ကိုယ့်ကိုယ်ကို မေးခွန်းကောင်းတွေ ပြန်မေးခြင်းဟာလည်း ကိုယ်လုပ်မယ့်အလုပ်ကို အောင်မြင်စေနိုင်ပါတယ်။
၁. ဒီနေ့အတွက် ကောင်းတာတွေ ဘာတွေ လုပ်ဖြစ်ခဲ့သလဲ။
အောင်မြင်သူတွေဟာ ကောင်းတာတွေကို ရှာဖွေတတ်ကြပါတယ်။ ကောင်းတာတွေးတယ် ကောင်းတာ မေးတယ် အကောင်းမြင်တတ်ကြပါတယ်။ ကိုယ့်တစ်နေ့တာ လုပ်ခဲ့တာတွေထဲ အကောင်းတွေကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု ရှိစေကြပါတယ်။
ဘဝ တိုးတက်ရေးအတွက် ငါဒီနေ့ဘာတွေလုပ်ခဲ့တယ် နောက်နေ့ဘာလုပ်မယ် စသဖြင့် တွေးလေ့ရှိကြပါတယ်။
READ - သင်ဟာ တစ်နေ့အောင်မြင်မယ့်သူဆိုတာ ရှေ့ပြေးပြသနေတဲ့ လက္ခဏာများ
ထို့ကြောင့် သင်လည်း အောင်မြင်သူတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို မေးခွန်းတွေမေး ကိုယ့်ဘက်က ပြန်တုန့် ပြန်မယ့် အဖြေကို ကြည့် ပြီးရင်လုပ်သင့်တာလုပ် ဖြည့်စွက်စရာရှိတာ ဖြည့်စွက်ပါ။
၂. အောင်မြင်မှုဟာ င့ါအတွက် ဘာကိုဆိုလိုတာလဲ။
ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ကြည့်မှသာ ကိုယ့်
အောင်မြင်နေသလဲ စသဖြင့် သေချာတွေးသင့်ပါတယ်။
၃. ဒီနေ့မှာ အောင်မြင်မှုဆီ ချဉ်းကပ်နိုင်ဖို့ ဘာအသေးအဖွဲလေးတွေ လုပ်နိုင်မလဲ။
ဘဝဟာ တာရှည်ပြေးရတာဖြစ်တဲ့အတွက် စထွက်တည်းက အားသွန်ခွန်စိုက်ပြေးတာထက် ဖြေးဖြေးနဲ့ မှန်မှန်ပြေးမှသာ ပန်းတိုင်ရောက်သည်ထိ လဲကျခြင်းမရှိပဲ အောင်မြင်နိုင်မှာပါ။
READ - ဥာဏ်ကောင်းတဲ့သူတွေမှာ တွေ့ရတဲ့ အမူအကျင့် ၆မျိုး
အလုပ်တစ်ခုကိုပဲ တစိုက်မတ်မတ်အချိန်ပြည့်လုပ်တာ
၎. ငါအကောင်းဆုံး လုပ်နိုင်တဲ့အရာက ဘာဖြစ်မလဲ။
သင်ဟာ အမြဲ အကောင်းတွေပဲ ကြုံတွေ့နေမှာ မဟုတ်
ဒါပေမဲ့ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး လူတိုင်းကြုံရတဲ့ အရာပါ။ ဒါ့ကြောင့် အခြေအနေဆိုးတွေနဲ့ကြုံတဲ့အခါ အဖြေကို ရအောင်ရှာပါ။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်အကောင်းဆုံး လုပ်နိုင်အရာဟာ ဘာဖြစ်မလဲဆိုတာ ပြန်မေးပါ။
Source: shwemom