×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 29 November 2018

သက်မွေးမှုလုပ်ငန်းနဲ့ ဝါသနာကို ဘယ်လို တန်းညှိမလဲ?

ကျွန်တော်တို့မပျော်တဲ့ အလုပ်တွေကိုလုပ်ဖို့ ဘဝက တိုတောင်းလွန်းပါတယ်။ အသက်မွေးဝမ်းကြောင်း လုပ်ငန်းဆိုတာ ဘဝအတွက် အရေးကြီးပါတယ်။ ဘာ့ကြောင့် မိမိဝါသနာနဲ့ကိုက်ညီမယ့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို မရွေးချယ်ရသလဲ?

မိမိဝါသနာနဲ့ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်တဲ့အခါ နေ့စဉ်နေ့တိုင်း အလုပ်ကို အာရုံစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်လာမယ်၊ အလုပ်လုပ်တဲ့ နေရာမှာ လည်း နှလုံးသားထဲကနေ ပျော်ပျော်ရွှင်ရွှင် အားကြိုးမာန်တတ်နဲ့ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကိုရှာဖွေရာမှာ လမ်းကြောင်းပြ မြေပုံဆိုတာ မရှိပါဘူး။ ဒါပေမယ့် ရှာဖွေတဲ့အခါ သိထားရမယ့် သိထားသင့်တဲ့ အချက်တွေ၊ အဆင့်တွေရှိပါတယ်။

၁။ မှန်ကန်တဲ့ မေးခွန်းတွေကို မေးပါ

ဘယ်အရာတွေက သင့်ကို စိတ်လှုပ်ရှားစေတာလဲ? ရည်ရွယ်ချက်က ဘာလဲ? သင်ကဘယ်နေရာမှာ တော်တာလဲ? ဒီအရာတွေက ၀ါသနာနဲ့ သက်မွေးဝမ်းကြောင်း လုပ်ငန်းကို ရွေးချယ်ရာမှာ အလွန် အရေးပါပါတယ်။

သင့်ရဲ့ အားသာချက်တွေကိ သိမှ ၀ါသနာကိုသိမှ အလုပ်ကို ရွေးချယ်တဲ့ အခါမှာ ပိုပြီးမှန်မှန်ကန်ကန် ရွေးချယ်နိုင်သလို အလုပ်လုပ်တဲ့ အခါမှာလည်း အမြင့်မားဆုံးနှုန်းနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ သင်ယူပါ

သင့်နဲ့အဆက်အသွယ်ရှိတဲ့ သက်တူရွယ်တူတွေ အကြံညဏ်ပေးနိုင်တဲ့သူတွေကို ရှာဖွေပါ။ သူတို့ ဘယ်နေရာကိုဘဲရောက်နေပါစေ ဘယ်အလုပ် ကိုဘဲ လုပ်နေပါစေ သူတို့ဟာ သင့်ကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။

သင်ဟာ အခြားတယောက်ကို လမ်းပြပေးခြင်းအားဖြင့်လည်းအကျိုးကျေးဇူးများစွာရရှိပါတယ်။ ဒီဆက်ဆံရေးမျိုးဟာ သင့်ရဲ့စိတ်ဝင်စားမှုတွေ၊ ကျွမ်းကျင်မှုတွေကို ပိုပြီးရှာဖွေသင်ယူနိုင်ဖို့ ဖိအားကင်းတဲ့ အခွင့်အရေးတခုပါ။

၃။ လက်ခံရမယ်

ကျွန်တော်တို့အလုပ်မှာ လိုချင်တဲ့ ရာထူးတွေ၊ ဌာနတွေကို ပြောင်းရွှေ့ခွင့်မရတာတွေ၊ အခြားဌာနတွေကို ပြောင်းရွှေ့ခံရတာတွေကို ကြုံရပါ တယ်။ အရေးကြီးတာက ရောက်တဲ့နေရာမှာ အကောင်းဆုံး သင်ယူဖို့၊ အကောင်းဆုံးကြိုးစားဖို့ပါဘဲ။

တခါတလေမှာ ပြောင်းလဲမှုတွေက ကျွန်တော်တို့ဝါသနာနဲ့ နီးစပ်မှုမရှိပေမယ့် အသစ်အသစ်သော အရာတွေကို သင်ယူနိုင်စေပါတယ်။ ဒါ့ကြောင့် ဘယ်နေရာကိုရောက်နေပါစေ သင်ယူပါ။ skill အသစ်တွေကို သင်ယူပါ

Source; Top Ten

Read times Last modified on Wednesday, 29 January 2020 09:56
Rate this articles
(0 votes)