ဗြိတိန်နိုင်ငံ ရှီးဗနင်းပညာသင်ဆုကို ၂ဝ၁၈ သြဂုတ်လ ၆ ရက်နေ့က စတင်ပြီး ၂ဝ၁၈ နိုဝင်ဘာလ ၆ ရက်အထိ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဗြိတိသျသံရုံးမှ သိရပါတယ်။
ရှီးဗနင်းပညာသင်ဆုဟာ နိုင်ငံခြားမှ ကျောင်းသားတွေအတွက် ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး ပညာသင်ဆုအစီအစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ဘွဲ့လွန်ပညာတွေ ဆက်လက်သင်ကြားဖို့ မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ကျွမ်းကျင် ပညာရှင်တွေအတွက် အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဗြိတိန်တက္ကသိုလ်တွေ၊ အခြား ကျွမ်းကျင်ပညာသင်ကြားရေး အဖွဲ့အစည်း ဌာနတွေမှာ တစ်နှစ်တာမဟာဘွဲ့တွေ တက်ရောက်သင်ကြားရယူနိုင်ဖို့ ရှီးဗနင်းပညာသင်ဆုကို ချီးမြှင့်လျက်ရှိတယ်လို့ သိရပါတယ်။
ပညာသင်ဆု လျှောက်ထားသူတွေအနေနဲ့ IELTS ရလာဒ်က လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ မိမိရဲ့ အင်္ဂလိပ်စာ အရည်အချင်းရလဒ်ဟာ ၂၀၁၇ အောက်တိုဘာလ ၁ ရက်နေ့ သို့မဟုတ် အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်း သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲတွေကို ဖြေဆိုထားတဲ့ ရလာဒ်ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ မိမိရရှိထားတဲ့ ရလာဒ် ကို ၂၀၁၉ ဇူလိုင်လ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အွန်လိုင်းမှာ တင်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလိပ်စာ အနိမ့်ဆုံးလိုအပ်ချက်မှာ IELTS 6.5, IBT TOEFL 79 (သို့မဟုတ်) အဲဒါနဲ့ ညီမျှတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု ရှိရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဗြိတိသျသံရုံး၊ ရန်ကုန် ဖုန်း-၃၈၀၃၂၂၊ ၂၅၆၄၃၈ နဲ့ ဒီ link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - နယ်သာလန်နိုင်ငံမှပေးအပ်တဲ့ University Twente Scholarship (UTS) ပညာသင်ဆု
Recommended for you - မုံရွာစီးပွားရေးတက္ကသိုလ် + မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်ရစာရင်း
Credit; Internet Journal