×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 11 September 2018

အိန္ဒိယ၊ ဂျပန်တို့နှင့် ပူးပေါင်းဖွင့်လှစ်မည့် နည်းပညာသင်တန်းအတွက် သင်တန်းသားများခေါ်ယူ

အိန္ဒိယ၊ ဂျပန်တို့နှင့် ပူးပေါင်းဖွင့်လှစ်မည့် နည်းပညာသင်တန်းအတွက် သင်တန်းသားများခေါ်ယူ google.com

အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သင်တန်းတွေဖြစ်တဲ့ IMCEITS နဲ့ ICTTI တို့အတွက် သင်တန်းသားတွေ ခေါ်ယူလိုက်ပါတယ်။


IMCEITS သင်တန်းတွေကို အိန္ဒိယနိုင်ငံ၊ CDAC အဖွဲ့အစည်းနဲ့ ပူးပေါင်းဖွင့်လှစ်ပြီး ICTTI သင်တန်းတွေကိုတော့ ဂျပန်နိုင်ငံ၊ JICA နဲ့ ပူးပေါင်းဖွင့်လှစ်နေတာဖြစ်ပါတယ်။ IMCEITS သင်တန်းမှ သင်တန်းဆင်းတွေကို အိန္ဒိယနိုင်ငံ CDAC အဖွဲ့အစည်းနဲ့ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနတို့ ပူးပေါင်းကာ Professional Diploma နဲ့ Professional Certificate အောင်လက်မှတ်တွေပေးအပ်မှာ ဖြစ်ပါတယ်။ ICTTI သင်တန်းမှ သင်တန်းဆင်းတွေကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ သုတေသနဌာနတို့ ပူးပေါင်းကာ Professional Diploma နဲ့ Professional Certificate အောင်လက်မှတ်တွေ ပေးအပ်မှာဖြစ်ပါတယ်။


သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုတေသနရှိ India-Myanmar Centre for Enhancement of IT Skills (IMCEITS) သင်တန်းဌာနနဲ့ Information and Communication Technology Training Institute (ICTTI) သင်တန်းဌာနတို့က အဲဒီသင်တန်းတွေကို ဖွင့်လှစ်ခေါ်ယူတာဖြစ်ပါတယ်။ အဲဒီသင်တန်းတွေကို Java Programming, Microsoft.Net Programming, Database Technology, Linux Server Development, Cisco Router Managment နဲ့ Android Programming ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေ တက်ရောက်နိုင်ပြီး လက်တွေ့ပိုင်းကို ဦးစားပေးသင်ကြားပေးမှာဖြစ်ပါတယ်။ Cisco Networking Academy Course တွေမှာ Cisco Device များ၊ Network Device တွေအသုံးပြုကာ စာတွေ့လက်တွေ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။


ကွန်ပျူတာတက္ကသိုလ်တွေနဲ့ နည်းပညာတက္ကသိုလ်တွေက အိုင်တီအထူးပြုဘွဲ့ရရှိသူတွေ၊ EC အထူးပြုဘွဲ့ရတွေ၊ B.Sc (Computer Science)/ M.Sc (Computer Science) ဘွဲ့ရတွေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ အိုင်တီအထူးပြု ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာ သင်တန်းဝင်ခွင့် စာမေးပွဲတွေကို ဖြေဆိုအောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

 

Recommended for you - တက္ကသိုလ်ဝင်တန်းဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်နှုန်းထားထက် ပိုမိုရောင်းချသည့် ကျောင်းအုပ်များနှင့် မြို့နယ်ပညာရေးမှူးရုံးများကို တိုင်ကြားနိုင်


ICTTI အွန်လိုင်းဝင်ခွင့် စာမေးပွဲကို စက်တင်ဘာလ ၂၉ ရက် မနက် ၁၀ နာရီတွင် ICTTI သင်တန်းဌာန၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ သုတေသနဌာန မှာလည်းကောင်း၊ IMCEITS အွန်လိုင်းဝင်ခွင့် စာမေးပွဲကို စက်တင်ဘာလ ၂၉ ရက် မနက် ၁၀ နာရီ တွင် IMCEITS သင်တန်းဌာန၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာသုတေသနဌာန မှာလည်းကောင်းဖြေဆို ကြရမှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ဖုန်း – ၀၁-၆၅ ၂၅ ၄၂၊ ၀၁-၆၆ ၂၃ ၂၉၊ ၆၆ ၁၇ ၁၄၊ ၀၁-၆၅ ၂၅ ၂၉ တွေကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - သြစတြေးလျပညာရေးလမ်းကြောင်းကို British University College က တစ်ဆင့်တက်ရောက်နိုင်

 

Recommended for you - ပညာရေးစနစ်သစ်အရ အခြေခံပညာကျောင်းဆောင် ၄၇၀၀၀ ကျော်နှင့် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီးပြော

 

Credit; Internet Journal

Read times Last modified on Wednesday, 29 January 2020 10:01
Rate this articles
(1 Vote)