×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 08 January 2021

ဆေးတက္ကသိုလ်သင်တန်းများ ဇန်နဝါရီလ တတိယပတ် တွင်ပြန်လည်ဖွင့်နိုင်ချေရှိ

 ဆေးတက္ကသိုလ်သင်တန်းများ ဇန်နဝါရီလ တတိယပတ် တွင်ပြန်လည်ဖွင့်နိုင်ချေရှိ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာယီရပ်နားထားသည့် ဆေးတက္ကသိုလ်သင်တန်း များမှ နောက်ဆုံးနှစ် အပိုင်း(ခ)နောက်ဆက်တွဲအတန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “ကျွန်တော်တို့ ဆေးတက္ကသိုလ်တွေက နောက်ဆုံးနှစ်မှာ အပိုင်း(က) နဲ့ (ခ) ဆိုပြီး ရှိပါတယ်။

 

အဲဒီမှာ နောက်ဆုံးနှစ် အပိုင်း(ခ)က တကယ်တော့ တစ်နှစ်ခွဲ တက်ရပါတယ်။ ဒါပေမယ့် အဲဒီမှာ ဆပ်ပလီဆိုတဲ့အတန်းတစ်တန်းကျန်နေသေးပါတယ်။ ဆပ်ပလီဆိုတာ သူ့ရှေ့ကလူတွေက အောင်သွားတယ်။ ပုံမှန် စာမေးပွဲအောင်ပြီး အခု ဟောက်စ်ဆင်းလို့ ပြီးသွားပြီ။ အဲဒီဟာနဲ့အတူတူက ကျန်ခဲ့တာ ဆပ်ပလီတန်း၊ နောက်ဆက်တွဲတန်းဖြစ်ပါတယ်။

 

အဲဒါက ကျွန်တော်တို့ကျောင်းမှာဆိုရင် ၂၇ ယောက်ရှိပါတယ်။ ကျောင်းသား တစ်ယောက်ချင်းစီကို ကျွန်တော်တို့ အကြောင်းကြားပါတယ်။ အချို့ကလည်း ခရီးလွန်နေတာဆိုတော့ သူတို့ကို အကြောင်းကြားတာတွေ လုပ်နေပါတယ်။ ရောက်လာတဲ့အခါ ဆေးစစ်တာတွေလုပ်ပြီးရင် သူတို့ကို စာသင်မယ်။ နှစ်ပတ်သင် တစ်ပတ်နားပြီးတော့ နောက်တစ်ပတ်ကျရင် စာမေး ပွဲစစ်ပါမယ်။

 

သူတို့က တကယ်တမ်းတော့ ကျောင်းတက်ပြီးသားတွေဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုတာက ပုံမှန်ကျောင်းတက်ပြီးသား စာမေးပွဲဖြေဖို့ပဲ ကျန်တော့ တဲ့သူတွေဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် အထူးသဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်က အရေးကြီးပါတယ်။ အဲဒါတွေရဖို့အတွက် ဒီသင်တန်း တွေက တစ်ခုပြီးတစ်ခု ဆက်ပြီးဖွင့်သွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအတွက်ကလည်း အရေးကြီး ပါတယ်။ ကျောင်းတွေဖွင့်တာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ အကောင်းဆုံး နဲ့ အဆင်ပြေဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ ကိုဗစ် Negative ဖြစ်တဲ့နေရာတွေမှာပဲ သူတို့ကိုသင်ကြားဖို့ ပြင်ဆင်ထားပါတယ်။ ဗီဒီယိုကွန်ဖရင့် စနစ်နဲ့ သင်ကြားနိုင်အောင်၊ အွန်လိုင်းကနေ သင်ကြားနိုင်အောင် ပြင်ဆင်ထား ပါတယ်။ အွန်လိုင်းနဲ့ Face to Face နဲ့ပေါင်းပြီး သင်တဲ့နည်းနဲ့ သင်ဖို့ပြင်ဆင် ထားပါတယ်” ဟု ပြောကြားခဲ့သည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလတတိယပတ်တွင် ပြန်လည်ဖွင့်လှစ်ပေးမည့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) နောက်ဆက်တွဲအတန်းကို တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ရန် ရှိနေကြောင်း၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) ပုံမှန်အတန်းကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ တင်ပြထား ကြောင်း သိရသည်။

 

Source: The Mirror Daily
Credit : EDGE

 

 

ေဆးတကၠသိုလ္သင္တန္းမ်ား ဇန္နဝါရီလ တတိယပတ္ တြင္ျပန္လည္ဖြင့္ႏိုင္ေခ်ရွိ

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ယာယီရပ္နားထားသည့္ ေဆးတကၠသိုလ္သင္တန္း မ်ားမွ ေနာက္ဆုံးႏွစ္ အပိုင္း(ခ)ေနာက္ဆက္တြဲအတန္းကို ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ တတိယပတ္တြင္ ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

 

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး တက္ေရာက္မည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေဆးတကၠသိုလ္(၁)ရန္ကုန္ ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက “ကြၽန္ေတာ္တို႔ ေဆးတကၠသိုလ္ေတြက ေနာက္ဆုံးႏွစ္မွာ အပိုင္း(က) နဲ႔ (ခ) ဆိုၿပီး ရွိပါတယ္။

 

အဲဒီမွာ ေနာက္ဆုံးႏွစ္ အပိုင္း(ခ)က တကယ္ေတာ့ တစ္ႏွစ္ခြဲ တက္ရပါတယ္။ ဒါေပမယ့္ အဲဒီမွာ ဆပ္ပလီဆိုတဲ့အတန္းတစ္တန္းက်န္ေနေသးပါတယ္။ ဆပ္ပလီဆိုတာ သူ႔ေရွ႕ကလူေတြက ေအာင္သြားတယ္။ ပုံမွန္ စာေမးပြဲေအာင္ၿပီး အခု ေဟာက္စ္ဆင္းလို႔ ၿပီးသြားၿပီ။ အဲဒီဟာနဲ႔အတူတူက က်န္ခဲ့တာ ဆပ္ပလီတန္း၊ ေနာက္ဆက္တြဲတန္းျဖစ္ပါတယ္။

 

အဲဒါက ကြၽန္ေတာ္တို႔ေက်ာင္းမွာဆိုရင္ ၂၇ ေယာက္ရွိပါတယ္။ ေက်ာင္းသား တစ္ေယာက္ခ်င္းစီကို ကြၽန္ေတာ္တို႔ အေၾကာင္းၾကားပါတယ္။ အခ်ိဳ႕ကလည္း ခရီးလြန္ေနတာဆိုေတာ့ သူတို႔ကို အေၾကာင္းၾကားတာေတြ လုပ္ေနပါတယ္။ ေရာက္လာတဲ့အခါ ေဆးစစ္တာေတြလုပ္ၿပီးရင္ သူတို႔ကို စာသင္မယ္။ ႏွစ္ပတ္သင္ တစ္ပတ္နားၿပီးေတာ့ ေနာက္တစ္ပတ္က်ရင္ စာေမး ပြဲစစ္ပါမယ္။

 

သူတို႔က တကယ္တမ္းေတာ့ ေက်ာင္းတက္ၿပီးသားေတြျဖစ္ပါတယ္။ ေနာက္ဆက္တြဲ ဆိုတာက ပုံမွန္ေက်ာင္းတက္ၿပီးသား စာေမးပြဲေျဖဖို႔ပဲ က်န္ေတာ့ တဲ့သူေတြျဖစ္ပါတယ္။ လူ႔စြမ္းအားအရင္းအျမစ္ အထူးသျဖင့္ က်န္းမာေရး လူ႔စြမ္းအားအရင္းအျမစ္က အေရးႀကီးပါတယ္။ အဲဒါေတြရဖို႔အတြက္ ဒီသင္တန္း ေတြက တစ္ခုၿပီးတစ္ခု ဆက္ၿပီးဖြင့္သြားမွာ ျဖစ္ပါတယ္။

 

ဒါ့အျပင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ပညာေရးအတြက္ကလည္း အေရးႀကီး ပါတယ္။ ေက်ာင္းေတြဖြင့္တာကို ကြၽန္ေတာ္တို႔က ႀကိဳဆိုပါတယ္။ အေကာင္းဆုံး နဲ႔ အဆင္ေျပဆုံးျဖစ္ေအာင္ ဝိုင္းဝန္းႀကိဳးစားဖို႔ လိုပါတယ္။ ကိုဗစ္ Negative ျဖစ္တဲ့ေနရာေတြမွာပဲ သူတို႔ကိုသင္ၾကားဖို႔ ျပင္ဆင္ထားပါတယ္။ ဗီဒီယိုကြန္ဖရင့္ စနစ္နဲ႔ သင္ၾကားႏိုင္ေအာင္၊ အြန္လိုင္းကေန သင္ၾကားႏိုင္ေအာင္ ျပင္ဆင္ထား ပါတယ္။ အြန္လိုင္းနဲ႔ Face to Face နဲ႔ေပါင္းၿပီး သင္တဲ့နည္းနဲ႔ သင္ဖို႔ျပင္ဆင္ ထားပါတယ္” ဟု ေျပာၾကားခဲ့သည္။

 

၂၀၂၁ ခုႏွစ္ ဇန္နဝါရီလတတိယပတ္တြင္ ျပန္လည္ဖြင့္လွစ္ေပးမည့္ ေဆးတကၠသိုလ္ ေနာက္ဆုံးႏွစ္ အပိုင္း(ခ) ေနာက္ဆက္တြဲအတန္းကို တစ္ႏိုင္ငံ လုံးအတိုင္းအတာအေနျဖင့္ ေက်ာင္းသား ေက်ာင္းသူ စုစုေပါင္း ၁၀၀ ခန႔္ တက္ေရာက္ရန္ ရွိေနေၾကာင္း၊ ေဆးတကၠသိုလ္ ေနာက္ဆုံးႏွစ္အပိုင္း(ခ) ပုံမွန္အတန္းကိုလည္း ဖြင့္လွစ္ေပးႏိုင္ရန္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ ဦးစီးဌာနမွတစ္ဆင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနထံ တင္ျပထား ေၾကာင္း သိရသည္။

 

Source: The Mirror Daily
Credit : EDGE

Read times Last modified on Friday, 08 January 2021 16:05
Rate this articles
(0 votes)