×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 20 September 2018

McMaster University တွင် တက်ရောက်လိုသူများအတွက်

McMaster University တွင် တက်ရောက်လိုသူများအတွက် google.com

McMaster University ဟာ ကနေဒါနိုင်ငံရဲ့ Ontario မြို့မှာတည်ရှိပြီး ကနေဒါနိုင်ငံတွင် အဆင့်(၅) မှာရှိပြီး ကမ္ဘာပေါ်မှာ အဆင့် (၇၈) အနေနဲ့ရပ်တည်လျှက်ရှိသော Ranking မြင့်တဲ့ University တစ်ခုဖြစ်ပါတယ်။


McMaster University မှာ တက်ရောက်နိုင်တဲ့ programme တွေကတော့ Arts and Science၊ Bachelor of Technology၊ Business၊ Chemical & Physical Sciences၊ Computer Science၊ Engineering၊ Environmental & Earth Sciences၊ Health Sciences(BHSc)၊ Humanities၊ Integrated Business & Humanities၊ Integrated Biomedical Engineering & Health Sciences၊ Integrated Science၊ Kinesiology၊ Life Sciences၊ Mathematics & Statistics၊ Music၊ Midwifery၊ Nursing၊ physician Assistant၊ Social Sciences၊ Studio Art စတဲ့ ဘာသာရပ်တွင်သင်ယူလို့ရပါတယ်။


McMaster University မှ Nobel Laureates (၂) ဦး၊ Rhodes Scholar ရရှိသူများ၊ Gates Cambridge Scholars၊ အစိုးရခေါင်းဆောင်များနှင့် စီးပွားရေးခေါင်းဆောင်များကို အမြောက်အများမွေးထုတ်နိုင်ခဲ့ပါတယ်။


McMaster University မှ ကျောင်းသားများအတွက် လုံခြုံရေးနဲ့ နေထိုင်ရေး ဝန်ဆောင်မှုတွေကိုလည်း အဓိကထားဆောင်ရွက်ပေးနေပါတယ်။ ကျောင်းသားတွေအနေနဲ့ ဘာလို့ McMaster University ကို ရွေးချယ်သင့်လည်းဆိုတော့ Engineering Program အတွက် ထိပ်တန်းကျောင်းဖြစ်တဲ့အပြင် ရွေးချယ်စရာ Program ပေါင်း (၆၀) ကျော်လည်းရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Engineering & Management နဲ့ Engineering & Society Programs အတွက် Co-Op Program ရှိပါတယ်။ Co-op Program ဆိုတာ တက္ကသိုလ်တက်ချိန် ကာလအတွင်းမှာ မိမိသင်ယူနေတဲ့ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ကုမ္ပဏီမှာ တက္ကသိုလ်ရဲ့စီစဉ်ပေးမှုနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းဖြစ်ပြီး ဘွဲ့ရပြီးပါက လုပ်သက်အတွေ့အကြုံပါ ရရှိမှာဖြစ်တာကြောင့် ရှေ့ဆက်မယ့်အလုပ်တွေမှာ ကျောင်းတက်ရင်း အလုပ်လုပ်လိုသောကျောင်းသားများအတွက် အသင့်တော်ဆုံးသော Program တစ်ခုလည်းဖြစ်ပါတယ်။


McMaster university မှ ဘွဲ့ရအလုပ်အကိုင်ရရှိမှုနှုန်းက ကနေဒါနိုင်ငံမှာ အဆင့် (9) တွင်ရပ်တည်လျှက်ရှိပါတယ်။ ဒါကြောင့် မြန်မာကျောင်းသားတွေအနေနဲ့ ရွေးချယ်သင့်တဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။ McGill University မှ စိတ်ဝင်စားဖို့ကောင်းတဲ့ အားကစား၊ အစားအသောက်နဲ့ ဖျော်ဖြေမှု တွေကိုတွေ့ရမှာဖြစ်ပြီး အသင်းအဖွဲ့လိုက် လူမှုရေး လှုပ်ရှားမှုများ၊ အားကစားပွဲများ၊ ပြတိုက်လေ့လာခြင်းများနဲ့အတူ မိမိအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပါတယ်။ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်ကို ၁ ပတ်ကို နာရီ (၂၀) လုပ်ကိုင်နိုင်ပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားကောင်းမွန်တဲ့နိုင်ငံမှာ ကျောင်းလခနဲ့ နေထိုင်စားသောက်စရိတ်က အမေရိကားနဲ့ ယူကေတို့ထက်သက်သာပြီး ကနေဒါနိုင်ငံရဲ့ McMaster University မှာကမ္ဘာ့အဆင့်မှီ ပညာရေးကို သင်ကြားနိုင်တာကြောင့် ကျောင်းသားတွေအနေနဲ့ ရွေးချယ်သင့်တဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။

 

Recommended for you - အင်းစိန် GTI ကျောင်းတွင် အထည်ချုပ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်


McMaster University တက်ရောက်ဖို့အတွက်ပြင်ဆင်ရာမှာ OSSD Program (Pre University) ဟာအကောင်းဆုံး foundation programme ပဲဖြစ်ပါတယ်။ OSSD (Ontario Secondary School Diploma) ဟာ Canada နိုင်ငံ Ministry of Education ကနေတရားဝင်ပေးအပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ဖြစ်ပြီး တက္ကသိုလ်ရောက်တဲ့အခါ အောင်မြင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်စေရန် လိုအပ်တဲ့အရည်အချင်းတွေကို ဖြည့်ဆည်းပေးတဲ့ programme ကောင်းဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းများမှာ ကနေဒါနိုင်ငံမှ ရေးဆွဲတဲ့သင်ရိုးညွှန်းတမ်းဖြစ်ပြီး ကနေဒါမှစစ်ဆေးသော စာမေးပွဲကို ဖြေဆိုရမှာဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်တိုင်းတာနိုင်မှာဖြစ်ပါတယ်။ OSSD University Foundation Programme ကို ပြည်တွင်းမှာ (၈ လ - ၁၂ လ ) ကြာတက်ရောက်ရမှာဖြစ်ပါတယ်။ OSSD ကိုအောင်မြင်ပြီးပါက USA, Canada, Australia, New Zealand နှင့် Singapore နိုင်ငံတွေမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ foundation အတန်းတက်ရန်မလိုပဲ direct admission နဲ့ first year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။


OSSD University Foundation Programme ကို ယခင်က ကနေဒါနိုင်ငံမှာသာ တက်ရောက်နိုင်ပြီး ယခုချိန်မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ Canadian International College မှာ တက်ရောက်နိုင်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တက်ရောက်နိုင်ခြင်းရဲ့ အားသာချက်ကတော့ ကုန်ကျစရိတ်တစ်ဝက်သက်သာနိုင်တဲ့အပြင် နိုင်ငံတကာပညာရေးစံချိန်စံညွှန်းတွေအတိုင်း ကောင်းမွန်စွာ ပြင်ဆင်ပေးလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။


အသေးစိတ်စုံစမ်းရန်

Canadian International College

အမှတ် (22) မြေညီထပ်၊ မိုးမြင့်စံကွန်ဒို၊ မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09784065050, 09784064040 ကို ဆက်သွယ်စုံစမ်းဖို့ ဖိတ်ခေါ်အပ်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - RMIT UNIVERSITY မှ တိုက်ရိုက်ပေးအပ်မည့်ဘွဲ့များကို စင်္ကာပူနိုင်ငံတွင်ရရှိနိုင်မည့် အခွင့်အရေး

 

Recommended for you - ဘေလ်ဂိတ်နဲ့ ဇနီး မယ်လင်ဒါဂိတ်က ပေးတဲ့ စကောလားရှစ်ပါ

 

Credit; Canadian International College - Myanmar

Read times Last modified on Wednesday, 08 January 2020 14:48
Rate this articles
(1 Vote)