×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 06 September 2018

British Council Teaching Centre တွင် အင်္ဂလိပ်စာသင်တန်းတက်ရောက်ရန် စာရင်းပေးနိုင်ပြီ

British Council Teaching Centre တွင် အင်္ဂလိပ်စာသင်တန်းတက်ရောက်ရန် စာရင်းပေးနိုင်ပြီ facebook

ရန်ကုန်မြို့ရှိ British Council Teaching Centre မှ ၂ဝ၁၈ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်မည့် General English (အသက် ၁၆ - ၁၇နှစ်၊ ၁၈နှစ်နှင့် အထက်အတွက်) နှင့် IELTS (အသက် ၁၈ နှစ် အထက် အတွက်) သင်တန်းများတက်ရောက်ရန် placement test ဖြေဆိုလိုပါက https://goo.gl/vQyZHF တွင်အွန်လိုင်းမှ စာရင်းပေးနိုင်ပါပြီ။

(အနီးဆုံးရနိုင်သည့် ဖြေရန်နေ့နှင့် အချိန်များကို အဆိုပါ link တွင်တွေ့နိုင်ပါသည်။) အွန်လိုင်းမှ စာရင်းပေးပြီးနှစ်ရက်အတွင်း ဝင်ခွင့်စာမေးပွဲကြေး ကျပ်တစ်သောင်းခွဲ ကို (တနင်္လာမှသောကြာနေ့ နံနက် ၈:၃ဝ မှ ၄:၀ဝ အတွင်း) ဗြိတိသျှကောင်စီတွင် လာရောက်ပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့ မဟုတ်ပါက စာရင်းပေးထားခြင်း အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ပါသည်။


သင်တန်းကြေးများ

General English (60 hours) > အသက် (၁၈) နှင့်အထက် ကျောင်းသူ၊ ကျောင်းသားများအတွက် ကျပ် ၄၃၅,၀၀၀
General English (60 hours) > အသက် (၁၆ မှ ၁၇ နှစ်) ကျောင်းသူ၊ ကျောင်းသားများအတွက် ကျပ် ၄၈၅,၀၀၀
IELTS Foundation (60 hours) > ကျပ် ၄၈၅,၀၀၀ (ဝင်ခွင့်စာမေးပွဲတွင် Intermediate level ရရှိရန်လိုအပ်ပါသည်။)
IELTS Preparation (60 hours) > ကျပ် ၄၈၅,၀၀၀ (ဝင်ခွင့်စာမေးပွဲတွင် Upper Intermediate level ရရှိရန်လိုအပ်ပါသည်။)


သင်တန်းသားဦးရေ အကန့် အသတ်ရှိပါသောကြောင့် ဝင်ခွင့်ဖြေဆိုပြီး ရရှိသော Level နှင့် တက်ရောက်လိုသောအချိန်တွင် နေရာရှိမှသာ သင်တန်းတက်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။


အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးစလုံး ပိုမိုတိုးတက်လာစေရန် ဗြိတိသျှကောင်စီမှ နိုင်ငံတစ်ကာအသိအမှတ်ပြုလက်မှတ်ရ အရည်အချင်းပြည့်မှီသည့် ဆရာ၊ ဆရာမများမှ ခေတ်မီသင်ကြားရေး အထောက်အကူပြု ပစ္စည်းများစွာဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို www.britishcouncil.org.mm/my/english (မြန်မာဘာသာ အင်တာနက်စာမျက်နှာ) နှင့် www.britishcouncil.org.mm/english (အင်္ဂလိပ်ဘာသာ အင်တာနက်စာမျက်နှာ) တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

 

Recommended for you - ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုက ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ဆေးတက္ကသိုလ်သို့ လျှောက်ထားနိုင်


ဗြိတိသျှကောင်စီ (ရန်ကုန်) ဖုန်းနံပါတ် (၀၁) ၃၇၀၉၃၃ ၊ (၀၁) ၃၇ဝ၈၂၉ ၊ (၀၁) ၃၇ဝ၈၃ဝ တို့သို့ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:၀၀) နာရီ အတွင်း၊ တနင်္ဂနွေနေ့ နံနက် (၈:၃၀) မှ ညနေ (၅:၀၀) နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်ပို့၍ဖြစ်စေ၊ Facebook messenger http://m.me/BritishCouncilMyanmar မှဖြစ်စေလည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ကိုယ့်လက်အောက်ငယ်သားတွေကို မေးသင့်တဲ့ မေးခွန်း (၄)ခု

 

Recommended for you - အမြဲတမ်းပညာရေးဝန်ထမ်းများ အဝေးသင်စာမေးပွဲ ဖြေဆိုကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေးမည်

 

Credit; British Council Myanmar

Read times Last modified on Tuesday, 21 January 2020 15:33
Rate this articles
(1 Vote)