×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 16 October 2018

တကၠသိုလ္ေက်ာင္းသားဘဝကို ထူးျခားသြားေစမယ့္ နည္းလမ္း (၅)သြယ္

တကၠသိုလ္ေက်ာင္းသားဘဝကို ထူးျခားသြားေစမယ့္ နည္းလမ္း (၅)သြယ္ google.com

တကၠသိုလ္ ေက်ာင္းသားဘဝရဲ႕ အေကာင္းဆုံးအခ်က္ဟာ လြတ္လပ္မႈ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ သင့္ရဲ႕ အိပ္မက္ေတြကို ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။

သင့္ရဲ႕ ေလ့လာလႈပ္ရွားမႈစြမ္းရည္ေတြကို ပိုတိုးတက္ေစသလို အသင္းအဖြဲ႕ရဲ႕ သေဘာသဘာဝေတြကို ပိုၿပီး နားလည္ေစပါတယ္။ ဒီေန႔မွာေတာ့ သင့္ရဲ႕ တကၠသိုလ္ ေက်ာင္းသားဘဝကို ပိုၿပီး အဓိပၸာယ္ျပည့္စံုေကာင္းမြန္ေစမယ့္ အႀကံျပဳခ်က္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္..


(၁) Activities (လႈပ္ရွားမႈ) မ်ားလုပ္ပါ

သင့္ရဲ႕ ေန႕စဥ္ေက်ာင္းသြား၊ အိမ္ျပန္ ၊ အျပင္ဘက္ အတန္းသြားတာက လြဲလို႔ တျခားဟာေတြ ဘာမွမလုပ္ဘူးဆိုရင္ သင့္ရဲ႕ ေက်ာင္းသားဘဝဟာ သာမန္ပါပဲ။ သင္ဘာကို စိတ္ဝင္စားလဲ? ဒီအခ်ိန္မွာ အဲဒီစိတ္ဝင္စားတဲ့အရာကို စမ္းသပ္ၾကည့္ပါ။ အားကစားတစ္ခု ဒါမွမဟုတ္ ဂီတတူရိယာတစ္ခုခု ဒါမွမဟုတ္ အသစ္အသစ္ေသာ လႈပ္ရွားမႈတစ္ခုခုကို ႀကိဳးစားလုပ္ၾကည့္ပါ။ ဒါဟာ ကုန္က်စရိတ္နည္းနည္းနဲ႔ အသစ္ေတြကို စမ္းသပ္ဖို႔ အေကာင္းဆံုးအခ်ိန္ပါပဲ။ ဒါေတြက သင့္ရဲ႕ေန႕စဥ္ဘဝအတြက္ အသုံးဝင္တဲ့ အရည္အခ်င္းေတြ (ဥပမာ ဆက္ဆံေရး) ကို ပိုမိုေကာင္းမြန္ေအာင္ ဖြံ႕ၿဖိဳးကူညီေပးႏုိင္ပါလိမ့္မယ္။


(၂) လုပ္အားေပးပါ

ႏုိင္ငံအတြင္းမွာျဖစ္ေစ၊ နိုင္ငံရပ္ျခားအတြက္ပဲ ျဖစ္ေစ၊ လုပ္အားေပးျခင္းက သင့္ရဲ႕ တကၠသိုလ္ဘဝကို ပိုၿပီး အဓိပၸာယ္ရွိေစတဲ့ နည္းလမ္းတစ္ခုပါ။ ပိုမိုယုံၾကည္စိတ္ခ်ရတဲ႔ လုပ္အားေပးအဖြဲ႕ေတြနဲ႔ အတူတူလက္တြဲၿပီး အလုပ္လုုပ္ႏုိင္တဲ့ အခြင့္အေရးကို လြယ္လြယ္ရရွိတာဟာ ေက်ာင္းသားတစ္ေယာက္ရဲ႕ အားသာခ်က္ပါပဲ။ ကာလရွည္အတူတူလက္တြဲၿပီး အလုပ္လုပ္ဖို႔ဆိုရင္လည္း လြယ္ကူတယ္ေလ။ လူ႕အဖြဲ႕အစည္းကို ေကာင္းမြန္ေစဖို႔ ႀကိဳးစားအားထုတ္ေနတဲ့သူေတြနဲ႔ ေတြ႕ခြင့္ရမယ့္ အခြင့္အေရးႀကီးေပါ့။ ဒါ့အျပင္ သင္အလုပ္ရွာတဲ့အခါမွာလည္း သင့္ရဲ႕ကိုယ္ေရးရာဇဝင္က အမ်ားၾကားမွာ ထင္ရွားေနမွာပါ။


(၃) အလုပ္သင္ဆင္းပါ

အလုပ္ရွင္မ်ားအမ်ားစုက အလုပ္အေတြ႕အႀကဳံ ရွိတဲ့သူ (သို႔) အနည္းဆုံး ေလ့က်င့္သင္ၾကားမႈ ရွိတဲ့သူေတြကို ငွားရမ္းဖို႔ ပိုႏွစ္သက္တယ္ဆုိတာ အေတာ္မ်ားမ်ား သိထားၿပီးသားပါေနာ္။ တကၠသိုလ္တက္တဲ့အခါ ေက်ာင္းပိတ္ရက္ရွည္ ၂ခါ ေလာက္ေတာ့ အနည္းဆံုး ရွိမွာေပါ့ေနာ္.. ဒီအခ်ိန္ေတြအတြင္းမွာ တစ္လျဖစ္ျဖစ္၊ လအနည္းငယ္ ျဖစ္ျဖစ္၊ ကုမၸဏီတစ္ခုခုျဖစ္ေစ၊ ကိုယ္စိတ္ဝင္စားရာ ပေရာဂ်က္ျဖစ္ေစ ဝင္လုပ္ပါ။ လုပ္ငန္းအေတြ႕အႀကဳံကသာ အမွန္တကယ္ လက္ေတြ႕ေလာကရဲ႕ အခက္အခဲေတြနဲ႔ အလုပ္အေျခအေနေတြကို ေသခ်ာျမင္ေစတာပါ။


(၄) Exchange သြားပါ

ယေန႕ေခတ္အလုပ္ခြင္ေတြမွာ ယဥ္ေက်းမႈေပါင္းစံုကို ပိုေတြ႕လာရပါတယ္။ ဒါေၾကာင့္ ကြဲျပားျခားနားတဲ့ ယဥ္ေက်းမႈေနာက္ခံကလာတဲ့ အဖြဲ႔ဝင္ေတြနဲ႔အတူ အလုပ္လုပ္ႏိုင္တာက အေရးႀကီးတဲ့စြမ္းရည္ ျဖစ္လာပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕တကၠသိုလ္က ေက်ာင္းဖလွယ္သြားဖို႔ အခြင့္အေရး ကမ္းလွမ္းရင္ ရေအာင္ယူလိုက္ပါ။ ဒါဟာ အျခားယဥ္ေက်းမႈ နဲ႔ ေက်ာင္းသားဘဝကို ေတြ႕ႀကံဳႏုိင္မယ့္ ရွားပါးတဲ့ အခြင့္အလမ္းျဖစ္ပါတယ္။ အမ်ားနဲ႔မတူဘဲ အလားအလာကြဲျပားျခားနားတဲ့ ရႈေထာင့္ကေန ၾကည့္တတ္ဖို႔ သင္ယူနိုင္ပါလိမ့္မယ္။ ပိုအေရးႀကီးတာက ကြဲျပားျခားနားတဲ့ ယဥ္ေက်းမႈေတြကို ပိုနားလည္တတ္လာၿပီး Cross-cultural respect လို႔ေခၚတဲ့ တစ္ဘက္ယဥ္ေက်းမႈကိုေလးစားမႈ အေလ့အထလည္း ဖြံ႕ၿဖိဳးလာပါလိမ့္မယ္။


(၅) တျခားဌာနေတြက အတန္းေတြ ယူၾကည့္ပါ

အျခားဌာနေတြရဲ႕ အစျပဳအတန္း ၁ ခု၊ ၂ခု ေလာက္ယူပါ။ ဥပမာအားျဖင့္ အင္ဂ်င္နီယာအလုပ္ဟာ အင္ဂ်င္နီယာအသိပညာအျပင္ အေျခခံဘ႑ာေရးအသိပညာနဲ႔ တင္ဆက္မႈစြမ္းရည္ေတြရွိဖို႔လည္း လိုအပ္တယ္။ စဥ္းစားေတြးေခၚမႈ နည္းလမ္းအမ်ိဳးမ်ိဳးကို သိခြင့္ရတဲ့အျပင္ ကြဲျပားျခားနားတဲ့ ကြၽမ္းက်င္မႈရွိတဲ့ ေက်ာင္းသားေတြကို ေတြ႕ဆုံဖို႔ အခြင့္အလမ္းေတြ ရပါလိမ့္မယ္။


သင့္ရဲ႕တကၠသိုလ္ႏွစ္ဟာ သင့္ဘဝအတြက္ အေရးႀကီးတဲ့ ကာလတစ္ခု ျဖစ္ပါတယ္။ ယခုအခ်ိန္ဟာ သင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းနဲ႔ ေနာင္ေရးကို ပံုေဖာ္ေပးႏိုင္တဲ့ ကာလေလးပါ။ သင့္ရဲ႕ အိပ္မက္ဆီကို လမ္းၫႊန္ေပးႏိုင္မယ့္သူေတြနဲ႔လည္း ေတြ႕ဆံုႏုိင္ပါေသးတယ္။

ပညာရပ္အမ်ိဳးမ်ိဳးကို သင္ယူခ်င္ေပမယ့္ သင္တန္းသြားတက္ဖို႔ အခ်ိန္မေပးနိုင္ျဖစ္ေနပါသလား။ စိတ္မပူပါနဲ႔။ sayar.com.mm  တြင္ ရွာေဖြလိုက္ပါ ... သင့္ဆီတိုက္ရိုက္လာသင္ေပးနိုင္တဲ့ အရည္အခ်င္း ျပည့္ဝျပီး ပညာရပ္အမ်ိဳးမ်ိဳးကို သင္ၾကားေပးနိုင္မယ့္ ဆရာေတြ ရွိပါတယ္။

AutoCAD သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-228.html

Sayar Guice banner design 2 2

Unicode ဖြင့်ဖတ်ရန်
တက္ကသိုလ် ကျောင်းသားဘဝရဲ့ အကောင်းဆုံးအချက်ဟာ လွတ်လပ်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အိပ်မက်တွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

သင့်ရဲ့ လေ့လာလှုပ်ရှားမှုစွမ်းရည်တွေကို ပိုတိုးတက်စေသလို အသင်းအဖွဲ့ရဲ့ သဘောသဘာဝတွေကို ပိုပြီး နားလည်စေပါတယ်။ ဒီနေ့မှာတော့ သင့်ရဲ့ တက္ကသိုလ် ကျောင်းသားဘဝကို ပိုပြီး အဓိပ္ပာယ်ပြည့်စုံကောင်းမွန်စေမယ့် အကြံပြုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်..


(၁) Activities (လှုပ်ရှားမှု) များလုပ်ပါ

သင့်ရဲ့ နေ့စဉ်ကျောင်းသွား၊ အိမ်ပြန် ၊ အပြင်ဘက် အတန်းသွားတာက လွဲလို့ တခြားဟာတွေ ဘာမှမလုပ်ဘူးဆိုရင် သင့်ရဲ့ ကျောင်းသားဘဝဟာ သာမန်ပါပဲ။ သင်ဘာကို စိတ်ဝင်စားလဲ? ဒီအချိန်မှာ အဲဒီစိတ်ဝင်စားတဲ့အရာကို စမ်းသပ်ကြည့်ပါ။ အားကစားတစ်ခု ဒါမှမဟုတ် ဂီတတူရိယာတစ်ခုခု ဒါမှမဟုတ် အသစ်အသစ်သော လှုပ်ရှားမှုတစ်ခုခုကို ကြိုးစားလုပ်ကြည့်ပါ။ ဒါဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ အသစ်တွေကို စမ်းသပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါတွေက သင့်ရဲ့နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ အရည်အချင်းတွေ (ဥပမာ ဆက်ဆံရေး) ကို ပိုမိုကောင်းမွန်အောင် ဖွံ့ဖြိုးကူညီပေးနိုင်ပါလိမ့်မယ်။

 


(၂) လုပ်အားပေးပါ

နိုင်ငံအတွင်းမှာဖြစ်စေ၊ နိုင်ငံရပ်ခြားအတွက်ပဲ ဖြစ်စေ၊ လုပ်အားပေးခြင်းက သင့်ရဲ့ တက္ကသိုလ်ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစေတဲ့ နည်းလမ်းတစ်ခုပါ။ ပိုမိုယုံကြည်စိတ်ချရတဲ့ လုပ်အားပေးအဖွဲ့တွေနဲ့ အတူတူလက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးကို လွယ်လွယ်ရရှိတာဟာ ကျောင်းသားတစ်ယောက်ရဲ့ အားသာချက်ပါပဲ။ ကာလရှည်အတူတူလက်တွဲပြီး အလုပ်လုပ်ဖို့ဆိုရင်လည်း လွယ်ကူတယ်လေ။ လူ့အဖွဲ့အစည်းကို ကောင်းမွန်စေဖို့ ကြိုးစားအားထုတ်နေတဲ့သူတွေနဲ့ တွေ့ခွင့်ရမယ့် အခွင့်အရေးကြီးပေါ့။ ဒါ့အပြင် သင်အလုပ်ရှာတဲ့အခါမှာလည်း သင့်ရဲ့ကိုယ်ရေးရာဇဝင်က အများကြားမှာ ထင်ရှားနေမှာပါ။

 


(၃) အလုပ်သင်ဆင်းပါ

အလုပ်ရှင်များအများစုက အလုပ်အတွေ့အကြုံ ရှိတဲ့သူ (သို့) အနည်းဆုံး လေ့ကျင့်သင်ကြားမှု ရှိတဲ့သူတွေကို ငှားရမ်းဖို့ ပိုနှစ်သက်တယ်ဆိုတာ အတော်များများ သိထားပြီးသားပါနော်။ တက္ကသိုလ်တက်တဲ့အခါ ကျောင်းပိတ်ရက်ရှည် ၂ခါ လောက်တော့ အနည်းဆုံး ရှိမှာပေါ့နော်.. ဒီအချိန်တွေအတွင်းမှာ တစ်လဖြစ်ဖြစ်၊ လအနည်းငယ် ဖြစ်ဖြစ်၊ ကုမ္ပဏီတစ်ခုခုဖြစ်စေ၊ ကိုယ်စိတ်ဝင်စားရာ ပရောဂျက်ဖြစ်စေ ဝင်လုပ်ပါ။ လုပ်ငန်းအတွေ့အကြုံကသာ အမှန်တကယ် လက်တွေ့လောကရဲ့ အခက်အခဲတွေနဲ့ အလုပ်အခြေအနေတွေကို သေချာမြင်စေတာပါ။

 


(၄) Exchange သွားပါ

ယနေ့ခေတ်အလုပ်ခွင်တွေမှာ ယဉ်ကျေးမှုပေါင်းစုံကို ပိုတွေ့လာရပါတယ်။ ဒါကြောင့် ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုနောက်ခံကလာတဲ့ အဖွဲ့ဝင်တွေနဲ့အတူ အလုပ်လုပ်နိုင်တာက အရေးကြီးတဲ့စွမ်းရည် ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ရဲ့တက္ကသိုလ်က ကျောင်းဖလှယ်သွားဖို့ အခွင့်အရေး ကမ်းလှမ်းရင် ရအောင်ယူလိုက်ပါ။ ဒါဟာ အခြားယဉ်ကျေးမှု နဲ့ ကျောင်းသားဘဝကို တွေ့ကြုံနိုင်မယ့် ရှားပါးတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ အများနဲ့မတူဘဲ အလားအလာကွဲပြားခြားနားတဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့ သင်ယူနိုင်ပါလိမ့်မယ်။ ပိုအရေးကြီးတာက ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပိုနားလည်တတ်လာပြီး Cross-cultural respect လို့ခေါ်တဲ့ တစ်ဘက်ယဉ်ကျေးမှုကိုလေးစားမှု အလေ့အထလည်း ဖွံ့ဖြိုးလာပါလိမ့်မယ်။

 


(၅) တခြားဌာနတွေက အတန်းတွေ ယူကြည့်ပါ

အခြားဌာနတွေရဲ့ အစပြုအတန်း ၁ ခု၊ ၂ခု လောက်ယူပါ။ ဥပမာအားဖြင့် အင်ဂျင်နီယာအလုပ်ဟာ အင်ဂျင်နီယာအသိပညာအပြင် အခြေခံဘဏ္ဍာရေးအသိပညာနဲ့ တင်ဆက်မှုစွမ်းရည်တွေရှိဖို့လည်း လိုအပ်တယ်။ စဉ်းစားတွေးခေါ်မှု နည်းလမ်းအမျိုးမျိုးကို သိခွင့်ရတဲ့အပြင် ကွဲပြားခြားနားတဲ့ ကျွမ်းကျင်မှုရှိတဲ့ ကျောင်းသားတွေကို တွေ့ဆုံဖို့ အခွင့်အလမ်းတွေ ရပါလိမ့်မယ်။


သင့်ရဲ့တက္ကသိုလ်နှစ်ဟာ သင့်ဘဝအတွက် အရေးကြီးတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ ယခုအချိန်ဟာ သင့်ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ နောင်ရေးကို ပုံဖော်ပေးနိုင်တဲ့ ကာလလေးပါ။ သင့်ရဲ့ အိပ်မက်ဆီကို လမ်းညွှန်ပေးနိုင်မယ့်သူတွေနဲ့လည်း တွေ့ဆုံနိုင်ပါသေးတယ်။

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

 

Credit; For Her Myanamr

AutoCAD သင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-228.html 

Sayar Guice banner design 2 2

Read times Last modified on Saturday, 15 February 2020 14:10
Rate this articles
(1 Vote)