×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 28 August 2018

အိုဘားမားဖောင်ဒေးရှင်းမှ ပညာသင်ဆု လျှောက်လွှာခေါ်ယူ

အိုဘားမားဖောင်ဒေးရှင်းမှ ပညာသင်ဆု လျှောက်လွှာခေါ်ယူ google.com

ကျောင်းချိန်ပြင်ပတွင် အိုဘားမား ဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်မည့် အခွင့်အရေးများပါ ရရှိနိုင်ပြီး အိုဘားမားဖောင်ဒေးရှင်းက ပျိုးထောင်ပေးမည့် အနာဂတ်ခေါင်းဆောင်ကွန်ရက်တွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။

ပညာသင်ဆုပေးအပ်မည့် သူဦးရေ ကန့်သတ်ထားခြင်းမရှိဘဲ ကမ္ဘာတစ်ဝန်းမှ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မည်သူမဆို လျှောက်ထားနိုင်သည်။


ပညာသင်ဆုရရှိသူများအား အိုဘားမားဖောင်ဒေးရှင်းက ကျောင်းစရိတ်၊ လစဉ်အသုံးစရိတ်၊ ထောက်ပံ့ကြေး၊ စာအုပ်စာတမ်း ကြေး၊ သင်တန်း ကြေး၊ စာသင်ခန်း ပြင်ပ တစ်ဦးချင်းစွမ်းရည် ဖွံ့ဖြိုး မှုအတွက် လိုအပ်သည့် လှုပ်ရှားမှုများအတွက် ကုန်ကျစရိတ်များ၊ ခရီးစရိတ်များအားလုံး ပံ့ပိုးမည် ဖြစ်သည်။


လျှောက်ထားမည့် သူများသည် သက်ဆိုင်ရာလုပ်ငန်းခွင်တွင် သုံးနှစ်မှ ငါးနှစ်အတွင်း လုပ်ငန်းအတွေ့အကြုံရှိရမည်ဖြစ်ပြီး ကမ္ဘာ့ရေးရာ ကိစ္စရပ်များ၊ မူဝါဒ ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ စိတ်ပါဝင်စားရမည်ဖြစ်သည်။ ပညာသင်ဆုအစီအစဉ်ပြီးဆုံးပြီး မိခင်နိုင်ငံ ပြန်ရောက်သည့်အခါ ဆောင်ရွက်မည့် နိုင်ငံတကာဖွံ့ ဖြိုးရေးနှင့် မူဝါဒရေးရာ ပရောဂျက်တစ်ခု တင်ပြနိုင်ရမည် ဖြစ်သည်။

 

Recommended for you - အမေရိကန်နိုင်ငံ၌ကျင်းပသော စက်ရုပ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၆)ဖြင့် ဆုရရှိခဲ့ကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခြင်း


ထိုပညာသင်ဆုသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးဖြစ်ပါတယ်။ ပညာသင်ဆုနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက https://scholarship-positions.com/obama-foundation-scholars-program-university-of-chicago-usa/2018/03/07/ သို့ ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။


အိုဘားမားဖောင်ဒေးရှင်း Page -https://harris.uchicago.edu/obama-scholars

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - လူငယ်တစ်ယောက်အနေနဲ့ မိမိရဲ့အောင်မြင်မှုလမ်းကြောင်းကို ထိုးဖောက်ခြင်း

 

Recommended for you - ကမ္ဘာ့အဆင့်တက္ကသိုလ်သတ်မှတ်ချက်တွင် ရန်ကုန်တက္ကသိုလ်က အဆင့်(၈,၇၀၀)ကျော်၌ ရှိနေ

 

Credit; EDGE

Read times Last modified on Friday, 17 January 2020 13:48
Rate this articles
(1 Vote)