×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 12 March 2019

အောင်မြင်မှုတွေ ရယူနိုင်မည့် လက္ခဏာ (၁၀)ခု

ဘ၀အောင်မြင်ရေးအတွက် ဘာတွေလိုအပ်မလဲ?

အရှုံးသမားအဖြစ်နဲ့ပဲ ဘ၀ဆုံးသွားရတော့မှာလား?

ဒီမေးခွန်က တိုးတက်အောင်မြင်ချင်တဲ့အမျိုးသားတိုင်းအတွက် ဒွိဟဖြစ်ရတဲ့ ပုစ္ဆာတစ်ခုပါပဲ။

ကံကောင်းတာက ဒီမေးခွန်းအတွက် အဖြေက ရိုးစင်းလွယ်ကူလွန်းတဲ့အတွက် မသိကြတာဖြစ်ပါတယ်။

ဘယ်သူတစ်ဦးတစ်ယောက်မှ အရှုံးသမားအဖြစ် မွေးဖွားလာတာမဟုတ်ပါဘူး။
သင့်မှာ ပြောင်းလဲချင်စိတ် ရှိဖို့ပဲ လိုပါတယ်။

အခုဖော်ပြမယ့်အကြောင်းအရာကတော့ ဘ၀မှာ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပြီး ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်သူတွေရဲ့ လက္ခဏာ (၁၀)ခုပဲ ဖြစ်ပါတယ်။ သင့်မှာလည်း ဒီလက္ခဏာတွေထဲက အများစုကို ပိုင်ဆိုင်ထားမယ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။

၁။ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ ကိုယ်တိုင်သိထားတယ်။

သင့်ဘ၀မှာ ဘာကိုလိုချင်တာလဲ၊ ဘာတွေကို ရှာဖွေနေတာလဲဆိုတာ တိတိကျကျသိပါသလား။ လူအများစုက သူတို့ဘ၀မှာ ဘာတွေလိုချင်လဲဆိုတာ သေချာမသိကြပါဘူး။ ဘာမှာ လိုချင်တာ၊ ဖြစ်ချင်တာကို တိတိကျကျ သတ်မှတ်ထားပြီး သိထားမှသာ ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာ သိလာမှာပါ။ ဒီလိုမဟုတ်ရင် ဘယ်သွားချင်မှန်းမသိ ခြေဦးတည့်ရာလျှောက်သွားနေသူတစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။ ဖြစ်ချင်တဲ့ ဆန္ဒ၊ စိတ်ကူးအိပ်မက်တွေကို တိတိကျကျသိပြီး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေမယ်ဆိုရင် အောင်မြင်မှုက မလွဲမသေရောက်လာမှာပါ။

၂။ ဇွဲလုံ့လရှိတယ်။

အောင်မြင်ချင်တယ်ဆိုရင် ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့ ဇွဲ ရှိဖို့ လိုပါတယ်။ လမ်းခရီးတလျှောက် အတားအစီးမှန်သမျှကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျော်ဖြတ်ရမှာပါ။ အခြားသူတွေ လက်လျှော့အရှုံးပေးသွားသည့်တိုင် လွယ်လွယ်နဲ့လက်မလျှော့တဲ့ ဇွဲလုံ့လရှိရင် အောင်မြင်မှာပါ။

၃။ စိတ်အားထက်သန်မှု အပြည့်ရှိတယ်။

သင် လုပ်နေတာကို စိတ်အားထက်သန်မှု အပြည့်ရှိပါသလား။ တစ်ခါတစ်လေးမှာ ကိုယ်ဘာလုပ်ချင်လဲ၊ ဘာလုပ်ရတာလကို ပျော်လဲဆိုတာ ကိုယ်တိုင်မသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပျော်ရွှင်ကျေနပ်စရာကောင်းတာ တစ်ခုခုကို လုပ်နေရမယ်ဆိုရင် အချိန်ကုန်မှန်းမသိသလို ဘယ်သူကမှလည်း ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် စိတ်အားထက်သန်မှုရှိပြီး ပျော်ရွှင်စေမယ့်အရာကို ရွေးချယ်လုပ်ဆောင်ပါ။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာမှာပါ။

 

Read more >>>>>  ကိုယ့်ကို အခြားသူတစ်ယောက်က တန်ဖိုးထားအောင် ဘယ်လိုနေထိုင်ရမလဲ

၎။ လက်ပတ်နာရီဝတ်တယ်။

အောင်မြင်သူတိုင်း လက်ပတ်နာရီဝတ်ကြတဲ့အတွက် သင်လည်း အောင်မြင်နိုင်ပါတယ်။ လက်ပတ်နာရီဝတ်တိုင်း အောင်မြင်မှာတော့ မဟုတ်ပါဘူး။ သင့်ကို အောင်မြင်စေမယ့် အကြောင်းရင်းက အချိန်လေးစားမှုပါ။ အောင်မြင်သူတိုင်း အချိန်ကို လေးစားကြပါတယ်။ လက်ပတ်နာရီပတ်ထားတဲ့အခါ အချိန်ကို အလွယ်တကူ သတိပြုနိုင်ပြီး အရေးကြီးကိစ္စတွေကို အချိန်မှီလုပ်ဆောင်နိုင်တာကြောင့် အောင်မြင်နိုင်ချေပိုများစေပါတယ်။

၅။ အလုပ်ပိုကြိုးစားတယ်။

သင်က ဘယ်အလုပ်ကိုမဆို အားထုတ်မှုအပြည့်နဲ့ လုပ်ဆောင်တတ်သူတစ်ယောက်ဆိုရင် အောင်မြင်ဖို့ အကြောင်းရင်းတစ်ခုပါပဲ။ ပိတ်ရက်တွေမှာလည်း မနက်စောစောထပြီး လိုအပ်တဲ့အရည်အချင်းတွေ၊ ဖြည့်ဆည်းတတ်သူဖြစ်မယ်ဆိုရင် အခြားသူတွေထက် အသာစီးရနေမှာ သေချာပါတယ်။ အောင်မြင်သူတိုင်းဟာ အခြားသူတွေထက် သုံးဆလောက် ပိုပြီး ကြိုးစားအားထုတ်ကြသူတွေပဲ ဖြစ်ပါတယ်။

၆။ ဆုံးဖြတ်ချက်တိုင်းအတွက် တာဝန်ယူရဲတယ်။

အခြားသူတွေကို အပြစ်မတင်တတ်ဘူး။ လွှဲမချတတ်ဘူးဆိုရင် သင်ဟာ အောင်မြင်မယ့်သူတစ်ယောက်ပါပဲ။ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တိုင်းအတွက် ရာနှုန်းပြည့်တာဝန်ယူရဲတဲ့ စိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။ လမ်းမှားရောက်နေခဲ့ရင်တောင် အမှန်ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိနေဖို့ လိုပါတယ်။

၇။ အပြောထက် အလုပ်ကို ပိုဦးစားပေးတယ်။

အကြံကောင်းလျင်တစ်ချက် ဆိုပေမယ့် အကြံကောင်းတွေပဲ ထုတ်ပြီး လက်တွေ့အကောင်အထည်မဖော်နိုင်ဘူးဆို၇င် အလကားပါပဲ။ ဒါ့ကြောင့် ဘာလုပ်မယ်ဆိုတာကို ထိုင်စဉ်းစားနေရုံပဲ စဉ်းစားမနေပါနဲ့။ လက်တွေ့ လုပ်ပါ။ အချိန်ကောင်းကို စောင့်တာ၊ ပြီးပြည့်စုံတဲ့ စိတ်ကူးဖြစ်အောင် စဉ်းစားနေတာတွေက သူများတွေထက် နောက်ကောက်ကျသွားစေမယ့် အကျင့်တွေဖြစ်ပါတယ်။

၈။ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ဘူး။

စာအုပ်တွေဖတ်တာ၊ သင်တန်းတွေတက်တာ၊ စသဖြင့် လေ့လာသင်ယူမှု နည်းလမ်းအမျိုးမျိုးကို အမြဲမပြတ်ဆက်လုပ်နေသူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ သေချာတဲ့ပန်းတိုင်တစ်ခုဖြစ်ပါတယ်။

၉။ ကန့်သတ်ချက်တွေကို နားလည်တယ်။

လူအများစုက ယုံကြည်မှုလွန်ကဲတတ်ပါတယ်။ ဒီလို ယုံကြည်မှုလွန်ကဲတာဟာ ကျရှုံးစေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဘာလုပ်နိုင်တယ်။ ဘာကိုမလုပ်နိုင်ဘူးဆိုတာ သေချာသိထားဖို့ လိုပါတယ်။ ကံကောင်းလို့ပဲ ဖြစ်ဖြစ်၊ အခွင့်သာလို့ပဲဖြစ်ဖြစ် အခြားသူတွေထက် အသာစီးရသွားတိုင်းလည်း ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်မနေပါနဲ့။ ကိုယ့်အကြောင်းကိုယ်သိပါ။ ယုံကြည်မှုလွန်ကဲပြီး မဖြစ်နိုင်တာတွေကို လက်တည့်မစမ်းချင်ပါနဲ့။

၁၀။ အများနဲ့ မတူဘူး။

အောင်မြင်သူတိုင်းဟာ သူများနဲ့မတူတဲ့ အမူအကျင့်၊ အတွေးအမြင်နဲ့ ခံယူချက်တွေ ရှိကြပါတယ်။ သူတို့က အစွဲအလန်းကြီးတယ်၊ အသေးစိတ်ဂရုစိုက်တတ်တယ် စသဖြင့် သာမန်လူတွေနဲ့ ကွဲပြားခြားနားချက်တွေ အများကြီးရှိပါတယ်။


Source: Gentleman

Read times Last modified on Thursday, 30 January 2020 17:37
Rate this articles
(0 votes)