×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 18 December 2018

ဆင်းရဲသူတစ်ယောက်မှသည် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင်ခဲ့သူ တစ်ဦး

လူတိုင်းဟာ ပြည့်စုံ ချမ်းသာကြွယ်ဝ ချင်ကြပါတယ်။ ချမ်းသာတဲ့ သူ တွေကို ကြည့်ပြီး ကိုယ်လည်း သူတို့ လိုဆိုရင် ဆိုတဲ့ အတွေးမျိုး တွေးမိ တတ်ကြပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ကံတရားရဲ့ စောင့်ရှောက်မှု မတူညီတာကြောင့် သူဖြစ်သလိုမျိုး ကိုယ်ဖြစ်ဖို့ဆိုတာ မသေချာပါဘူး။

ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝလို့ ပြည့်စုံတဲ့သူတွေထက်စာရင် ကိုယ့်အားကိုယ်ကိုး ပြီး အောင်မြင်မှု ရရှိလာတဲ့သူတွေကသာ အောင်မြင်ခြင်းရဲ့ အနှစ်သာရကို တကယ်ရရှိခံစားတတ်ကြတာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ် က ဆင်းရဲစွာ မွေးဖွားလာတာဟာ သင် အပြစ်မဟုတ်ပါဘူး၊ သေဆုံးသွားတဲ့ အချိန်ထိ ဆင်းရဲ နေသေးတယ် ဆိုရင်တော့ သင့် အပြစ်ဖြစ်သွားပါပြီ လို့ ပြောခဲ့ဖူးပါတယ်။

တစ်ခါတလေမှာ လူတွေဟာကိုယ်မှာရှိတဲ့ စွမ်းရည်ကို အပြည့်အဝအားထုတ်မှုမရှိဘဲ မဖြစ်နိုင်လောက် ပါဘူး ဆိုပြီး စိတ်အားငယ် မှုတွေ ရှိ တတ်ကြပါတယ်။ တစ်ခုခု လုပ်ချင်ပါရက်နဲ့ လုံလောက်တဲ့ အရင်းအနှီး၊ အတွေ့အကြုံ၊ကျွမ်းကျင်မှု မရှိတာအခါ ကိုယ်ရဲ့ ရည်မှန်းချက်ကို ခေတ္တ မေ့ထားပြီး လက်ရှိ အဆင်ပြေမယ့် ကိစ္စ တွေကိုသာ ပြုလုပ်နေလေ့ရှိကြပါတယ်။

သူရဲ့ဘဝမှာ ဘာမှ မရှိပေမဲ့ သူရဲ့ ယုံကြည်မှုတစ်ခုကြောင့် ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတစ်ယောက် ဖြစ်လာတဲ့ အန်ဒရူး ကာနီဂျီ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

အန်ဒရူး ကာနီဂျီ ဆိုတာ ၁၉ ရာစုနောက်ပိုင်းတုန်းက အမေရိကန်နိုင်ငံမှာ စတီးလ်စက်ရုံတွေကို ပိုင်ဆိုင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူကို လူသိများတဲ့အချက်ကတော့ အမေရိကန်နဲ့ ဗြိတိန်လို နိုင်ငံမျိုးတွေမှာ ပရဟိတ လိုအများအတွက် အကျိုးရှိစေမယ့်အရာတွေ ကို ပြုလုပ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

သူဟာ ချမ်းသာတဲ့ မိဘက မွေးဖွားလာခဲ့တဲ့သူ တစ်ဦးမဟုတ်ပါဘူး။ သူဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက အလုပ် ကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ရက်ကန်းစင်မှာ အလုပ်လုပ်တဲ့သူတစ်ဦး အဖြစ်စတင်ခဲ့တာပါ။

အဲ့ဒီအချိန်တုန်း က သူရဲ့တစ်နေ့တာ အလုပ်ချိန်ဟာ ၁၂ နာရီလုပ်ခဲ့ရပြီး တစ်ပတ်မှာ ၆ ရက်လုပ်ခဲ့ရပေမဲ့ သူရဲ့ လစာကတော့ တစ်ပတ်ကို ၁.၂ ပေါင်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကာနီဂျီဟာ ကြေး နန်းသတင်းပို့သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး တစ်ပတ်ကို ၂.၅ ပေါင် ရရှိခဲ့ပါတယ်။

သူဟာ အလုပ်ကိုကြိုးစားပြီး အကောင်းဆုံး လုပ်ဆောင်တဲ့သူ တစ်ဦး ဖြစ်တာကြောင့်တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ ရရှိလာ ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

သူ ပြောခဲ့တဲ့ အောင်မြင်မှုရရှိဖို့ ကြိုးစားရမယ့် အရာတွေက -

(၁) ကိုယ်ရည်မှန်းထားတဲ့အရာကို အစီအစဉ်တစ်ခုဆွဲထားပြီး လုပ်သင့်တဲ့ အခြေအနေ ရောက်ရင် ချက်ချင်း လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။

(၂) ကိုယ်ဆီမှာ မရှိတဲ့ အရည်အချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု တွေကို သင်ယူနိုင်မယ့်သူတွေဆီက လေ့လာ သင်ယူမှု ပြုလုပ် ပါ။

(၃) ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ အရာတွေထက် ပိုမိုလုပ်ဆောင်ကြည့်ပါ။ တစ်နေ့ထက် တစ်နေ့ နည်းနည်းချင်းစီ တိုးတက်မှုလုပ်သွား မယ်ဆိုရင် အချိန်ကာလ တစ်ခုရောက်တဲ့အခါ ထိုက်တန်တဲ့ အခြေအနေ တစ်ခုကို ရရှိမှာပဲ ဖြစ်ပါတယ်။

(၄) ယုံကြည်မှုနဲ့အတူ လေ့ကျင့်မှု ပြုလုပ်ပါ။ လေ့ကျင်မှု မရှိတဲ့အရာတိုင်းသာ အောင်မြင်မှု ရဖို့ မလွယ်ကူတာ ကြောင့် ကိုယ် အောင်မြင် ဖို့ အတွက် ယုံကြည်စွာလေ့ကျင့်နေရမှာ ဖြစ်ပါတယ်။

(၅) ပင်ကိုစွမ်းရည်ဆိုတာ လူတိုင်းဆီမှာ ရှိပါတယ်။ ကိုယ်ရဲ့ လုပ်ဆောင် နိုင်တဲ့ အတိုင်းအတာမှာ လုပ်ရမယ့် အလုပ်ကို သူများ ပြောမှ လုပ်ရတာမျိုး မဖြစ်အောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

(၆) ကိုယ်ရည်မှန်းထားတာထက် ပိုတွေးထားပါ။ ဒီလိုမျိုး လုပ်ရင် ဖြစ်နိုင် တယ်ဆိုတာထက် ဒီထက် ပိုကောင်း အောင် ဘယ်လို လုပ်ရ မလဲ ဆိုတာကို အမြဲတွေး နေသင့်ပါတယ်။

(၇) အကောင်းမြင်စိတ်ကို အတတ်နိုင်ဆုံး မွေးမြူပါ။ ကိုယ်ရည်မှန်းချက်ကို အနှောင့်အယှက် ဖြစ်စေမယ့် အပြု အမူမျိုး ကြုံတွေ့ ရတဲ့ အခြေအနေ မှာတောင် ဘာကြောင့်လဲဆိုတာကို စဉ်းစားပြီး အကောင်းဆုံး ဖြေရှင်းနိုင် မယ့် နည်းလမ်းကို ရှာဖွေရမှာ ဖြစ်ပါ တယ်။

(၈) တွေးတဲ့အခါမျိုး တွေမှာ ဖြစ်နိုင်လောက်တဲ့ အတွေးမျိုးတွေးကိုတွေးပါ။ လက်ခံနိုင်တဲ့ အမှန်တရားတစ်ခုကို ရရှိဖို့ အတွက် ကိုယ့်ရဲ့  တွေးခေါ်မှုတွေက အမှန်တိုင်းဖြစ်နေဖို့ လိုအပ်ပါတယ်။

(၉) လက်ရှိအခြေအနေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေထဲက အရေးကြီးဆုံး အရာကို ဖြေရှင်းနိုင်ဖို့ အာရုံ စူးစိုက်မှု ထားပါ။

(၁၀) အခက်အခဲ ဖြေရှင်းလိုက်နိုင်တဲအခါ ရရှိလိုက်တဲ့ အကျိုးအမြတ် အကြောင်းကို သေချာမှတ်သားထားပါ။ အရာရာတိုင်း သူတန်ဖိုးနဲ့ သူ ရှိတတ်ကြပါတယ်။

source: newchallenges

Read times Last modified on Thursday, 30 January 2020 14:16
Rate this articles
(1 Vote)