×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 02 January 2019

ကိုယ့်ဘဝကို တကယ်တန်ဖိုးထားချင်ရင် မလုပ်သင့်တဲ့အရာ (၄) မျိုး

သင့်ရဲ့ ဖြစ်တည်မှုကို သင်တကယ်မြတ်နိုး တန်ဖိုးထားရင် ဒီအရာ(၄) ကို လုံးဝ မလုပ်ပါနဲ့။

(၁) ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်မယူခြင်း

လူမှန်ရင် ကိုယ့်ရဲ့ လုပ်ရပ်ကိုကိုယ် တာဝန်ယူရပါတယ် ။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ဘဝကို အမှန်တကယ်တန်ဖိုးထားတယ်ဆိုရင် ကိုယ်ရောက်နေတဲ့နေရာ ၊ အဆင့်အတန်း တို့်နဲ့ မလျော်ညီတဲ့ အပြောအဆို အပြုအမူတွေကို လုံးဝ မလုပ်သင့်ပါဘူး ။ တကယ်လို့ အမှားတစ်ခုခု လုပ်မိတဲ့အခါမှာလည်း ကိုယ့်ရဲ့အမှားကို ဝန်ခံပြီး ဝန်ချတောင်းပန်သင့်ပါတယ် ။

(၂) တခြားသူများကို အပြစ်တင်ခြင်း

လောကမှာ အလကားရတဲ့အရာဆိုတာ ဘာမှမရှိပါဘူး ။ "ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ပြန်ရိတ်သိမ်းရတယ်" ဆိုတဲ့စကားအတိုင်း လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ ချွေး...သွေးနဲ့ ရင်းပြီးမှ သင့်တော်တဲ့ လုပ်အားခကိုသာ ပြန်လည်ရရှိကြပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ပျက်နေတဲ့ စိတ်ညစ် စိတ်ဆင်းရဲစရာ အရာတွေနဲ့ မတရားမှုတွေအတွက် "ဘယ်အရာ/ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး"။ "ကိုယ်ညံ့ရင် ကိုယ်ခံရမှာပါပဲ"။ ဒါကြောင့် သင်ဟာ အောင်မြင်ချင်ရင် သင်ကိုယ်တိုင် အရင်ဆုံး ပြောင်းလဲရမှာပါ ။ သင့်ပတ်ဝန်းကျင်ကလူတွေကို အပြစ်တင်နေရမှာ မဟုတ်ပါဘူး။

(၃) အမှားများကနေ သင်ခန်းစာမယူခြင်း

အတိတ်က ဖြစ်ရပ်တွေ အမှားတွေဟာ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ ။ ဒါတွေကို သင်က လျစ်လျူရှုပြီး ပေါ့ပေါ့နေ ပေါ့ပေါ့ စားစား ဘဝနဲ့ နေထိုင်မယ်ဆိုရင်တော့ သင်ဟာ သင့်ဘဝကို တန်ဖိုးမထားတဲ့ လူ့ပေါက်ပန်းပါပဲ။

(၄) တစ်ကိုယ်ကောင်းဆန်ခြင်း

တကယ်တော့ ပေးဆပ်ခြင်းနဲ့ ရယူခြင်းဟာ ဒွန်တွဲနေတဲ့ အရာနှစ်ခုပါ။ လူတစ်ယောက်ဟာ ပေးဆပ်ဖူးမှသာ ဘဝရဲ့ အရသာစစ်စစ် ... ပျော်ရွှင်မှု စစ်စစ်...စတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်ရင်တော့ သင့်အနေနဲ့ လုံးဝ တစ်ကိုယ်ကောင်း မဆန်သင့်ပါဘူး။

source: lunge.media

Read times Last modified on Wednesday, 29 January 2020 10:38
Rate this articles
(2 votes)