×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 07 March 2019

လူတစ်ယောက်ကို ထူးချွန်ထက်မြက်စေနိုင်တဲ့ ၀ါသနာ (၇) မျိုး

လူတစ်ယောက်ကို ထူးချွန်ထက်မြက်စေနိုင်တဲ့ ၀ါသနာ (၇) မျိုး google

ဝါသနာဆိုတာဟာ ပင်ကိုယ်ဗီဇအပေါ်လိုက်ပြီး အနုပညာကို ၀ါသနာပါသူများ၊ နည်းပညာကို ၀ါသနာပါသူများ၊

သင်ကြားရေးကို ၀ါသနာပါသူများ၊ စစ်ပညာကို ၀ါသနာပါသူများ ဆိုပြီး အမျိုးမျိုး ကွဲပြားသွားပါတယ်။

၁. တူရိယာတစ်ခုခု တီးခတ်ရတာကို ၀ါသနာပါသူများ

တူရိယာတစ်ခုခု တီးခတ်ခြင်းကို ၀ါသနာပါသူတွေဟာ သူများတွေထက် ထူးချွန်ဖို့ ဆိုတာ လမ်းပြနေပါတယ်။

အနုပညာပစ္စည်းတွေရဲ့ သဘောတရားဆိုတာ တီထွင်ဖန်တီးမှုကို တဖြည်းဖြည်း တိုးတက်စေပြီး ဖန်တီးနိုင်မှု စွမ်းအားကောင်းတာနဲ့အမျှ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့ ပိုပြီးနီးစပ်လာပါတယ်။

၂. စာဖတ်ခြင်းအလေ့အထရှိသူများ

စာဖတ်အားကောင်းသူတွေဆီမှာ များပြားလှတဲ့ ဗဟုသုတတွေ ရှိသလို တွေးခေါ်မြော်မြင်နိုင်စွမ်းနဲ့ ပြောတဲ့စကားတိုင်းဟာ မှတ်သားဖွယ်ရာ ဗဟုသုတများ ပါလာတတ်ပါတယ်။

၃. ဦးနှောက်ကို အလုပ်ပေးခြင်း

ဦးနှောက်က သာမာန်အားဖြင့်တော့ လူက မခိုင်းဘဲလည်း သူ့ဘာသာ ခန္ဓာကိုယ်ကို ထိန်းကျောင်းမောင်းနှင်တဲ့

အလုပ်ကို ပုံမှန်လုပ်နေပါတယ်။

ဦးနှောက်က ပြဿနာတွေအပေါ် ဆုံးဖြတ်ချက်တွေ ပေးတဲ့အတွက် အမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

၎. ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်း

ကာယလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဆီကျစေတယ်၊ ခန္ဓာကိုယ် လှပစေတယ် စသည့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ရစေမည် ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအဖြစ် သွေးလည်ပတ်မှု အားကောင်းလာတာနဲ့အမျှ

ဦးနှောက်ရဲ့ မှတ်ဉာဏ်စနစ်နဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။

၅. ဘာသာစကားအသစ်ကို သင်ယူခြင်း

ဘာသာစကားအသစ် သင်ယူတဲ့အခါမှာ မိခင်ဘာသာစကားနဲ့ ကွဲလွဲနေတဲ့ သဒ္ဒါစည်းမျဉ်းအသစ်တွေကို သင်ယူရမှာဖြစ်သည့်အတွက် သင့်ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို တိုးတက်လာမှာ ဖြစ်ပါတယ်။

၆. အစားအစာအမျိုးမျိုး ချက်ပြုတ်ခြင်း

မီးဖိုချောင်းထဲမှာ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ပညာရပ်၊ နည်းပညာ နဲ့ တွေးခေါ်မြော်မြင်မှု စိတ်ပညာများ ရှိပါတယ်။ ဟင်းတစ်ခွက်ကို ချက်ပြုတ်ခြင်းနဲ့ အခြားဟင်းတစ်ခွက်ကို ချက်ပြုတ်ခြင်းမှာ အယူအဆ မတူညီမှုတွေနဲ့ ဟင်းခတ်မှုန့် သုံးတာကအစ ပညာတွေပါပါတယ်။

၇. အားကစား ပြုလုပ်ခြင်း

ကိုယ်ကာယလုပ်ခြင်းသည် အားကစားလုပ်ခြင်း ပြောလို့ရပေမယ့် Big Sports တော့ မဟုတ်ပါဘူး။

အသင်းတစ်ခုမှာ team work တွေ ရှိသလို၊ တားဆီးတဲ့ အခက်အခဲကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတဲ့ တွေးခေါ်မြော်မြင်မှု၊ ဘယ်လို လှည့်ကွက်နဲ့ ကစားရမလဲဆိုတဲ့ ပညာတွေဟာ အားကစား ၀ါရင့်လာတာနဲ့အမျှ ကျွမ်းကျင် တတ်မြောက်စေပါတယ်။

ကြိုးစားမှုတိုင်း သက်ရောက်လာမယ့် မနက်ဖြန်

Source: shwemom

Read times Last modified on Thursday, 30 January 2020 17:30
Rate this articles
(1 Vote)