×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 13 September 2018

ဂျပန်ပညာရေးပွဲတော် ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပမည်

ဂျပန်ပညာရေးပွဲတော် ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပမည် google.com

ဂျပန်နိုင်ငံကို ပညာသင်သွားရောက်လိုသူတွေအတွက် Japan Education Fair 2018 ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပမယ်လို့ သိရပါတယ်။


စက်တင်ဘာလ ၂၂ ရက် ၊ မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ မန္တလေးမြို့ရှိ Hotel Mandalay မှာလည်းကောင်း၊ စက်တင်ဘာလ ၂၃ ရက် မနက် ၉ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲထိ Sakura Tower အထပ် ၂၀ မှာလည်းကောင်း ကျင်းပသွားမယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်တွေ၊ ဘာသာစကားသင်တန်းကျောင်းတွေ၊ တာဝန်ခံ ဆရာ/ဆရာမတွေနဲ့ တိုက်ရိုက်မေးမြန်း ဆွေးနွေးနိုင်မှာဖြစ်ပြီး တိုက်ရိုက်ဆွေးနွေးနိုင်ရန် စကားပြန်ထားရှိပေးထားမှာ ဖြစ်ကြောင်းသိရပါတယ်။


ပြပွဲကို ဂျပန်သံရုံး၊ MAJA (Myanmar Association of Japan Alumni), Myanmar Japan SEDA (Myanmar Japan Socio Economic Development Association) တို့က ကျင်းပပြုလုပ်တာဖြစ်ပြီး Okayama University Japan Educational Information Centre (OJEIC) လည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း – ၀၉ ၄၅၉၃၄၃၃၄၀၊ ၀၉ ၂၆၁၈၄၁၀၅၄ ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

 

Recommended for you - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကျောင်းသား၊ ကျောင်သူများကို ရန်ကုန်နှင့် မန္တလေးဆေး တက္ကသိုလ်တို့၌ပါ တက်ခွင့်ပြုမည်

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုမဟာဘွဲ့အတွက် ဒေါ်လာ ၃၀၀၀ ပညာသင်ဆုပေးမည်

 

Recommended for you - ကျောင်းသား ၁၀၀ လျှင် ဆရာတစ်ဦးသာ သင်နေသည့် ကျောင်းများ၌ နေ့စားလပေးဆရာ၊ ဆရာမများ ခန့်မည်

 

Credit; Internet Journal

Read times Last modified on Wednesday, 29 January 2020 10:13
Rate this articles
(1 Vote)