×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 21 December 2021

ASEAN Excellence Scholarships at University of Newcastle, Australia

ASEAN Excellence Scholarships at University of Newcastle, Australia

Newcastle တက္ကသိုလ်တွင် ပညာသင်ကြားရန် စွမ်းဆောင်ရည်မြင့် ကျောင်းသားများအတွက်  ASEAN Excellence Scholarship ကို မိတ်ဆက်ပေးချင်ပါတယ်။

Australia နိုင်ငံ University of Newcastle ကနေ အာဆီယံနိုင်ငံတွေမှာ ရှိတဲ့ ကျောင်းသား/သူတွေကို ပေးတဲ့ ASEAN Scholarship ပဲ ဖြစ်ပါတယ်။ English Language ကို အသုံးများတဲ့ နိုင်ငံဖြစ်တဲ့အတွက် English Language Proficient ဖြစ်ရုံနဲ့ ဒီ scholarship ကို လျှောက်ထားနိုင်ပါတယ်။

University of Newcastle ဟာဆိုရင်  World Ranking (197) မှာ ရှိတဲ့ တက္ကသိုလ် တစ်ခုဖြစ်ပြီး Bachelor or Master Degree ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Master of Business Administration (MBA) နဲ့ သက်ဆိုင်တဲ့ programme (14) ခုကိုလည်း လေ့လာနိုင်ပါတယ်။

>>> လျှောက်ထားနိုင်တဲ့ နိုင်ငံတွေကတော့ မြန်မာနိုင်ငံအပါအဝင် အာစီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့ပဲဖြစ်ပါတယ်။  လျှောက်ထားသူဟာ ASEAN နိုင်ငံတွေရဲ့နိုင်ငံသားဖြစ်ရပါမယ်။

>>> ပညာအရည်အချင်း လိုအပ်ချက်အနေနဲ့ဆိုရင် IELTS or TOEFL or SAT or C1 Advanced or ACT or PTE Academic တစ်ခုခု ရှိရုံနဲ့ လျှောက်ထားနိုင်ပါတယ်။

>>> ASEAN scholarship ကို apply လုပ်ဖို့အတွက် လိုအပ်တဲ့ အချက်လက်တွေကတော့ Academic transcript ၊ Degree completion certificate နဲ့ passport တို့ပဲ ဖြစ်ပါတယ်။

>>> Scholarship benefits ကတော့ ကျောင်းတက်နေစဉ်ကာလအတွင်း နှစ်စဉ် AU$10000 ကို scholarship benefits အနေနဲ့ ထောက်ပံ့ပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Undergraduate or Postgraduate Program ကိုပါထောက်ပံ့ပေးတဲ့ Scholarship တစ်ခုဖြစ်ပါတယ်။

>>> Deadline ကတော့ 23rd Oct  6.2.2022 ဖြစ်ပါတယ်

>>> ကျောင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို လေ့လာချင်တယ်ဆိုရင်
        https://bit.ly/3pbyt1n

>>> Scholarship နဲ့ပတ်သက်တဲ့အချက်အလက်တွေကို လေ့လာပြီး လျှောက်ထားချင်တယ်ဆိုရင်
        https://bit.ly/3ea9sgD

Read times Last modified on Wednesday, 22 December 2021 10:03
Rate this articles
(0 votes)