×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 06 March 2019

"တစ်နေ့တစ်လံ"

"တစ်နေ့တစ်လံ" google

မြန်မာစကားပုံတွင် ကြိုးစားက ဘုရားဖြစ်သည် ယောက်ျားတို့လုံ့လ သေခါမှလျှော့ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟူသော... စကားများရှိပါသည်။

အခက်အခဲ အတားအဆီးတို့နှင့်

တွေ့ ကြုံရတဲ့အခါ

စိတ်ပျက်အားငယ်

လက်လျှော့လိုက်တော့မယ့်

အချိန်တွေမှာ... ဒီစကားလုံးတွေက

အားအင်ဖြစ်စေပါတယ်။

အခက်အခဲဟူသည်...

ဇွဲ လုံ့ လ ၀ိရိယ ကြီးမားသူများအတွက်

အထက်ကိုတွန်းတင်ပေးသည့်

အရာဖြစ်ပါသည်။

ခက်ခဲလွန်းလို့ ကြိုးစားသည်။

လွယ်လွယ်နှင့်

မဖြစ်နိုင်မှန်းသိလျှက်နှင့်

မိမိယုံကြည်ချက်အတွက်

အကြိမ်ကြိမ် ကြိုးပမ်းအားထုတ်သည်။

အတားအဆီးများနှင့် ..

အဆင်မပြေမှုများတွေ့ သော်လည်း

နောက်မဆုတ်ပဲ

ရှေ့ဆက်လုပ်ဆောင်တဲ့အတွက်

နောက်ဆုံးတွင်... အောင်မြင်မှုသည်

မလွဲမသေပင် ရောက်လို့လာရပါသည်။

သောမက်အက်ဒီဆင်သည်

ငယ်စဉ်က ဆင်းရဲသဖြင့်

ကောင်းမွန်စွာ ..

ပညာမသင်ကြားနိုင်ခဲ့ရှာပေ။

စာရေးစာဖတ် တတ်ရုံမျှသာ

ပညာသင်ကြားခဲ့သော်လည်း

သိပ္ပံဘာသာရပ်ဆိုင်ရာစာပေများ

လေ့လာမှုများကို ..

ကြိုးစား ရှာဖွေဖက်ရှုခဲ့သည်။

စမ်းသပ်တီထွင်မှုများ ကို

ကြိုးစား ဖော်ထုတ်ခဲ့သည်။

သူသည်... တစ်ရက်လျှင်

နှစ်နာရီ သုံးနာရီခန့်သာ

အိပ်စက်ပြီး မနေမနား

ကြိုးစားအားထုတ်ခဲ့သောကြောင့်

လျှပ်စစ်နှင့်ဆက်နွယ်သော

ပစ္စည်းအမျိုးပေါင်း ..

တစ်ထောင့်နှစ်ရာကျော်ကို

စမ်းသပ်တီထွင်နိုင်ခဲ့သူ ဖြစ်ပါသည်။

အက်ဒီဆင်၏ တပည့်တစ်ဦးသည်

စမ်းသပ်မှုတစ်ခုကို ..

အကြိမ်ပေါင်း တစ်ရာကျော်ဖြင့်

အမျိုးမျိုး စမ်းသပ်သော်လည်း

မျှော်မှန်းထားသည့် အခြေနေ

အောင်မြင်မှုမရသဖြင့်

လက်လျှော့ရန် ပြောလာသောအခါ

အက်ဒီဆင်က လုံးဝ လက်သင့်မခံပါ။

ယခုလို အကြိမ်တစ်ရာစမ်းသပ်လို့

မအောင်မြင်တာဟာ ..

အောင်မြင်ဖို့အတွက်

အမှားတစ်ရာကို ငါတို့လုပ်မိခဲ့ပြီ။

နောက်ထပ် စမ်းသပ်မှုအကြိမ်တွေမှာ

ဒီအမှားတစ်ရာကို ..

ငါတို့ ထပ်မလုပ်တော့ဘူး။

အဲ့ဒိအမှားတစ်ရာကို ရှောင်ပြီး

တစ်ခြားနည်းလမ်းအသစ်တွေနဲ့

ထပ်ခါစမ်းသပ်ရင်...

အောင်မြင်မှုကို တွေ့ ရမှာ

အသေအချာပဲဟု ဆိုပါသည်။

အခက်အခဲအကြိမ်ကြိမ်နှင့်

မအောင်မြင်မှုများ ..

ထပ်ခါကြုံရသော်လည်း

မလျှော့သော ကြိုးပမ်းမှုများကြောင့်

အက်ဒီဆင်သည်...

သိပ္ပံပညာသမိုင်းတွင်မက

တကမ္ဘာလုံးကပင် ယနေ့ထက်တိုင်

ချီးမွမ်းဂုဏ်ပြုလျှက်ရှိနေပါသည်။

အမေရိကန်သမ္မတကြီး

လင်ကွန်းသည် ..

ငယ်စဉ်ကဆင်းရဲသဖြင့်

ပညာကောင်းစွာ မသင်ကြားခဲ့နိုင်ပါ။

သို့သော် မလျှော့သော ဇွဲလုံ့လတို့ဖြင့်

ရှေ့နေစာမေးပွဲကို ..

ကြိုးစား ဖြေဆိုနိုင်ခဲ့သည်။

စာကြည့်ရန် မီးမရှိသဖြင့်

လမ်းဘေး မီးတိုင်အောက်မှာ

စာကြည့်ခဲ့ရသည်။

တစ်ကြိမ်တွင် ..

ရှေ့နေစာမေးပွဲ ဖြေဆိုရန်အတွက်

လိုအပ်သော စာအုပ်တစ်အုပ်

မ၀ယ်နိုင်သဖြင့်...

မိုင်ငါးဆယ်မျှဝေးသော ခရီးကို

လမ်းလျှောက်သွားပြီး ငှားယူရသည်။

ဖတ်ရှုလေ့လာပြီးသောအခါ

ကားခ မတတ်နိုင်သဖြင့်

ခြေလျင်ခရီးဖြင့်ပင် ..

ပြန်လည်ပို့ဆောင်ပေးခဲ့ရသည်။

ရှေ့နေဖြစ်သောအခါတွင်

ဆင်းရဲသားများဘက်မှ ..

လိုက်ပါရပ်တည်

ဆောင်ရွက်ပေးခဲ့သဖြင့်

သူ၏ စွမ်းဆောင်မှုများကို

ပြည်သူများ နှစ်သက်

လက်ခံယုံကြည်လာခဲ့သည်။

နောက်ဆုံးတွင် ..

အမေရိကန်ပြည်သူများ၏

အားထားရသော...

သမ္မတကြီး ဖြစ်လာခဲ့လေသည်။

ကမ္ဘာကျာ်စာရေးဆရာကြီးများ

ဖြစ်ကြသော...

ချားဒစ်၊ မက်စ်တွန်း

ပြဇာတ်ရေးဆရာကြီး

ရှိတ်စပီးယားတို့သည်လည်း

ငယ်စဉ်က ပညာကောင်းစွာ

သင်ကြားခဲ့ရသူများ... မဟုတ်ပါ။

ချားဒစ်သည် ငယ်စဉ်ကပင်လျှင်

စာရေးဆရာ ဖြစ်ချင်သည်။

သို့သော်သူသည် လေးတန်းအထိသာ

ပညာသင်ကြားခဲ့ရသည်။

မိသားစုမှာ အလွန်ဆင်းရဲပြီး

ထမင်းကိုတောင် နပ်မှန်အောင်

မစားရပါ။

ဂိုထောင်တစ်ခုထဲတွင် ..

ပုလင်းတံဆိပ်ကပ်သော အလုပ်ကို

လုပ်ခဲ့ရသည်။

ညဘက်တွင်... လန်ဒန်မြို့ရှိ

လမ်းဘေးကလေးငယ်နှစ်ဦးနှင့်အတူ

ညစ်ပေပြီး ကြွက်များအလွန်ပေါသည့်

အခန်းတစ်ခုမှာ... အိပ်ရသည်။

ကလေးများ အိပ်ပျော်ချိန်ရောက်မှ

ဝတ္ထုများ စတင်ရေးသားပြီး

သတင်းစာတိုက်များသို့ ပို့ခဲ့ရာ

အကြိမ်ကြိမ် ပယ်ချခံခဲ့ရသည်။

နောက်ဆုံး သူ၏ကြိုးစားမှုကို

သတင်းစာတိုက်များက ..

အသိအမှတ်ပြု ရွေးချယ်ခဲ့သည်။

နောင်တွင် ..

ဂန္တ၀င်စာရေးဆရာကြီးတစ်ဦးအဖြစ်

ထင်ရှား ကျော်ကြားလာလေသည်။

သူတို့၏ ဘ၀ကို

အရှုံးမပေးသောစိတ်နှင့်

အခက်အခဲအတားအဆီးများအား

ဇွဲလုံ့လ၀ိရိယတို့ဖြင့် ကျော်လွှားကာ

နိမ့်ကျသောဘ၀များမှ ..

ကမ္ဘာကျာ်သော သူများအဖြစ်သို့

ရောက်အောင်...

စွမ်းဆောင်ခဲ့ကြသည်ကို

တွေ့ မြင်ရမည် ဖြစ်သည်။

သူတို့သည် ဘ၀ရဲ့ချို့တဲ့မှုကြောင့်

နောက်ဆုပ်လို့ မသွားခဲ့ပါ။

စာပေကောင်းစွာ မသင်ကြားခဲ့ရလို့လည်း

စိတ်ပျက် အားငယ်မနေပါ။

ဘ၀ရဲ့လိုအပ်ချက်တွေက ..

သူတို့ရဲ့အောင်မြင်မှုကို

မတားဆီးနိုင်ခဲ့ပါဘူး။

အခက်အခဲအတားအဆီးနှင့်

အဆင်မပြေမှု မပြေလည်မှုများသည်

ဘ၀တိုင်း လူတိုင်းမှာ ..

ရှိမည်သာဖြစ်ပါသည်။

ဒီလိုအဟန့်အတားများကြောင့်

နောက်ဆုပ်ကာ ..

အရှုံးပေးလိုက်မည်ဆိုလျှင်

အောင်မြင်မှုအရသာကို

ဘယ်တော့မှ ခံစားနိုင်တော့မည်

မဟုတ်ပါ။

မလျှော့သော... ဇွဲလုံလ၀ိရိယတို့ဖြင့်

အခက်အခဲများအား

ကျော်လွှားခြင်းဖြင့် ..

ဘ၀အောင်မြင်မှုကို

အရယူနိုင်ပါလိမ့်မည်။

 

(ကျီးကန်း တစ်ကောင်ရဲ့ အမြင်)

 

source - original writer

sayar.com

Read times Last modified on Thursday, 30 January 2020 15:56
Rate this articles
(0 votes)