×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 28 February 2019

ချမ်းသာကြွယ်ဝလာဖို့ လေ့လာသင်ယူရမယ့် သင်ခန်းစာများ

ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး လူတစ်ယောက်ချင်းစီတိုင်းမှာ အမြင်တစ်မျိုးစီးရှိတတ်ကြပါတယ်။ ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ပြီးတဲ့နောက်မှာ လူတစ်ယောက်ရဲ့ဘ၀ဟာ ပြောင်းလဲသွားနိုင်တယ်ဆိုပေမယ့်

ရိုးရှင်းလွယ်ကူစွာနဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။

ငွေကြေးချမ်းသာလာတာနဲ့အမျှ လုပ်စရာအလုပ်တွေ ပိုများလာပြီး လူတွေရဲ့အာရုံစိုက်ခြင်းကိုလည်း ပိုခံရတတ်ပါတယ်။ ဒါ့အပြင် အမှားလေးတစ်ခုလောက်လုပ်မိတာနဲ့ ပြောစရာပိုများလာတတ်ပါတယ်။ ဒါ့ကြောင့် ဘ၀မှာ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် အရင်ဆုံးလေ့လာသင်ယူထားရမယ့် သင်ခန်းစာတွေကို ကျေညက်ထားဖို့လိုပါတယ်။

၁။ မိမိကိုယ်ကို နှိမ့်ချတတ်ပါစေ။

သင့်အနေနဲ့ မိမိကိုယ်ကို နှိမ့်ချတတ်အောင် သင်ယူထားဖို့ အရေးကြီးပါတယ်။ မိမိကိုယ်ကို မနှိမ့်ချတတ်ဘူးဆိုရင် လူအထင်ကြီးဖို့အတွက် ငွေကို လက်လွတ်စပယ်သုံးဆွဲမိတတ်ပါတယ်။ ချမ်းသာကြွယ်ဝလာတိုင်း အောက်ချေမလွတ်သွားအောင် မိမိကိုယ်ကို နှိမ့်ချတတ်အောင် သင်ယူထားပါ။

၂။ လူအများကို ကောင်းမွန်စွာ ဆက်ဆံတတ်ပါစေ။

ချမ်းသာကြွယ်ဝလာပြီဆိုတာနဲ့ သင့်ရဲ့အသိုင်းအ၀ိုင်းထဲမှာ အာရုံစိုက်ချင်စရာတစ်ခု ဖြစ်လာမှာပါ။ သင့်ရဲ့ အပြောအဆို အပြုအမူတွေနဲ့ ပတ်သက်ပြီး လူတွေကြားမှာ ပြောစရာဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် လူတွေကို ကောင်းမွန်စွာ ဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။ လူတွေရဲ့ အမြင်မှာဆက်ဆံရေးမကောင်းသူ၊ သဘောထား ဆိုးသူတစ်ယောက်အဖြစ် မြင်သွားမယ်ဆိုရင် နောက်ထပ် အခွင့်အလမ်းတွေနဲ့ လွဲချော်သွားနိုင်ပါတယ်။

၃။ အများအတွက် ဘာလုပ်ပေးနိုင်လဲဆိုတာ နားလည်ပါစေ။

ချမ်းသာကြွယ်ဝမှုနဲ့အတူ လုပ်ပိုင်ခွင့်တွေ ရရှိလာတတ်ပါတယ်။ ဒီအချိန်မှာ အများကောင်းကျိုးအတွက် ဘာတွေ ဘယ်လိုလုပ်ပေးနိုင်လဲဆိုတာ နားလည်ထားဖို့လိုပါတယ်။ ငွေကြေးချမ်းသာမှုနဲ့အတူ လူမှုရေးအရလွှမ်းမိုးနိုင်မှုတွေ ရရှိလာတဲ့အတွက် သင့်ရဲ့အပြုအမူအပြောအဆိုတိုင်းက အခြားလူတွေအတွက် သက်ရောက်မှုရှိလာမှာပါ။ ဒီအချက်ကို နားလည်ထားပြီး ပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေပဲ ရှိနိုင်အောင် တတ်နိုင်သလောက်ကြိုးစားရမှာပါ။

၎။ ငွေကြေးကို ဘယ်လိုရင်းနှီးမြုပ်နှံရမလဲ သိပါစေ။

သင့်မှာ ငွေကြေးပမာဏတစ်ခု ရှိလာပြီဆိုရင် ဘယ်လိုရင်းနှီးမြုပ်နှံရမလဲဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတမရှိတာဟာ ချမ်းသာစေမယ့် အကြောင်းတစ်ခု မဟုတ်ပါဘူး။

၅။ ပျော်ရွှင်စေနိုင်မယ့် အရာတွေကို ရှာထားပါ။

ငွေကြေးအမြောက်အများချမ်းသာလာပြီဆိုရင် အာရုံစူးစိုက်မှုက အလွယ်တကူပျံ့လွင့်သွားတတ်ပါတယ်။ အတွေ့အကြုံအသစ်အဆန်းတွေကို ခံစားကြည့်ဖို့ အခွင့်အလမ်းတွေ ပွင့်လာပါလိမ့်မယ်။ ဒီအချိန်မှာ ဘယ်အရာက သင့်ကိုပျော်ရွှင်စေနိုင်သလဲဆိုတာ မသိထားရင် အချိန်တွေ၊ ငွေတွေကုန်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါ့ကြောင့် သင့်အတွက် ပျော်ရွှင်စေနိုင်မယ့်အရာတွေကို ကြိုတင်သိထားပြီး အချိန်ရော ငွေရော အကျိုးရှိရှိအသုံးချ ပျော်ရွှင်ပါ။

၆။ ပတ်ဝန်းကျင်မှာ လူမှန်တွေရှိနေပါစေ။

သင့်ပတ်ဝန်းကျင်က လူတွေဟာ ဘ၀အတွက်အရေးပါတဲ့လူတွေ ဖြစ်ပါတယ်။ ငွေကြေးမချမ်းသာခင်မှာရော၊ ချမ်းသာလာပြီးနောက်မှာပါ သူတို့က အရေးကြီးပါတယ်။ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံပြီး ပေါင်းသင်းရသူတွေက သင့်ကို အားပေးကူညီပြီး ထိန်းကျောင်းပေးနိုင်သူတွေ ဖြစ်ဖို့ လိုပါတယ်။

၇။ ဘယ်တော့မှ တင်းတိမ်ရောင့်ရဲမနေပါစေနဲ့။

အချိန်မတိုင်သေးပဲ တင်းတိမ်ရောင့်ရဲမှုကို ရှောင်ကြဉ်နိုင်ဖို့ လိုပါတယ်။ ချမ်းသာကြွယ်ဝလာဖို့ ကြိုးစားရုန်းကန်လာပြီးနောက်မှာ ပိုပြီးကောင်းမွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ဘယ်တော့မှ တင်းတိမ့်ရောင့်ရဲမနေသင့်ပါဘူး။ သင့်အတွက် လိုအပ်တဲ့စိန်ခေါ်မှုအသစ်တွေ၊ ဘ၀ရည်မှန်းချက်အသစ်တွေ ချမှတ်ပြီး ကြိုးစားနေရမှာပါ။ ဒီလိုမဟုတ်ပဲ အတိုင်းအတာတစ်ခုထိ ငွေကြေးချမ်းသာလာတာနဲ့ စိတ်လျှော့ပြီး အေးအေးနေမယ်ဆိုရင် တိုးတက်မလာပဲ ယုတ်လျော့သွားဖို့ပဲ ရှိပါတယ်။

၈။ အတွေ့အကြုံကို တန်ဖိုးထားပါ။

အတွေ့အကြုံတွေဟာ အရာဝတ္ထုပစ္စည်းတွေထက် လူတွေကို ပိုပြီးပျော်ရွှင်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဘ၀မှာ ငွေကြေးချမ်းသာလာပြီးတဲ့နောက် စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိနိုင်ဖို့အတွက် အတွေ့အကြုံတွေကိုပဲ တန်ဖိုးထားရှာဖွေသင့်ပါတယ်။ ကားအကောင်းစားကြီး၊ အိမ်အကြိးကြီးတွေက ယာယီပျော်ရွှင်မှုတွေပဲ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အတွေ့အကြုံအတွက် သုံးလိုက်ရတဲ့ငွေက ထိုက်တန်တဲ့ငွေကြေးဖြစ်ပြီး တစ်ဘ၀လုံးစာ အမှတ်တရတွေ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။

၉။ ချွေတာတတ်ပါစေ။

ငွေကြေးချမ်းသာလာတိုင်း ငွေကို လက်လွတ်စပယ်သုံးပစ်လို့မရပါဘူး။ သင့်ရဲ့ဓနဥစ္စာကို ရေရှည်တည်တံ့နေအောင် စိစစ်ချွေတာတတ်ဖို့ လိုပါတယ်။ မလိုအပ်တာတွေ မ၀ယ်ပါနဲ့။ မလိုအပ်တဲ့အပိုပစ္စည်းတွေ လျှောက်ဝယ်မယ့်အစား ငွေစုစာရင်းထဲထည့်လိုက်တာ ဒါမှမဟုတ် အလှူအတန်းလုပ်လိုက်တာက ပိုအကျိုးရှိပါတယ်။

၁၀။ အတ္တနည်းအောင် နေတတ်ပါစေ။

လူအများစုက ငွေကြေးချမ်းသာလာတာနဲ့ အတ္တတွေကြီးလာတတ်ပါတယ်။ အပေါ်ယံမှာ နှိမ့်ချတတ်ပေမယ့် အတွင်းထဲမှာ အတ္တကြီးနေမယ်ဆိုရင်လည်း ငွေပုံပေါ်ထိုင်ပြီး ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့အတ္တကို ဖယ်ထားနိုင်အောင် ကြိုးစားပါ။ စိတ်ကိုဖွင့်ထားပြီး လူသစ်တွေနဲ့ တွေ့ဆုံပါ။ အခွင့်အလမ်းအသစ်တွေ ရှာဖွေပါ။ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားပါ။

Source: Gentleman

Read times Last modified on Thursday, 30 January 2020 15:47
Rate this articles
(1 Vote)