×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 18 September 2018

အမေရိကန်ပြည်ထောင်စုမှပေးအပ်မည့် American University Emerging Global Leader Scholarship ပညာသင်ဆု

အမေရိကန်ပြည်ထောင်စုမှပေးအပ်မည့် American University Emerging Global Leader Scholarship ပညာသင်ဆု google.com

အမေရိကန်ပြည်ထောင်စုတွင် တက်ရောက်ပညာသင်ယူနိုင်မည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Bachlors Degree ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နောက်ဆုံးထားပြီး လျှောက်လွှာများကို တင်သွင်းရမည်ဖြစ်သည်။ သင်တန်းစတင်မည့်ကာလမှာ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင်ြဖစ်သည်။


American University Emerging Global Leader Scholarship ပညာသင်ဆုသည် နိုင်ငံတကာမှ ကျောင်းသားများအတွက် Positive Civic နှင့် Social Change တို့၏ သဘောတရားများကို သိစေလိုသဖြင့် သင်ကြားလေ့ကျငေ့်ပးမည့် ပညာသင်ဆုဖြစ်သည်။ ပညာသင်ကြားပြီးနောက် မိမိတို့နိုင်ငံများသို့ ပြန်ရောက်လျှင် မိမိတို့လူ့ဘောင် အဖွဲ့အစည်း၏ ကောငးကျိုးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။


American University, Washington DC, USA တွင် တက်ရောက်ပညာသင်ကြားရမည်ဖြစ်သည်။ တက္ကသိုလ်က ပို့ချမည့် သတ်မှတ်ထားသော Bachelor ဘွဲ့များအတွက် ဘာသာရပ်များကို လေ့လာရမည်ဖြစ်သည်။ ခေါ်ယူမည့်အရေအတွက်မှာ ၁ ဦးသာဖြစ်သည်။


အမေရိကန်နိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံများမှ မည်သည့်ကျောင်းသားမဆို လျှောက်ထားနိုင်ပါသည်။ အမေရိကန်နိုင်ငံသား၊ အမေရိကတွင် အမြဲနေသူများ၊ နှစ်နိုင်ငံနိုင်ငံသားအဖြစ် ခံယူထားသူများ လျှောက်ထားရန် မလိုပါ။


လျှောက်ထားသူများသည် ကျောင်းလခထောက်ပံ့ကြေး၊ အဆောင်ေနစရိတ်များကို ထောက်ပံ့ကြေးအဖြစ် ရရှိမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့်ရရှိမည်ဖြစ်သည်။ လေးနှစ်တက်ရောက်ရမည့် သင်တန်းအတွက် နှစ်တိုင်း ပြန်လည်သုံးသပ်ချက်ဖြင့် ထောက်ပံ့ကြေးကို ဆက်ပေးမည်ဖြစ်သည်။ ပညာရေးအတွက် ကျေနပ်လောက်သည့် အားထုတ်မှုရှိမှ ဆက်လက်ထောက်ပံ့မည်ဖြစ်သည်။

 

Recommended for you - ၂၀၁၈-၂၀၁၉ ခု၊ ပညာသင်နှစ် မန္တလေးနည်းပညာတက္ကသိုလ် ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း


လျှောက်ထားသူများသည် ၂၀၁၇ ခုနှစ် မတိုင်မီ အထက်တန်းအဆင့်ကို အောင်မြင်ပြီးသူများဖြစ်ရမည်။
အသေးစိတ်အချက်အလက်များကို http://www.american.edu/admissions/ international/ egls.cfm, http://www.scholars4dev.com/ 6499/scholarships-in-usa-for-international- students/ တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဗြိတိန်နိုင်ငံမှပေးအပ်မည့် Chevening ပညာသင်ဆု

 

Recommended for you - အခြေခံပညာနှစ်ဝက်ဆုံး စာမေးပွဲများ အောက်တိုဘာလတွင် ကျင်းပည်

 

Credit; The Voice

Read times Last modified on Wednesday, 08 January 2020 14:45
Rate this articles
(1 Vote)