×
Warning
JUser: :_load: Unable to load user with ID: 723
Student
Thursday, 28 September 2017
အသုံးဝင်သော အင်္ဂလိပ်စကား အသုံးအနှုန်းများ-၂ (Good heavens/ Don’t get your hopes up/ Any luck)
အသုံးဝင်သော အင်္ဂလိပ်စကား အသုံးအနှုန်းများ-၂ (Good heavens/ Don’t get your hopes up/ Any luck) google.com
မြတ်စွာဘုရား အဲ့ဒီကြောက်ဖို့ကောင်းတဲ့ အသံက ဘာသံကြီးလဲ။
Any luck? (………ရဲ့လား)
Unicode
Good heavens! (မြတ်စွာဘုရား)
You use good heavens! When you are very surprised, shocked or annoyed by something.
မြတ်စွာဘုရား (good heavens!) တစ်စုံတစ်ရာနှင့် ပက်သက်ပြီး အံ့သြခြင်း၊ ထိတ်လန့်ခြင်း (သို့မဟုတ်) စိတ်အနှောင့်အယှက် ဖြစ်သည့်အခါမျိုးတွင် သုံးနိုင်သည်။
•    Good heavens!  What was that terrible noise!
မြတ်စွာဘုရား။ အဲ့ဒီကြောက်ဖို့ကောင်းတဲ့ အသံက ဘာသံကြီးလဲ။
•    Good heavens!  I didn’t recognize you with blonde hair.
မြတ်စွာဘုရား။ နင့်ကို ရွှေရောင်ဆံပင်နဲ့ မှတ်တောင်မမှတ်မိဘူး။
You can use heavens!  in the same way.
ဘုရားရေ (heavens!)  ကိုလည်း အလားတူသုံးနိုင်သည်။
•    Heavens!  I must run! The bakery will be closed in a few minutes.
ဘုရားရေ။ ငါပြေးမှပဲ။ ပေါင်မုန့်ဆိုင်က နောက်မိနစ်အနည်းငယ်ဆို ပိတ်တော့မယ်။
Recommended for you - အချိန်တန်ရင်
Don’t get your hopes up (သိပ်လည်းမျှော်လင့်မနေနဲ့ဦး)
You say don’t get your hopes up when you are warming someone not to be very hopeful or optimistic.
သိပ်လည်းမျှော်လင့်မနေနဲ့ဦး (don’t get your hopes up)  ကို တစ်စုံတစ်ယောက်အား သိပ်မမျှော်လင့် (သို့မဟုတ်) အကောင်းမြင်မနေ ရန် သတိပေးသည့်အခါတွင် သုံးသည်။
•    I’ll see if I can get you a ticket for the concert, but don’t get your hopes up. There were very few left yesterday.
မင်းအတွက် ဖျော်ဖြေပွဲ လက်မှတ်ရနိုင်မလား ကြည့်လိုက်ဦးမယ်။ ဒါပေမယ့် သိပ်လည်းမျှော်လင့်မနေနဲ့ဦး။ မနေ့ကတောင် နည်းနည်းပဲကျန်တော့တာ။
Dad might lend you the money for your trip but don’t get your hopes up. His business isn’t doing very well just now.
အဖေက မင်းကို ခရီးအတွက် ပိုက်ဆံချေးရင် ချေးမှာပေါ့။ ဒါပေမယ့် သိပ်လည်းမျှော်လင့်မနေနဲ့ဦး။ သူ့စီးပွါးရေးက အခုတစ်လော သိပ်ကောင်းတာ မဟုတ်ဘူး။
Recommended for you - စိတ်ဖိစီးမှုတွေရဲ့ အဝေး
Any luck? (………ရဲ့လား)
You say any luck?  When you want to find out if someone has been successful at something.
………ရဲ့လား(…….)ကို တစ်စုံတစ်ယောက်က ကိစ္စတစ်ခုခုကို ဆောင်ရွက်ရာတွင် အောင်မြင်မှုရှိမရှိကို သိလိုသောအခါ အသုံးပြုသည်။
•    I’ve been looking for my lost keys. ‘Any luck?’
ငါသော့ပျောက်လို့ လိုက်ရှာနေတာ။ တွေ့ရဲ့လား။
I’ve been trying to find a flat to rent ‘Any luck?’
ငါ ငှားဖို့ တိုက်ခန်း လိုက်ရှာနေတာ။ တွေ့ရဲ့လား။
Credit; Myanmar-network.net
Read times Last modified on Friday, 27 December 2019 16:03
Rate this articles
(1 Vote)