အမေရိကန်နိုင်ငံ University of Chicago Harris School of Public Policy တွင် နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် မူဝါဒရေးရာဆိုင်ရာ မဟာဘွဲ့သင်တန်းတက်ရောက်ခွင့်ရရှိနိုင်မည့် ပညာသင်ဆုအစီအစဉ် ဖြစ်သည်။
ကျောင်းချိန်ပြင်ပတွင် အိုဘားမား ဖောင်ဒေးရှင်းနှင့် ပူး ပေါင်းကာ အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်မည့် အခွင့်အရေးများပါ ရရှိနိုင်ပြီး အိုဘားမားဖောင်ဒေးရှင်းက ပျိုးထောင်ပေးမည့် အနာဂတ်ခေါင်းဆောင် ကွန်ရက်တွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။
ပညာသင်ဆုပေးအပ်မည့်သူဦးရေ ကန့်သတ်ထားခြင်းမရှိဘဲ ကမ္ဘာတစ်ဝန်းမှ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများမှ ၀န်ထမ်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မည်သူမဆို လျှောက်ထားနိုင်သည်။
ပညာသင်ဆုရရှိသူများအား အိုဘားမားဖောင်ဒေးရှင်းက ကျောင်းစရိတ်၊ လစဉ်အသုံးစရိတ်၊ ထောက်ပံ့ကြေး၊ စာအုပ်စာတမ်းကြေး၊ သင်တန်းကြေး၊ စာသင်ခန်းပြင်ပ တစ်ဦးချင်းစွမ်းရည် ဖွံ့ဖြိုး မှု အတွက် လိုအပ်သည့် လှုပ်ရှားမှုများအတွက် ကုန်ကျစရိတ်များ၊ ခရီးစရိတ်များ အားလုံးပံ့ပိုးမည် ဖြစ်သည်။
Recommended for you - KDU PENANG University College မှ ပညာသင်ဆုများ ပေးအပ်မည်
လျှောက်ထားမည့်သူများ သည် သက်ဆိုင်ရာလုပ်ငန်းခွင်တွင် သုံးနှစ်မှ ငါးနှစ်အတွင်း လုပ်ငန်းအတွေ့ အကြုံ ရှိရမည်ဖြစ်ပြီး ကမ္ဘာ့ရေးရာ ကိစ္စရပ်များ၊ မူဝါဒရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ စိတ်ပါဝင်စားရ မည်ဖြစ်သည်။ ပညာသင်ဆုအစီအစဉ်ပြီးဆုံးပြီး မိခင်နိုင်ငံ ပြန်ရောက်သည့်အခါ ဆောင်ရွက်မည့် နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် မူဝါဒရေးရာ ပရောဂျက်တစ်ခု တင်ပြနိုင်ရမည် ဖြစ်သည်။
လျှောက်လွှာကို https:/harris.uchicago.edu/obama-scholars တွင် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာပိတ်ရက် ည် ဧပြီ ၁၇ ရက်ဖြစ်သည်။ သင်တန်းကို ၂၀၁၈ အောက်တိုဘာတွင် စတင် ဖွင့်လှစ်မည် ဖြစ်သည်။
အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။
Source: 7daydaily
Recommended for you - သင်က ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူသားလား