×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 11 October 2018

RSIS မှပေးအပ်မည့် မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းများအတွက် ပညာသင်ဆုလျှောက်ထားနိုင်

RSIS မှပေးအပ်မည့် မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းများအတွက် ပညာသင်ဆုလျှောက်ထားနိုင် google.com

စင်ကာပူနိုင်ငံ S. Rajaratnam School of International Studies (RSIS) ကနေ ၂၀၁၉ ပညာသင်နှစ်အတွက် ပေးအပ်မယ့် မဟာဘွဲ့နဲ့ ပါရဂူဘွဲ့သင်တန်းတွေအတွက် ပညာသင်ဆုလျှောက်ထားနိုင်မယ်လို့ သိရပါတယ်။


လျှောက်ထားနိုင်တဲ့ ဘာသာရပ်တွေက M.Sc (Asian Studies), M.Sc (International Political Economy), M.Sc (International Relations), M.Sc (Strategic Studies), NTU- Warwick Double Masters Programme နဲ့ Ph.D Programme တို့ဖြစ်ပါတယ်။ ပညာသင်ဆုတွေကို သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်တွေနဲ့ ဝန်ထမ်းတွေ၊ ညီနောင်အသင်းမှ အမှုဆောင်တွေနဲ့ ဝန်ထမ်းတွေ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္မဏီတွေရဲ့ အဖွဲ့ဝင်တွေ (သို့) ဝန်ထမ်းတွေ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ အသင်းချုပ်ခွင့်ပြုချက်ရယူလိုပါက စီမံအုပ်ချုပ်ရေး အရာရှိချုပ်ထံ လိပ်မူကာ ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ လျှောက်ထားသူရဲ့ CV ၊ ဓာတ်ပုံ၊ အသင်းဝင်ကတ် မိတ္ထူ၊ မှတ်ပုံတင်မိတ္ထူတို့ကို ပူးတွဲပြီး အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီတွေက အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့အတူ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။


လျှောက်ထားလိုသူတွေအနေနဲ့ ဒီ Link သို့ ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်စာနဲ့ သက်ဆိုင်ရာတက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်မှာ လျှောက်ထားနိုင်ပါတယ်။


အသေးစိတ်အချက်အလက်တွေကို HRD ဌာန၊ ဖုန်း ၀၁ -၂၃၁၄၃၄၄- ၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - University Of Teesside ဘွဲ့ဒီဂရီများအကြောင်း Open House Day ပြုလုပ်မည်

 

Recommended for you - ပညာရေးလုပ်ငန်းကြီးတစ်ခုလုံး၏ အဓိကသော့ချက်သည် ဆရာ၊ ဆရာမများပင်ဖြစ်

 

Credit; ဝေဝေ

Read times Last modified on Wednesday, 29 January 2020 11:29
Rate this articles
(1 Vote)