိမၼာ သင္တန္းမ်ားလည္း အပါအဝင္ျဖစ္ပါသည္။ ေက်ာင္းသားေက်ာင္းသူတိုင္း တက္ေရာက္သင္ယူထားသင့္ေသာ သင္တန္းျဖစ္ပါတယ္။ ယဥ္ေက်းမႈသင္တန္းမ်ားဟာ သင္ ယူခ်ိန္ကာလ တိုေတာင္းလွေသာ္လည္း ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ မ်ားစြာအက်ိဳးရွိေသာ သင္တန္းျဖစ္ပါတယ္။ ထိုသင္တန္းမ်ားသည္ ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္းဟု ဆိုၾကေသာ္လည္း ဘဝတစ္ေလွ်ာက္လုံး ေနတတ္ထိုင္တတ္၊ ေျပာတတ္၊ ဆိုတတ္ေစရန္ သင္ယူရျခင္းျဖစ္ပါတယ္။ ယဥ္ေက်းလိမၼာသင္တန္းမ်ားကို အမ်ားအားျဖင့္ ဆရာေတာ္သံဃာေတာ္မ်ားက သင္ၾကားေပးေလ့ရွိပါတယ္။ မိဘႏွင့္သားသမီး၊ ဆရာႏွင့္တပည့္စသည့္ ဆက္ဆံေရးမ်ားကအစ ဆရာေတာ္မ်ားက သင္ၾကားေပးေလ့ရွိပါတယ္။ ဤသင္တန္းမ်ားသည္ လူေတာ္လူေကာင္းတစ္ေယာက္ ျဖစ္လာရန္ မ်ားစြာ အေထာက္အပံ့ျဖစ္ေစႏိုင္ပါတယ္။ ဘာသာတရားကိုင္းရႈိင္း မႈအားေကာင္းလာၿပီး လိမၼာယဥ္ေက်းေသာ လူငယ္မ်ား ျဖစ္လာႏိုင္ပါတယ္။

အခုေဖာ္ျပေပးခဲ့တာ ကေတာ့ ေနြရာသီ ေက်ာင္းပိတ္ရက္ေတြ မွာ လူၾကီး မိဘမ်ား အေနနဲ႕ မိမိရဲ႕ သားသမီးေတြကို ေလ့လာခုိင္းသင့္တဲ့ အရာေတြပဲ ျဖစ္ပါတယ္။

Read times
Rate this articles
(1 Vote)