အထက်တန်းအောင်လို့ တက္ကသိုလ်တက်တော့မယ်ဆိုရင် ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ဖို့ အချိန်ရောက်လာပါပြီ။
ကိုယ့်ဘဝရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုခုကို သင်ယူဖို့ စတင်လိုက်တဲ့အချိန်မှာ ဘယ်ပညာရပ်ကို ရွေးချယ်လိုက်မလဲဆိုတာက အရေးပါတဲ့အချက်ပါ။ ဒီလိုအချိန်မှာ ထည့်သွင်း စဉ်းစားရမယ့်အချက်လေးတွေကို ပြောပြပေးလိုက်ရပါတယ်။
အာမခံချက် ရှိနေပါစေ။
အသက်မွေးဝမ်းကျောင်းပညာဆိုတာကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်တဲ့အထောက်အပံ့မျိုးကို ပေးနိုင်တဲ့ပညာရပ်မျိုး ဖြစ်နေရမှာပါ။ ဒီအတွက်ကတော့ ကိုယ်တိုင် ရွေးချယ်ချင်တဲ့ပညာမှ အဆင်ပြေမှာပါ။ ဒါကြောင့် မိဘရွေးခိုင်းတဲ့လိုင်းဆိုတာလည်း ဖြစ်ရမှာ ဖြစ်သလို ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့အရာဖြစ်ဖို့ လိုပါတယ်။
ဆုံးဖြတ်ချက် ခိုင်မာပါစေ။
ဘယ်လိုင်းကို ရွေးချယ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက် မခိုင်မာဘူး ဆိုရင်တော့ မိဘတွေ တက်ခိုင်းတဲ့လိုင်းကို ရွေးချယ်လိုက်တာကတော့ ပိုကောင်းတဲ့ ရွေးချယ်မှုပဲ ဖြစ်နေမှာပါ။ မိဘ ဆိုတာကတော့ သားသမီးနဲ့ ပိုပြီး လိုက်ဖက်မယ့်အရာတွေကို ပိုသိတဲ့သူတွေ ဖြစ်ပြီး ကောင်းစေချင်တဲ့စိတ်နဲ့ပဲ ရွေးချယ် ဆုံးဖြတ်ပေးတာမို့လို့ပါ။ တကယ်လို့ ကိုယ်တိုင်က ဘာဖြစ်ချင်သလဲ ဆိုတဲ့ ဆုံးဖြတ်ချက်က ခိုင်မာနေမယ် ဆိုရင်တော့ မိဘတွေနဲ့ အကောင်းဆုံးညှိနှိုင်းပြီး တောင်းဆိုဖို့ လိုအပ်ပါတယ်။
Recommended for you - အမြဲတမ်းပညာရေးဝန်ထမ်းများ အဝေးသင်စာမေးပွဲ ဖြေဆိုကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေးမည်
စိတ်ဝင်စားမှု ရှိနေပါစေ။
ရွေးချယ်လိုက်တဲ့လိုင်းက မိဘ အတင်းတိုက်တွန်းလို့ ဆိုတာမျိုးက ထူးချွန်တဲ့သူတွေကို ဖြစ်စေနိုင်မှာ မဟုတ်ပါဘူးနော်။ ကိုယ်တိုင်လည်း စိတ်ဝင်စားမှု ရှိတဲ့ဘာသာရပ် ဖြစ်မှသာ ထူးချွန်တဲ့သူ ဖြစ်လာနိုင်မှာပါ။ မဟုတ်ဘဲ မိဘက တိုက်တွန်းလို့ချည်း ဆိုတာကြောင့် ပြုလုပ်လိုက်ရတာမျိုးဆိုရင်တော့ တတ်ထားတဲ့ပညာရပ်က သပ်သပ် ရွေးချယ်ထားတဲ့အသက်မွေးဝမ်းကျောင်းပညာက သပ်သပ် ဖြစ်နေမှာပါ။
ကိုယ်ဖြစ်ချင်တာ ကိုယ်တိုင် သိနေပါစေ။
ကိုယ်ဘာဖြစ်ချင်လဲ။ ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာကို တိတိကျကျ သိနေပါစေ။ ကိုယ်ဖြစ်ချင်တာ ကိုယ်တိုင် သိနေတာမျိုးဆိုရင်တော့ ဘာကို ရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ဝေဝါးနေတော့မှာ မဟုတ်ပါဘူး။ ကိုယ်ဘယ်သွားရမလဲဆိုတဲ့ ပန်းတိုင်က သေချာနေတဲ့အတွက် မိဘက သဘောမတူချင်တာမျိုးဆိုရင်တောင် ကိုယ်ဖြစ်ချင်တာကို ရွေးချယ်လိုက်ဖို့ ဝန်လေးမှာ မဟုတ်တော့ပါဘူး။
နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြည့်နေပါစေ။
အရာတိုင်းက မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ မဖြစ်သေးတာပဲ ရှိတာပါ။ ကိုယ်တကယ် စိတ်ဆန္ဒ ပြင်းပြတဲ့အရာမျိုးအတွက်ဆိုရင်တော့ ယုံကြည်ချက်ကြောင့် အောင်မြင်နိုင်ဖို့ အလွယ်လေးပဲ ဖြစ်ပါတယ်။ တက္ကသိုလ်တက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိနေမယ်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့လိုင်းမျိုးကိုသာ ရဲရဲကြီး ရွေးချယ်လိုက်ဖို့ တွေဝေနေတော့မှာ မဟုတ်တဲ့အတွက်ပါ။
ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီး တက္ကသိုလ်တက်တဲ့အချိန်မှာ မိဘတက်ခိုင်းတဲ့လိုင်းကို ရွေးချယ်မလား။ ကိုယ်တိုင် စိတ်ဝင်စားတာကို ရွေးချယ်မလား ဆိုတာကြား အကောင်းဆုံးရွေးချယ်မှုကို ရွေးချယ်သွားနိုင်ဖို့ ပြောပြပေးလိုက်ရပါတယ်။
Recommended for you - စာကျက်ရဲ့သားနဲ့ စာမေးပွဲမှာ အမှတ်တွေမကောင်းတာ ဘယ်လိုဖြေရှင်းမလဲ
Recommended for you - ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုက ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ဆေးတက္ကသိုလ်သို့ လျှောက်ထားနိုင်