×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 15 March 2019

"တိတ်​ဆိတ်​ခြင်းဟာ ပညာပဲ"

"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ ရှိတာပေါ့ ရှိပေမယ့်လည်း...ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက ပညာပဲ''

"လူပဲ ခံစားချက်ကတော့ အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ ကွာသွားကြတယ်''

"ဖော်ပြလို့ မထူးဘူးဆိုရင် ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ ဒေါသကြီးတယ်ဆိုတဲ့နာမည်ရသွားမယ် ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့ ...သိကြမှာ မဟုတ်ဘူး''

READ - "တစ်နေ့တာကို အဓိပ္ပာယ်ပြည့်ဝစေမယ့် အပြုအမူများ"

"ခံစားချက်တိုင်း ထုတ်ပြနေရင် ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ် ကိုယ်ခံစားရတာ သူတို့က ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်အားပျော့တာပဲ လူသိတယ် ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ဆိုတာကလည်း တော်တော်လေးကို ခက်တာ''

"တိတ်​ဆိတ်​​နေနိုင်​ဖို့ ဆိုတာဟာ တကယ့်​ပညာပါဘဲ လောကအလယ်​...ရင့်​ကျက်​ဖို့ သင်​ယူကြရ​ပေဦးမည်​ ဒီကြားထဲတော့...အတတ်​နိုင်​ဆုံး တိတ်​ဆိတ်​​နေလိုက်​ပါ့မယ်''

READ - ကိုယ့်လက်ထဲက အခွင့်အရေးတစ်ခု

Credit @ Orginal Uploader

Read times Last modified on Thursday, 30 January 2020 17:54
Rate this articles
(1 Vote)