×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 05 March 2019

ဘ၀ကို တိုးတတ်ချင်သူတိုင်းအတွက် အကောင်းဆုံး မှတ်သားဖွယ်ရာများ

ဘ၀ကို တိုးတတ်ချင်သူတိုင်းအတွက် အကောင်းဆုံး မှတ်သားဖွယ်ရာများ google

သစ်ခုတ်သမား (၄) ယောက်က သစ်ပင်တစ်ပင်ဆီ ခုတ်လှဲပြီး သစ်သားပုံးတစ်ခုဆီ လုပ်ကြသည်။

ပထမသစ်ခုတ်သမားက ဝက်, မစင်ထည့်တဲ့ပုံး လုပ်လိုက်တဲ့အတွက် မစင်ပုံးလို့ခေါ်တယ်။ လူတွေရဲ့နောက်မှာ အမြဲတမ်းပုန်းနေရတယ်။

           

ဒုတိယသစ်ခုတ်သမားက ရေထည့်လိုက်တဲ့အတွက် ရေပုံးလို့ခေါ်တယ်။

လူတွေအသုံးပြုကြတယ်။

တတိယသစ်ခုတ်သမားက အရက်ထည့်လိုက်တဲ့အတွက် အရက်ပုံးလို့ခေါ်တယ်။ လူတွေနှစ်သက်ကြတယ်။

စတုတ္ထသစ်ခုတ်သမားက ရွှေတုံးထည့်လိုက်တဲ့အတွက် ရွှေပုံးလို့ခေါ်တယ်။ လူတွေတန်ဖိုးထားကြတယ်။

ပုံးအားလုံးကအတူတူပဲ၊ ထည့်တဲ့ပစ္စည်းမတူတာနဲ့ အခေါ်အဝေါ်ကော တန်ဖိုးထားတာချင်းကော မတူကြတော့ဘူး။

 

ပရော်ဖက်ရှင်နယ်တို့ ကျဆုံးချိန်

 

ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက် (၆) ချက်

 

လူ့ဘဝကလည်း အဲဒီလိုပဲ။ လူတိုင်းကတော့ အတူတူပဲ။ ဒါပေမယ့် ကိုယ့်ဦးနှောက်မှာဘာတွေးလဲ.. ကိုယ့်စိတ်ကို ဘယ်လိုထားမလဲပေါ်မူတည်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေက ကိုယ့်ကို ဘယ်လိုခေါ်ဝေါ်မလဲ..

ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကို ဘယ်လိုတန်ဖိုးထားမလဲဆိုပြီး ကွဲပြားသွားကြတယ်။

ခြင်္သေ့ဟာ သားကောင်မိဖို့အတွက် မိုင်ရာချီသွားတယ်။

မြင်းက မြက်ကောင်းစားရဖို့အတွက် မိုင်ထောင်ချီသွားတယ်။

ငါးကလေးတွေက ကိုယ်ကျက်စားရာနေရာက မရွေ့ဖို့ ကြီးမားတဲ့ရေအရှိန်ကို ဆန်ပြီး အသက်ရှင်နေထိုင်ကြတယ်။

ကြားဖူးလို့ ကြိုက်တဲ့စကားအချို့မှတ်ထားဖူးတယ်။

"ခင်ဗျား ပင်ပန်းနေတာ သေချာသလား ...

အေး.... အဲဒါမှ မှန်တာကွ၊

သက်တောင့်သက်သာ ဆိုတာ လူသေကောင်တွေအတွက်စကား " တဲ့။

ခါးသီး - မှ လူ့ဘဝ။

ပင်ပန်း - မှ အလုပ်။

ပြောင်းလဲ - မှ ကံကြမ္မာ။

သည်းခံ - မှ ကျောက်ကောင်းဖြစ်။

အနာခံ - မှ အသာစံ။

ခွင့်လွှတ် - မှ ပညာရှိ။

ငြိမ်သက် - မှ သုံးသပ်နိုင်။

ရဲ - မှ မင်းဖြစ်။

လုပ် - မှ ပိုင်ဆိုင်တာ တဲ့။

တကယ်လို့ မိမိကိုယ်ကို အရမ်းပင်ပန်းနေတယ်လို့ ထင်မိတဲ့အခါတိုင်း စကားတစ်ခွန်းကိုသတိရပါ။

" လွယ်လွယ်ကူကူ လျှောက်လို့ရတာ ကုန်းဆင်း၊ ငါအခု ပင်ပန်းနေတာ ကုန်းတက်ချိန်မို့လို့ "

ခေါက်ဆွဲက ပြောတယ် : " အောင်မြင်ချင်သလား ကျနော့်လို ခေါက်လိုက်ဆွဲလိုက် အလုပ်ခံလေ"

ဖက်ထုပ်ကပြောတယ် : " အတွင်းသားနုပေမယ့် အခွံမာမှ ကောင်းမှာနော် "

ငါးဖယ်က ပြောတယ် : " ငါ့လို သေပြီးသည့်တိုင် အခြစ်ခံ၊ အရိုက်ခံ ၊ အထုခံမှ ကောင်းမှာကွ "

ပဲပြားကပြောတယ် : " အဓိက, က အဆင့်တိုင်း အဆင့်တိုင်းခံနိုင်ရည်ရှိရမယ်၊ ဒါမှ နူးညံ့ပေမယ့် မကွဲထွက်တဲ့ ပဲပြားကောင်းဖြစ်မှာ "

ပုဇွန်ကပြောတယ် : " မသေခင်မျက်လုံးပြူးတယ်၊ အကြော်ခံပြီး သေသွားရင် ပိုပြူးပြတယ် "

ရေနွေး ကရားအိုး ကပြောတယ် : "ငါကတော့ ငါ့ကိုပူအောင်လုပ်လေလေ နှုတ်ခမ်းဖျားက တစ်ရွှီရွှီနဲ့ လေချွန်လေပဲ ငါ့ကောင်ရေ ... "

ဘီယာကပြောတယ် : " မလောပါနဲ့၊ မင်းကိုယ် အမြှုပ်ထွက်မှ အဆင့်ကောင်းကိုရမှာ "

ပေါင်မုန့်က ပြောတယ် : " အပူခံ ဖုတ်နေတဲ့အချိန်မှာ မိမိက ပြည့်ဝနေရင် ဘာကိုကြောက်ရမှာလဲ၊ တစ်ခါတည်း ဖောင်းထည့်လိုက်၊ ဒါပေမယ့် အထဲမှာ ဗလာနတ္ထိ မဖြစ်သွားရဘူး ၊ အယ့်.. နောက်တစ်ခုက မပြည့်ဝခင် မဖောင်းရဘူး "

အီကြာကွေးက ပြောတယ် : " ဆီပူ မထိရင် မကျက်ဘူး၊ မကျက်တော့ မင်းကို ဘယ်သူလိုချင်မှာလဲ၊ အပူခံနိုင်မှ အီကြာကွေးအိုကြီးဖြစ်မှာကွ ... ဟားဟားဟား ...."

ဒါက လူ့ဘဝပဲ၊ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့ တပါးသူရဲ့အကူအညီ၊ ဆရာကောင်းရဲ့ ညွှန်ကြားမှု၊ မိတ်ဆွေရဲ့နားလည်မှု၊ မိသားစုရဲ့ အားပေးမှု၊ မသမာတဲ့လူတွေရဲ့ထိုးနှက်မှု....

အဲဒါတွေ မပါဘဲ ဘယ်တော့မှ မရောက်ဘူး။

လူ့ဘဝဟာ ရခဲသလို လုပ်ရလဲခဲပါသည်။

 

မှန်မှန်ကန်ကန်လျှောက်လှမ်းရင်း အလှမ်းတိုင်း အလှမ်းတိုင်းကို ချစ်တတ်၊ မြတ်နိုးတတ်ဖို့ လိုပါမည်။

 

Source - Original Writer

sayar.com

Read times Last modified on Thursday, 30 January 2020 15:54
Rate this articles
(0 votes)