Hello, welcome to sayar.com.mm

×

Warning

JUser: :_load: Unable to load user with ID: 674


Student

Monday, 12 December 2016

စာလေ့လာတဲ့ ပတ်ဝန်းကျင်ကောင်းကို ဘယ်လိုဖန်တီးမလဲ

စာလေ့လာတဲ့ ပတ်ဝန်းကျင်ကောင်းကို ဘယ်လိုဖန်တီးမလဲ google

စာလေ့လာတဲ့ ပတ်ဝန်းကျင်ကောင်းကို ဘယ်လိုဖန်တီးမလဲ

 

၁. အနှောင့်အယှက်ဖြစ်စေသော အကျင့်များနှင့်ဝေးဝေးနေပါ

ယခုခေတ်တွင် ကလေးများက Ipods ၊ ဖုန်း၊ မက်ဆေ့၊ Facebook များကို အလွန်အကျွန်စွဲလမ်းလာ ကြပါတယ်။ ပြီးတော့ ဒီအသုံးဆောင်ပစ္စည်းတွေကို မကြာခနသုံးစွဲပြီး၊ စာလေ့လာတဲ့အချိန်ကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒီလို စာလုပ်ရင်းဖုန်းနဲ့ အခြား ဒီဂျစ်တယ်ပစ္စည်းများကို သုံးစွဲခြင်းက စာကိုသေချာမရစေဘဲ၊ အာရုံကို မကြာခန ပြောင်းနေစေပါတယ်။ ဒီလိုဖြစ်ခြင်းက အချိန်ကုန်စေရုံတင်မကဘဲ၊ စာကိုလည်း သေချာနားမလည်ဖြစ်တတ်ပါတယ်။

ဒီတော့စာလေ့လာတော့မယ်ဆိုရင် အနှာင့်အယှက်ဖြစ်စေတဲ့ အရာတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မထားပါနဲ့။ ပြီးတော့ဖုန်းနဲ့ အခြား iPods လိုပစ္စည်းတွေကို လက်လှမ်းမမှီရာမှာထားပါ။ ကွန်ပြူတာထဲက Message ပိုတဲ့ အရာတွေကိုလည်း အကုန်ဖျက်ထားပါ။

၂. စာလုပ်ဖို့အတွက် သင့်တော်တဲ့နေရာဖြစ်အောင်ဖန်တီးပါ။

ကိုယ်စာမလေ့လာခင်မှာ လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ၊ ပေတံတွေ၊နဲ့အခြားလိုအပ်တဲ့ အရာတွေကို ပတ်ဝန်းကျင်မှာ ထားပါ။ ဒါမှစာဖတ်နေတဲ့အချိန်မှာ ဘော့ပင်ရှာတာ၊ ပေတံရှာတာ၊ ဂဏန်းပေါင်းစက်ရှာတာ တွေနဲ့အချိန်မကုန်စေတော့ပါဘူး။ ပြီးတော့ နေ့စဉ်နေ့တိုင်း ကိုယ်စာလုပ်မယ့် စားပွဲမှာ ဒီလိုပြင်ဆင်ပြီး၊ စာလေ့လာတာနဲ့ပတ်သတ်ပြီးလိုတာတွေကို ကိုယ့်ဘေးက ပုံးထဲမှာဖြစ်ဖြစ် အကုန်စုထည့်ထားပါ။ ဒါမှ လိုက်ရှာနေတာနဲ့ အချိန်ကုန်တာမျိုး မဖြစ်တော့ပါဘူး။

၃. စာလေ့လာဖို့ အဆင်ပြေမယ့်နေရာနဲ့ ပုံစံကိုရှာထားပါ။

နည်းပညာခေတ်မှာ ကျောင်းသားတစ်ယောက်က ဘယ်လိုပုံစံနဲ့ ဘယ်လိုနေရာမှာ စာလေ့လာသင့် တယ်လို့ သတ်မှတ်ချက်တွေ မရှိပါဘူး။ ကိုယ်က စားပွဲနဲ့ခုံနဲ့စာဖတ်တာ အဆင်ပြေလား၊ အိပ်ယာပေါ်မှာ ပိုအဆင်ပြေလား၊ ဆိုဖာပေါ်မှာ ပိုသက်သာလား ဆိုတာက ကိုယ်ဆုံးဖြတ်ရမှာပါ။ ဒီတော့ ကိုယ့်ဘယ်နေမှာ စာဘယ်လိုလုပ်ရင် အာရုံပိုစိုက်လို့ရလဲဆိုတာ သိထားသင့်ပါတယ်။

Read times Last modified on Friday, 27 December 2019 15:18
Rate this articles
(1 Vote)