×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 15 February 2017

စာမေးပွဲဖြေမယ့် ကျောင်းသားများကို ဘယ်လိုကူညီကြမလဲ

စာမေးပွဲဖြေမယ့် ကျောင်းသားများကို ဘယ်လိုကူညီကြမလဲ Google.com

စာမေးပွဲဖြေဆိုသူတိုင်းဟာ စာမေးပွဲနေ့ ခံစားချက်တွေကို ခံစားနားလည်တတ်ကြမှာပါ။

စာမေးပွဲကို အော်တိုကြောက်နေတတ်တဲ့ကျောင်းသားများရှိသလို စိတ်ဖိစီးမှုများပြီး ကျက်ထားသမျှစာတွေ အကုန်မေ့တတ်သူတွေလည်းရှိကြ ပြန်ပါတယ်။

အားပေးပါ။

စိတ်လှုပ်ရှားနေကြမယ့် သူတို့အတွက် အားပေးမှုကအဓိက အကျဆုံးအရာပါ။

သားကတော်ပြီးသား  မေးခွန်းမြင်တာနဲ့ စာတွေသူ့ဘာသာထွက်လာမှာ ပူမနေနဲ့။ သမီးက ဒီလောက်စာတွေမှန်မှန်လုပ်လာတာ မစိုးရိမ်နဲ့၊ နားလည်သလိုဖြေလာခဲ့ စသဖြင့် အားပေးသင့်ပါတယ်။

စိတ်ချမ်းသာမှုရှိပါစေ။

ငယ်ငယ်ကဆို စာမေးပွဲကာလတွင်းမှာဆို ပိုပျော်စရာကောင်းသေးတယ်။ အိမ်အလုပ်တွေကူမလုပ်ရဘူး။

စာကြည့်စားပွဲထိုင်နေရင် သိပ်ဆူတာအော်တာမခံရဘူး။ အိမ်မှာစာမေးပွဲဖြေမယ့်သူရှိရင် တတ်နိုင်သမျှမိသားစုတွေ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် နေပေးသင့်ပါတယ်နော်။

စာဘယ်လောက်တော်တဲ့ကလေးဖြစ်ဖြစ် စိတ်ထိခိုက်နေရရင် သူ့စွမ်းရည်အကုန်ထွက်လာမှာ မဟုတ်ပါဘူး။

အာဟာရပြည့်စေဖို့။

အားအင်အပြည့်နဲ့ စာမေးပွဲဖြေနိုင်ဖို့ မနက်စာ နေ့လယ်စာ အရေးကြီးပါတယ်။

ငိုက်မြည်းစေမယ့်အရာတွေ မကျွေးပါနဲ့။ ကြက်ပေါင်းရည်တိုက်ပါ။ အသီးအရွက် အသီးအနှံများများကျွေးပါ။ ဘရိုကိုလီ၊ ထောပတ်သီး၊ ချောကလက်အမည်းတွေကလည်း ဥာဏ်ကောင်းစိတ်ကြည်စေမယ့် အစားအသောက်တွေမို့ သူတို့အတွက်ပြင်ဆင်ပေးပါ။

စာမေးပွဲခန်းသုံးပစ္စည်းတွေ ကူစစ်ပေးပါ။

တချို့ကလေးတွေက ကိုယ်လိုအပ်တဲ့အရာကို ကိုယ့်ဘာသာစီစဉ်တတ်တယ်ဆိုပေမယ့် လူကြီးတွေက သေချာအောင် ပြန်စိစစ်ပေးရပါ့မယ်။ သူတို့ရဲ့ ခဲတံ၊ ဘောပင်၊ ခဲဖျက်၊ ပေတံ၊ ကျောင်းသားကတ် အားလုံးကို ကူစစ်ပေးပါ။

ဘယ်ဘောပင်နဲ့ရေးရင် လက်ရေးသွက်သလဲ ဘယ်ခဲတံက ခဲသားကောင်းသလဲ စသဖြင့် အမှန်တကယ်လိုအပ်တာတွေကိုတော့ ဖြည့်ဆည်းပေးသင့်ပါတယ်။

နောက်ရက်အတွက်ထည့်တွက်ပါ။

စာမေးပွဲဆိုတာကလည်း တစ်ရက်တည်းနဲ့ ပြီးဆုံးတာမျိုး မဟုတ်ပါဘူး။ နောက်ရက်အတွက် ခွန်အားတွေ ဆက်ဖြည့်တင်းရဦးမှာပါ။

ထို့ကြောင့်သူတို့တွေ အိမ်ပြန်ရောက်ရင် သူတို့စိတ်ကြိုက်တစ်နာရီလောက် အချိန်ဖြုန်းခိုင်းပါ။ အိပ်ပစ်လိုက်တာမျိုး၊ ဆော့ကစားတာမျိုး၊ ကာတွန်းကားကြည့်တာမျိုး လုပ်ပါစေ။ စိတ်ရောလူရော Fresh ဖြစ်သွားတော့မှ နောက်ရက်အတွက် ပြင်ဆင်ဖို့ပြောပေးရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Credit: akhayar

Read times Last modified on Saturday, 28 December 2019 11:18
Rate this articles
(1 Vote)