×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 03 September 2018

Myanmar Imperial College ရဲ့တည်ထောင်သူ ဒေါ်ပို့ပို့ကြည်အကြောင်းနှင့် လူငယ်များအတွက် အကြံပြုချက် ၁၅ ချက်

Myanmar Imperial College ရဲ့တည်ထောင်သူ ဒေါ်ပို့ပို့ကြည်အကြောင်းနှင့် လူငယ်များအတွက် အကြံပြုချက် ၁၅ ချက် facebook


Myanmar Imperial College ရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်၊ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ပို့ပို့ကြည်ရဲ့ လူငယ်တစ်ယောက်ရဲ့ ၁၅ နှစ်တာကာလ အတွေ့အကြုံနဲ့ လူငယ်များအတွက် အကြံပြုချက် ၁၅ ချက်ကို MIC ရဲ့ ကျောင်းသားလူငယ် Imperians လေးများနှင့် မြန်မာလူငယ်ကျောင်းသားလေးများအတွက် ဝေမျှပေးချင်ပါတယ်……


ကျွန်မနေတဲ့ ကျွန်မကမ္ဘာ

ကျွန်မက အိပ်မက်ကိုယုံကြည်သူပါ

ကျွန်မက အိပ်မက်မှာ နေချင်သူပါ

ကျွန်မလိုချင်တဲ့အိပ်မက်တစ်ခု ကျွန်မတည်ဆောက်ခဲ့တာ နာရီပေါင်း 131400 နာရီ နာရီပေါင်း ၁သိန်း ၃သောင်း ၁ထောင့် ၄ရာ မှာ ဒီပုံလေးတွေကိုရိုက်ခဲ့တာပါ။ အိပ်မက်မက်ပြီး ၁၅ နှစ်အကြာပေါ့။ ၁၅ နှစ်ကိုခြုံကြည့်ရင် ဘဝရဲ့ သင်ခန်းစာက

၁. ကျရှုံးတိုင်း စိတ်ဓါတ်မကျပါနဲ့ ကျရှုံးမှု တစ်ခုက ရှုံးနိမ့်မှုမဟုတ်ပါဘူး ကျရှုံးမှုတွေ များလာပြီး ပြန်ထလာနိုင်ရင် ကျရှုံးမှုက အောင်မြင်မှု အဖြစ်ပြောင်းလဲလာပါတယ်။

၂. နေ့ရက်တိုင်းဟာ ဆုံးဖြတ်ချက်တွေချနေရတာပါ။ ကိုယ်များများအောင်မြင်ချင်ရင် နေ့တိုင်းကိုယ်မလုပ်ချင်တဲ့ အလုပ်များများလုပ်ပါ လုပ်ချင်တာထက် လုပ်သင့်တာကိုဦးစားပေးပါ။

၃. ပညာကို Certificates တွေ အတွက်မရှာပါနဲ့ ဘဝအတွက် ပညာရှာပါ မေးပါ ဖတ်ပါ မှတ်ပါ စဉ်းစားပါ ဝေဖန်ပါ ပိုင်းခြားပါ စာများများဖတ်ပါ။

၎. စိတ်ဓါတ်ကို ၂ရက်ထက်ပိုမကျပါနဲ့ စိတ်ဓါတ်ကျတယ်ဆိုတာ ခဏပဲကောင်းပါတယ် ၂ရက်ထက်ပိုလာရင် ဘဝအတွက် မကောင်းပါဘူး။

၅. မကောင်းတဲ့စိတ်ဓါတ်ကို တက်နိုင်သလောက်မောင်းထုတ်ပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ရပ်တည်ပြီး သူများကြောင့် အကုသိုလ်မယူဖို့ အမြဲ ကိုယ့်ဟာကိုယ်သတိပေးပါတယ်။

၆. ကိုယ့်အချိန်ကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုလေးစားပါ။ ကိုယ့်ဘဝကိုတန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုယ်မှမချစ်ရင် ဘယ်သူမှ ကိုယ့်ကိုတန်ဖိုးထားချစ်မှာမဟုတ်ပါဘူး။

၇. မနေ့ကထက် ဒီနေ့ တိုးတက်အောင် မနက်ဖြန်အတွက်ကြိုးစားပါ။

၈. သူများပြောသမျှမခံစားပါနဲ့ အပြုအမူအထအန မကောက်ပါနဲ့။ 21 ရာစုမှာ အရှားပါးဆုံးက အချိန် နဲ့ energy ပါ မသေချာတာတစ်ခုအတွက် အချိန်နဲ့ energy ကို အကုန်မခံပါနဲ့။ သူများဆိုတာကိုယ်မဟုတ်ပါဘူး ကိုယ်တောင် ကိုယ်ဘာလိုချင်လဲဆိုတာ တစ်ခါတစ်လေကိုယ့်ဟာကိုယ်နားမလည်ပါဘူး။

၉. လူတွေမယုံနိုင်လောက်တဲ့ အိပ်မက်တွေ ရင်ထဲမှာရှိနေဖို့အရေးကြီးပါတယ်။ အိပ်မက်တွေကို ယုံကြည်ဖို့နဲ့ အကောင်အထည်ဖော်ဖို့အရေးကြီးပါတယ်။

၁၀. လူတစ်ယောက် ရုပ်လှနေဖို့ထက် နှလုံးသားလှဖို့အရေးကြီးပါတယ်။ ကျွန်မ မြန်မာမလေးတွေကို မြန်မာမလှလှလေးထက် ထူးချွန်ထက်မြတ်သော ပညာတက်မြန်မာမလေးတွေဖြစ်ဖို့နဲ့ မြန်မာလူငယ်ချောချောတွေထက် ပညာတက်စဉ်းစားတတ်ပြီး ကမ္ဘာအလယ်မှာ ရဲရဲရင့်ရင့်ရပ်တည်သူတွေဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

၁၁. ဒီနေ့ အမှားဟာ မနက်ဖြန်အတွက် သင်ခန်းစာပါ။ အမှားတိုင်းက ယူတတ်ရင်သင်ခန်းစာပါ။ နောင်တနဲ့အချိန်မကုန်ပါနဲ့။ လေ့လာပြင်ဆင်ပြီး အချိန်ကုန်ပါ။

၁၂. လူတစ်ယောက်ကိုပြောင်းလဲနိုင်တာ ပညာပါ။ ကိုယ့်ဘဝအတွက် ပညာတစ်ခုကို သေသေချာရွေးချယ်ပြီး ဆုံးခန်းတိုင်အောင်လေ့လာပါ။

၁၃. မသေချာတဲ့ အရာတွေကို အပြစ်တင်ဝေဖန်ပြီး အချိန်ကုန်မယ့်အစား ကိုယ့်အနာဂါတ်ကို ကိုယ်စတင်ပုံဖော်တာ အကောင်းဆုံး အချိန်ကိုအသုံးချမှုပါပဲ။ ကိုယ့် အနာဂါတ်ကို ကိုယ်တိုင်ဖန်တီးပါသူများရဲ့ ဝေဖန်မှုတွေမှာ ယုံကြည်ချက်ကို မဝေဝါးသွားပါစေနဲ့။

၁၄. တရားမျှတဖို့က အရေးကြီးသလို လုပ်လို့ရတိုင်းမလုပ်ဖို့ အကြင်နာတရားကလည်း အရေးကြီးတယ်ဆိုတာ နားလည်လာပါတယ်။

၁၅. နောက်ဆုံးကတော့ ဘေးမှာ ကိုယ့်ကိုချစ်တဲ့လူတွေကို တန်ဖိုးထားတတ်ဖို့ပါ။ အချစ်နဲ့ အကြင်နာတရားဟာ လူ့ဘဝတွေအားလုံးအတွက် အားဆေးတစ်ခွက်ပါ။

 

Recommended for you - လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်းဝင်ခွင့်ရရှိသူများကို နိုဝင်ဘာလထဲတွင် ကြေညာမည်

 

ဒီအိပ်မက်မက်ခွင့်နဲ့ ဒီအိပ်မက်မှာရှင်သန်ဖို့ ကျွန်မ ပျော်ရွှင်မှုတွေစတေးခဲ့ရတယ်။ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၅နှစ်ကို ကြည့်ရင် ၁၀၀ ရာခိုင်နှုန်းမှာ လုပ်ချင်တာကို ၁၅ ရာခိုင်နှုန်းဘဲလုပ်ပြီး ဘဝအတွက် လုပ်သင့်တာကို ၈၅ ရာခိုင်နှုန်းမြှုပ်နှံခဲ့ပါတယ်။ မျက်ရည်တွေစတေးခဲ့ရတယ်။ တစ်ခါတစ်လေ လူတွေကကျွန်မကိုပြောတယ် ကံကောင်းလိုက်တာတဲ့ တကယ်တော့ ကံကောင်းတာနဲ့ အောင်မြင်မှုတစ်နေရာကိုရောက်ဖို့ မျက်ရည်တွေကြား ကူးခတ်ခဲ့ရတာကို ကျော်သွားတက်ကြပါတယ်။


ကျွန်မဘဝအကြောင်းကိုပြန်စဉ်းစားရင် ပညာရေးက အရေးအကြီးဆုံးပါပဲ။ အမှားအမှန် မျှတစွာ ဝေဖန်တတ်အောင် သင်ကြားဆုံးမပေးတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်သလို ဘေးနားကနေ လိုအပ်သမျှနေရာတိုင်းမှာ ဆုံးမသွန်သင်ပေးတဲ့ ပတ်ဝန်းကျင်က လူတိုင်းနဲ့ ဘာလိုလို အမြဲချစ်တဲ့စိတ်နဲ့ သင်ကြားပေးတဲ့ ဆရာဆရာများအားလုံး Team MIC နဲ ကျွန်မချစ်တဲ့ Imperians ကျောင်းသား ကျောင်းသူများအားလုံးကျွန်မရဲ့ဘေးနားမှာ ၁၅ နှစ်လုံးရပ်တည်ပေးတဲ့ ကျွန်မရဲ့ လက်တွဲဖော် ဘေးနားကရပ်တည်ပေးတဲ့ မိသားစု ကျွန်မကိုအားအင်တွေပေးတဲ့ မြန်မာ့လူငယ်လေးများ ကျေးဇူးတင်ထိုက်သူများအားလုံးကိုရင်ထဲက ကျေးဇူးတင်လျှက်...


ကျရှုံးတိုင်းသာထိုင်ငိုနေမယ်ဆိုရင် ဒီနေ့ဆိုတာဖြစ်မလာဘူး...


ချစ်ရတဲ့ လူငယ်များအားလုံးလည်း အရှုံးတွေကိုရင်ဆိုင်နိုင်ပြီး ရှုံးနိမ့်မှုများမှ အောင်မြင်သောနေ့ရက်များနှင့် အိမ်မက်များကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း...


ချစ်တဲ့
မပို့

 

Recommended for you - အင်္ဂလိပ်စာအုပ်တွေဖတ်တဲ့အကျင့် တည်ဆောက်နည်း

 

Recommended for you - ဆရာ၊ ဆရာမတိုင်း ဖတ်ထားသင့်သော စာအုပ်များ

 

Credit; Myanmar Imperial College (MIC)

Read times Last modified on Friday, 17 January 2020 13:58
Rate this articles
(1 Vote)