×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 12 September 2018

UK ကအသိအမှတ်ပြုတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး စီမံခန့်ခွဲမှုဘွဲ့ တက်ရောက်နိုင်

UK ကအသိအမှတ်ပြုတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး စီမံခန့်ခွဲမှုဘွဲ့ တက်ရောက်နိုင် google.com

ဟိုတယ်နဲ့ ခရီးသွားလာရေး စီမံခန့်ခွဲမှု ဘာသာရပ်တွေကို အဓိကစိတ်ဝင်စားတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ယူကေအသိအမှတ်ပြု ကောလိပ်တစ်ခုဖြစ်တဲ့ College of Khamti မှာ အင်္ဂလန်နိုင်ငံ University of Derby က ပေးအပ်ချီးမြှင့်တဲ့ Bachelor of Arts (Hons) International Hospitality Business Management ဘွဲ့ကို ရယူနိုင်မှာ ဖြစ်ပါတယ်။


College of Khamti ဟာ အင်္ဂလန်နိုင်ငံ The Confederation of Tourism and Hospitality ရဲ့ မြန်မာနိုင်ငံအတွက် တရားဝင် အသိအမှတ်ပြု ကောလိပ်တစ်ခုဖြစ်ပြီး Foundation in Hospitality and Tourism Diploma, Advanced Diploma, Bachelor ဘွဲ့သင်တန်းတွေ ပို့ချသင်ကြားပေးမှာ ဖြစ်ပါတယ်။


တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ၊ iGCSE အောင်မြင်သူတွေအနေနဲ့ College of Khamti မှာ အချိန်ကာလ နှစ် နှစ်ခွဲကနေ သုံးနှစ်အထိ တက်ရောက်သင်ကြားရုံနဲ့ နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့ကို ရယူနိုင်မှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံက ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံရှိသူတွေအနေနဲ့လည်း Executive Diploma ရယူပြီး Master ဆက်တက်နိုင်မှာ ဖြစ်ပါတယ်။ ပညာသင်ကြားနေစဉ်ကာလအတွင်း ကျောင်းသူ ကျောင်းသားတွေအနေနဲ့ စာတွေ့သင်ကြားပေးရုံမကဘဲ လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံရရှိစေဖို့ Internship Program ကို ထည့်သွင်းလေ့ကျင့်ပေးပြီး ဖောင်ဒေးရှင်း ဒီပလိုမာကစတင်ပြီး ပထမနှစ်အောင်မြင်ပြီးရင် ဒီပလိုမာ၊ ဒုတိယနှစ် အောင်မြင်ပြီးရင် Advanced Diploma, တတိယနှစ်ဝက် အောင်မြင်ပြီးရင် Professional Diploma, တတိယနှစ်အပြည့် အောင်မြင်ပြီးရင် Bachelor စတဲ့ လုပ်ငန်းခွင်ကို ဝင်ရောက်နိုင်တဲ့ နိုင်ငံတကာအသိအမှတ်ဘွဲ့ လက်မှတ် ရရှိမှာဖြစ်ပါတယ်။


Colllege of Khamti နဲ့ အင်္ဂလန်နိုင်ငံ CTH က ချီးမြှင့်တဲ့ လက်မှတ်ရရှိထားတဲ့ ကျောင်းသူ ကျောင်းသားတွေကို နိုင်ငံတကာ Hospitality and Tourism အဖွဲ့အစည်းတွေ ဖြစ်တဲ့ Star Alliance, The Ritz Carlton, Hiltion, Virgin Atlantic က အသိအမှတ်ပြုပြီး လုပ်ငန်းခွင်ဝင်ရောက်ရာမှာ အထောက်အကူပြုပါတယ်။

 

Recommended for you - အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသော ကျောင်းသား၊ ကျောင်းသူများအတွက်


College of Khamti မှာ တက်ရောက်သင်ကြားပြီး အင်္ဂလန်နိုင်ငံ CTH က ပေးအပ်ချီးမြှင့်တဲ့ လက်မှတ်ရရှိထားတဲ့ ကျောင်းသူ ကျောင်းသားတွေမှာ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ နယူးဇီလန် နိုင်ငံတွေက နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်တွေကို  တိုက်ရိုက်ဝင်ခွင့်တွေ ရရှိမှာဖြစ်ပါတယ်။


Hospitality and Toursim ဘာသာရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် College of Khamti မှာ နိုင်ငံတကာအဆင့်ကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းနေရာ တစ်ခုဖြစ်ပါတယ်။


College of Khamti Program Launching Ceremony ကို မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်မှာ ၂၀၁၈ စက်တင်ဘာ ၁၆ရက်နေ့ မနက် ၉းဝဝ နာရီ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။


College of Khamti နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို Da10/ 17, Aung Myittar Lane, ၆၄ လမ်းနဲ့ ၆၅ လမ်းကြား၊ ၃၉ လမ်းနဲ့ လမ်း ၄၀ကြား မန္တလေးဖုန်း ဝ၉ ၉၇၉ ၇၂၂ ၂၂၅၊ ဝ၉ ၉၆၉ ၇၂၂ ၂၂၅ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - စိတ်ဓာတ်ခွန်အားကို မြှင့်တင်နည်း

 

Recommended for you - အောင်မြင်နေသော ဆရာတိုင်း ကျင့်သုံးလေ့ရှိတဲ့ သင်ကြားပို့ချမှုဆိုင်ရာ ဗျူဟာများ

 

Credit; Kumudra

Read times Last modified on Wednesday, 29 January 2020 10:07
Rate this articles
(1 Vote)