×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 09 October 2018

University of Twente (UTS) က ပေးအပ်မည့် ပညာသင်ဆု

University of Twente (UTS) က ပေးအပ်မည့် ပညာသင်ဆု google.com

University of Twente တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်သည်။

ပေးအပ်မည့်ဘွဲ့အမျိုးအစားမှာ Masters Degree ဖြစ်သည်။ လျှောက်လွှာများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် မေလ ၁ ရက်တွင် ပိတ်မည်ဖြစ်သည်။ သင်တန်းစတင်မည်မှာ ၂၀၁၉ စက်တင်ဘာလတွင် ဖြစ်သည်။


University of Twente (UTS) ပညာသင်ဆုကို EU/ EEA နိုင်ငံများနှင့် ယင်းနိုင်ငံများက မဟုတ်သူများကိုလည်း ခေါ်သည်။ University of Twente တွင် MSc ဘွဲ့အတွက် ဆက်လက်ပညာသင်ကြားရမည်ဖြစ်သည်။


University of Twente ကပေးအပ်သည့် ပညာသင်ဆုကို နှစ်မျိုးခွဲထားသည်။ Kipaji Scholarship နှင့် Professor de Winter Scholarship ဟူ၍ဖြစ်သည်။ နယ်သာလန်နိုင်ငံတွင် တက်ရောက်ပညာသင်ကြားရမည့် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။


University of Twente (UTS) က ပေးအပ်မည့် MSc ဆိုင်ရာပညာရပ်များမှာ Applied Mathematics, Applied Physics, Biomedical Engineering,Business Administration, Information Technology, Engineering, Civil Engineering and Management, Communication Studies, Computer Science, Construction Management and Engineering, Educational Science and Technology, Electrical Engineering, Embedded Systems, Environmental and Energy Management, European Studies, Health Sciences, Human Media Interaction, Industrial Design Engineering, Industrial Engineering and Management, Internet Science & Technology, Mechanical Engineering, Nanotechnology, Philosophy of Science, Technology and Society, Psychology, Public Administration, Sustainable Energy Technology, Systems and Control ဘာသာရပ်များဖြစ်သည်။


ခေါ်မည့်ပညာတော်သင်အရေအတွက်မှာ ၅၀ ဦး ဖြစ်သည်။ ထောက်ပံ့ကြေးအဖြစ် ယူရို ၃၀၀၀ မှ ၂၅၀၀ တစ်နှစ်ကို ရရှိမည်ဖြစ်သည်။ လေ့လာရမည့်ကာလမှာ ၂ နှစ်ဖြစ်သည်။


- ဝင်ခွင့်အတွက် Admission letter ကို ပထမဆုံး တင်သွင်းရမည်။

- လျှောက်လွှာကိုပြည့်စုံစွာဖြည့်စွက်ကာ တင်သွင်းရမည်ဖြစ်ပြီး ကျောင်းသားနံပါတ် (Student number) ရှိထားရမည်။

- IELTS 6.5 သို့မဟုတ် TOEFL iBT of 90 ကို (General English Language Test) အင်္ဂလိပ်ဘာသာစစ်ဆေးမှုအတွက် ရရှိထားသူ ဖြစ်ရန်လိုသည်။ Speaking skills တွင်လည်း IELTS 6.0 (TOEFL iBT 20) ရရှိထားရမည်။

- ထူးချွန်ပြီး ပညာကို စိတ်ဝင်စားသူဖြစ်ရန်လိုကာ တက္ကသိုလ်တွင် အတန်းထဲ၌ ၅-၁၀ 5-10 percent အထိ ရအောင် စွမ်းဆောငနိုင် သူများဖြစ်ရမည်။


လျှောက်လွှာများကို Round 1 အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင်လည်းကောင်း Round 2 အဖြစ် ၂၀၁၉ ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်းကောင်း နောက်ဆုံးထားကာ တင်သွင်းရမည်။ အသေးစိတ်ကို https://www.utwente.nl/en/education/ scholarship-finder/university-of-twente-scholarship/ ၊ http://www.scholars4dev.com/category/country/europe-scholarships/netherlands-scholarships/ တို့တွင် ဝင်ေရာက်ကြည့်ရှုနိုင်ပါသည်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဆွစ်ဇာလန်နိုင်ငံအစိုးရကပေးအပ်သည့် နိုင်ငံခြားတိုင်းပြည်များမှ ကျောင်းသားများအတွက် ပညာသင်ဆု

 

Recommended for you - လာမည့်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးသစ် ပြောင်းမည်

 

Credit; The Voice

Read times Last modified on Wednesday, 29 January 2020 11:06
Rate this articles
(1 Vote)