×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 17 December 2018

ဒီအရည်အသွေးတွေမပါဘဲ ပန်းတိုင်ကို ဘယ်လိုသွားမလဲ?

ခရီးတစ်ခုကို သွားတဲ့အခါမှာ အထုပ်အပိုးတွေ၊ ရိက္ခာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ သယ်သွားရပါတယ်။ ဒီလိုပဲ အောင်မြင်မှု ပန်းတိုင်ကို သွားတဲ့နေရာမှာလည်း မဖြစ်မနေ သယ်သွားရမယ့် အရာတွေရှိပါတယ်။

(၁) အပြုသဘောဆောင်တဲ့စိတ်

အောင်မြင်မှုပန်းတိုင်ကိုသွားတဲ့နေရာမှာ အပြုသဘောဆောင်တဲ့စိတ်က အရမ်းအရေးပါတယ်။ လူတကာအပေါ် မကောင်းမြင်နေတဲ့ သူတစ်ယောက်ဟာ ဒီခရီးကို အလွယ်တကူသွားနိုင်မှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို အပြစ်တင်လိုက်၊ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်နဲ့ပဲ အချိန်တွေ ကုန်နေပါလိမ့်မယ်။

(၂) တည်မြဲခြင်း

အလုပ်တစ်ခုအောင်မြင်ဖို့ဆိုရင် လုံလောက်တဲ့ အချိန်ကာလတစ်ခု ပေးရပါတယ်။ ဘယ်အရာမှ နေ့ချင်းညချင်း အောင်မြင်ဖို့ လွယ်ကူနိုင်မှာမဟုတ်ပါဘူး။ ဒီတစ်ခုကို ခဏလုပ်လိုက် မအောင်မြင်လို့ နောက်တစ်ခုပြောင်းသွားလိုက်၊ နောက်တစ်ခုမှာလည်း မအောင်မြင်လို့ ထပ်ပြောင်းသွားလိုက်ဆိုရင်တော့ ဘယ်တော့မှ အောင်မြင်နိုင်တော့မှာ မဟုတ်ပါဘူး။

(၃) စိတ်ရှည်ခြင်း

အောင်မြင်တဲ့သူတော်တော်များများရဲ့ တူညီတဲ့အချက်တစ်ခုက ဇွဲကြီးတာပါ။ တစ်မျိုးပြောရရင်တော့ စိတ်ရှည်တာပါ။ ကိုယ်ဖြစ်ချင် တဲ့ အရာတစ်ခုကို စိတ်ရှည်ရှည်ထားပြီး စနစ်တကျလုပ်ဆောင်တတ်ကြပါတယ်။

(၄) ခံနိုင်ရည်ရှိခြင်း

ဒီလမ်းခရီးကိုသွားတဲ့လူတိုင်း တူညီတဲ့အတွေ့အကြုံကတော့ အရှုံးပါပဲ။ ဒီအရှုံးဒဏ်ကို ခံနိုင်ရည်ရှိရပါမယ်။ အရှုံးတွေကြောင့် လဲပြိုကျသွားရင်လည်း ပြန်ရုန်းထနိုင်ဖို့လိုပါတယ်။ ဒါမှလည်း ရောက်ချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်နိုင်မှာပါ။

(၅) အတွေးအခေါ်

အတွေးအခေါ်ဆိုတာကလည်း ဦးနှောက်သုံးဖို့ကို ဆိုလိုတာပါ။ လှေနံဓါးထစ် ဆန်တဲ့ မျက်ကန်း ဇွဲလုံလမျိုးက အောင်မြင်မှု ခရီးကိုရောက်စေမှာ မဟုတ်ပါဘူး။ အရာရာကို ချင့်ချိန်စဉ်းစားပြီး ဦးနှောက်ကိုအသုံးချနိုင်မှလည်းပဲ ဒီအောင်မြင်မှုပန်းတိုင်ကို သေချာပေါက် ရောက်နိုင်မှာပါ။

Ref: Success/(Focus Youth)

Read times Last modified on Wednesday, 29 January 2020 10:13
Rate this articles
(1 Vote)