×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 21 February 2019

ယခုလိုခေတ်ကြီးမှာ အရွယ်ရောက်လာတဲ့ လူငယ်တွေရဲ့ အားသာချက်များ

ယခုလိုခေတ်ကြီးမှာ အရွယ်ရောက်လာတဲ့ လူငယ်တွေရဲ့ အားသာချက်များ google

ယနေ့ခေတ်လို အခွင့်အလန်းကောင်းတွေ များစွာရှိနေတဲ့အချိန်မျိုးမှာ ကြီးပြင်းလာတဲ့ လူငယ်တွေအတွက်တော့ အားရစရာပါပဲ။

လွတ်လပ်တဲ့ အတွေးအခေါ်အယူအဆတွေနဲ့ ခေတ်သစ်နည်းပညာတွေကို ရှေ့တန်းကိုရောက်နေပြီဖြစ်တာကြောင့် ကောင်းမွန်တဲ့ အသားချက်တွေနဲ့ အတူဘ၀ကိုဖြတ်သန်းရမှာပါ။

 

**လေးနက်တဲ့ ဘဝအတွေးအခေါ်တွေ

လူငယ်တွေကိုကြည့်လိုက်ရင် ပေါ့ပေါ့ပါးပါးတွေးတတ်ကြတယ်လို့ ထင်ရဖွယ်ရှိပါတယ်။ တကယ်လည်း သူတို့က အရာရာကို ပေါ့ပေါ့ပါးပါးတွေးတတ်ကြသူတွေပါ။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးတွေးတတ်တဲ့ သူတို့တွေဆီမှာ လေးနက်တဲ့ ဘဝအတွေးအခေါ်တွေ အများကြီးရှိပါတယ်။

**စွမ်းရည်တွေ

ခုခေတ်လူငယ်တွေက အံ့သြစရာကောင်းလောက်အောင်ကို တော်ကြပါတယ်။ ဒီဘက်ခေတ်လူငယ်တွေရဲ့ သွက်လက်ချက်ချာ ထက်မြက်မှုတွေဟာ လက်ဖျားခါရမလောက်အောင် အယောက်တိုင်းစီမှာ အစွမ်းအစတွေ ကိုယ်စီရှိကြပါတယ်။

MMM

**ခေတ်ကိုအမြဲစောင့်ကြည့်တတ်တယ်

ဟိုးအရင်က လူငယ်တွေက နိုင်ငံရဲ့ခေတ်အခြေအနေကို အမြဲစောင့်ကြည့်တတ်ကြပါတယ်။ ဒီဘက်ခေတ်လူငယ်တွေရဲ့ လေ့လာနိုင်စွမ်းတွေက အရင်ကထက်ပိုပြီး မြင့်မားလာကြပါတယ်။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာတဲ့အလျောက် နိုင်ငံတကာနဲ့ပတ်သက်ပြီး အမြင်တွေလည်း ဟိုအရင်ကထက် ပိုပြီး ကျယ်လာကြပါတယ်။

**ရှုပ်ထွေးပေမယ့် သိမ်မွေ့တယ်

လူငယ်တွေရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ သိပ်ကိုရှုပ်ထွေးလွန်းပါတယ်။ ဒီလိုမျိုး ရှုပ်ထွေးကြပေမယ့် တကယ်တော့ လူငယ်ဘဝဆိုတာ သိပ်ကိုသိမ်မွေ့နက်ရှိုင်းလွန်းပါတယ်။ အစားပြန်မရနိုင်မယ့် လူငယ်ဘဝမှာ ကိုယ်လုပ်ချင်ရာကို လုပ်ခွင့်ရကြဖို့ဆိုတာ အရမ်းကိုအရေးကြီးပါတယ်။

 

sourece - kwee

sayar.com

Read times Last modified on Thursday, 30 January 2020 15:37
Rate this articles
(1 Vote)