×

Warning

JUser: :_load: Unable to load user with ID: 723


Success

Friday, 30 June 2017

သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မည့် နည်းလမ်း (၇) ခု

သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မည့် နည်းလမ်း (၇) ခု Google.com

လူအများစုမှာ ကိုယ်ပိုင် စိတ်ကူး၊ အိပ်မက်၊ ပန်းတိုင် စသဖြင့် ရှိနေကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျ အနည်းစုကသာ တကယ် အကောင်အထည်ဖော်နိုင်ကြတယ်။

အရယူနိုင်ကြတယ်။ မိမိဖြစ်ချင်တဲ့ အရာကို အရယူနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ရလဒ်ကိုသာ အာရုံမစိုက်ပါနဲ့။

အလုပ်တစ်ခုလုပ်တိုင်း ရလဒ်အပေါ်မှာပဲ အာရုံစိုက်မထားပါနဲ့။ ရလဒ်ကောင်းရင် စိတ်ဓါတ်တက်ကြွမယ်။ မကောင်းရင် စိတ်ဓာတ်ကျမယ်။ အဲ့လို မဖြစ်ပါစေနဲ့။ ရလဒ်ထက် ကိုယ်လုပ်ခဲ့အရာတွေ အပေါ်မှာ စဉ်းစားတွေးခေါ်ပြီး ဗဟုသုတယူပါ။ ပြီးလျှင် ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာကို စဉ်းစားပါ။

READ - ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်စေနိုင်မည့် အမူအကျင့် (၆) မျိုး

၂. အပျော်ခရီးထွက်ပါ။

လေးလွန်းတဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ထွက်ပေါက်မရှိ ၊ မစဉ်းစား မတွေးခေါ်နိုင်ဖြစ်ပြီိဆိုရင်တော့ ခရီးထွက်လိုက်ပါ ။ စိတ်ထွက်ပေါက် ဖွင့်ပေးလိုက်ပါ ။ ပြီးမှ အစကပြန်စပါ။

၃. အတွေးမများပါနဲ့။

လုပ်ချင်တာတွေများလွန်းပြီး အတွေးတွေများတဲ့အခါ တကယ်လုပ်သင့်လုပ်ထိုက်တဲ့ အရာနဲ့ ဝေးကွာသွားတတ်ပါတယ်။ ထို့ကြောင့် လုပ်ချင်တဲ့အရာ တစ်ခုကိုသာ အဓိကထား စဉ်းစားပါ။

၎. ကိုယ့်ကိုကိုယ်သိပ်အလိုမလိုက်ပါနဲ့။

တစ်ခါတစ်လေမှာ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုအသစ်တွေကို ကြောက်ရွံ့မနေဘဲ ရင်ဆိုင်ပစ်ပါ။ သင့်အပြုအမူတွေက တစ်ခါတစ်ရံမှာ ပန်းတိုင်နဲ့ ဝေးကွာစေနိုင်ပါတယ်။ မိမိကိုယ်ကို မညှာပါနဲ့။

၅. အချိန်မဖြုန်းပါနဲ့။

တခါတလေမှာ အဓိပ္ပါယ်မရှိတဲ့အရာတွေနဲ့ အချိန်ကုန်ဆုံးသွားတတ်ကြပါတယ် ။ ဗျာများနေပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတတ်ပါတယ်။ အကယ်၍ ဘယ်အရာကိုစလုပ်ရမလဲဆိုတာ မသိဘူးဆိုလျှင် စာအုပ်ထဲမှာ အကုန်ချရေးပါ ။ ပြီးသွားလျှင် ပြန်စစ်၍ ကိုယ်အလုပ်ချင်ဆုံးတစ်ခုကနေ စတင်လုပ်ပါ။

၆. အစီအစဉ်ဆွဲပါ။

သင့်ရဲ့ အလုပ်အကိုင်အတွက် သာမက ဘဝအတွက်ပါ အစီအစဉ်ဆွဲတတ်ဖို့ လိုပါတယ်။ ဘယ်နေရာမဆို ဒါပြီးရင် နောက်ထပ် ဘာလုပ်မယ်ဆိုတာကို အစီအစဉ်ကြိုဆွဲတတ်တဲ့ အကျင့်ကို ပျိုးထောင်ပါ။

၇. ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ပါ။

ကိုယ့်ကိုကိုယ် အလွန်အကျွံကြီး ဖိအားမပေးပါနဲ့။ အနားယူသင့်တဲ့အချိန်မှာ အနားယူပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ မိမိအတွက်လည်း ကိုယ်ပိုင်အချိန်ပေးပါ။ သင်အလိုရှိသော အောင်မြင်မှု ၊ ပန်းတိုင်ဆိုတာတွေက သင့်လောက် အရေးမကြီးပါဘူး။ သင်ကိုယ်တိုင် ကိုယ်ခန္ဓာရော စိတ်ခန္ဓာပါ ကျန်းမာသန်းစွမ်းနေမှ ထိုအရာတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

READ - ထူးချွန်အောင်မြင်သူတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးလေ့ရှိတဲ့ မေးခွန်း (၄) မျိုး

Source: shweinnlay

Read times Last modified on Saturday, 28 December 2019 11:54
Rate this articles
(6 votes)