×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 08 March 2019

ယုံကြည်မှု ပျောက်ဆုံးမသွားစေဖို့....

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး သောမတ်စ် အက်ဒီဆင်ဟာ လျှပ်စစ်မီးလုံးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အက်ဒီဆင်ဟာ လျှပ်စစ်မီးလုံးတီထွင်မှု အောင်မြင်သည်အထိ

အကြိမ်ပေါင်း ၁၀၀၀ ထက်မနည်း ကြိုးစားစမ်းသပ် တီထွင်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံးမီးလုံးတီထွင်မှု အောင်မြင်သွားတဲ့အတွက် သူကိုယ်တိုင်ရော သူ့ရဲ့လက်ထောက်တွေပါ ၀မ်းသာပျော်ရွှင်နေချိန်ဖြစ်ပါတယ်။

အက်ဒီဆင်ဟာ ရုံးအကူလူငယ်လေးတစ်ယောက်ကို ခေါ်လိုက်ပြီး မီးလုံးကိုစမ်းသပ်ပြီး ထွန်းကြည့်ဖို့ ခိုင်းလိုက်ပါတယ်။ ရုံးလုလင်လေးဟာ ပထမဆုံးတီထွင်အောင်မြင်ခဲ့တဲ့ မီးလုံးကို စမ်းသပ်ကြည့်ရမှာဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူဟာ အက်ဒီဆင်ခိုင်းလို့ လုပ်ရပေမယ့် မီးလုံးကို တည်ငြိမ်အောင် ကြိုးစားပြီးကိုင်ထားရတဲ့အထိ ကတုန်ကယင်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးတော့ သူဟာ မီးလုံးကို သေချာမကိုင်နိုင်တော့ပဲ လွတ်ကျပြီး ကွဲသွားစေခဲ့ပါတယ်။

အကြိမ်ပေါင်းများစွာ ကြိုးစားစမ်းသပ်ပြီး တီထွင်ခဲ့ရတဲ့ မီးလုံးကို ကွဲသွားစေတဲ့အတွက် ရုံးလုလင်လေးဟာ အလွန်ထိတ်လန့်သွားခဲ့ပါတယ်။ သူ့ကို အလုပ်ထုတ်ပြီး အပြစ်ပေးမယ်လို့ တွေးပြီး စိတ်ဆင်းရဲနေခဲ့ပါတယ်။

နောက်နှစ်ရက်လောက်ကြာတဲ့အခါမှာ အက်ဒီဆင်က ရုံးလုလင်လေးကို ခေါ်လိုက်ပါတယ်။ အခြားလက်ထောက်တွေလည်း ရှိနေပြီး အားလုံးရဲ့ရှေ့မှာပဲ ရုံးလုလင်လေးကို နောက်ထပ်တီထွင်ထားတဲ့ မီးလုံးတစ်လုံးပေးပြီး ထပ်ပြီး စမ်းသပ်ထွန်းကြည့်ခိုင်းပြန်ပါတယ်။

အက်ဒီဆင်ရဲ့ လက်ထောက်သိပ္ပံပညာရှင်တွေက အရမ်းအံ့သြသွားပြီး “ဘာလို့ ဒီကောင်လေးကိုပဲ ထပ်လုပ်ခိုင်းရတာလဲ၊ နောက်တစ်ခါ ထပ်ပြီး ကျကွဲသွားရင် ခင်ဗျားကြိုးစားထားသမျှ အလကားဖြစ်သွားဦးမယ်” လို့ ၀ိုင်းပြောကြပါတယ်။

Read More >>>>>  စာမေးပွဲကာလအချိန်ကာလမှာ စားသင့်၊ ရှောင်သင့်တဲ့ အချက်များ

 

အက်ဒီဆင်က သူတို့ရဲ့ပြောစကားကို အေးဆေးတည်ငြိမ်စွာနဲ့ တုံ့ပြန်ပါတယ်။ “ကျုပ်အတွက် နောက်ထပ်မီးလုံးတစ်လုံး ပြန်တီထွင်ဖို့ တစ်ရက်လောက် အချိန်ပေးလိုက်ရင် ရပါတယ်။ အခုတစ်ခါ ထပ်ပြီး ကျကွဲသွားမယ်ဆိုရင်လည်း နောက်ရက်ဆိုရင် အသစ်တစ်လုံး ထပ်ပြီးဖန်တီးမှာပဲ”

“ဒါပေမယ့် ဒီကောင်လေးကို နောက်ထပ်တစ်ခါ ထပ်လုပ်ဖို့ အခွင့်အရေးမပေးဘူးဆိုရင် သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးသွားလိမ့်မယ်။ သူ့ကိုယ်သူ အသုံးမကျတဲ့လူတစ်ယောက်လို့ ခံယူသွားလိမ့်မယ်။ ကျုပ်က ဒီလိုမဖြစ်စေချင်လို့ သူ့ကို ထပ်လုပ်ခိုင်းတာပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။

သင်ခန်းစာ ။ ။ လူတိုင်း အမှားနဲ့ မကင်းနိုင်ပါဘူး။ ဘာကိုပဲလုပ်လုပ် တစ်ကြိမ်မှားရုံနဲ့ တစ်သက်လုံး လက်လျှော့လိုက်စရာ မလိုပါဘူး။ အမှားကနေ ပညာယူပါ။ တူညီတဲ့အမှားတစ်ခုကို နှစ်ခါပြန်မလုပ်မိအောင် ကြိုးစားပါ။

Source: Gentleman

Read times Last modified on Thursday, 30 January 2020 17:31
Rate this articles
(0 votes)