×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 21 March 2019

အောင်မြင်တဲ့ဘဝနဲ့ဝေးကွာစေမယ့် အထူးဆင်ခြေ (၆ ) ချက်

(၁) ပိုက်ဆံမရှိဘူး။

ပိုက်ဆံ မရှိလားရှိလားဆိုတာ မေးခွန်းမဟုတ်ပါဘူး။ ဒါကြောင့် သင် အဖြေ ကို ရှာနေလို့တွေ့နိုင်မှာမဟုတ်ဘူး။ သင့်ကိုယ် သင် မေးသင့်တာက “ ဘယ်ကနေ ငွေ ရှာလို့ ရနိုင်မလည်း ”ဆိုတာပါပဲ။

(၂) အချိန်မရှိဘူး။

ဘယ်သူကမှ သင်ဘာအတွက် အချိန်ဘယ်လောက် သုံးတယ် ဆိုတာ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူတို့တွေ ကြည့်မှာက သင့်အောင်မြင်မှုကိုပဲ ဖြစ်ပါတယ်။ အချိန်ကိုကောင်းကောင်း အသုံးမချတတ်ခဲ့ရင် သင့်ဘဝရဲ့ အခြေအနေတွေကပဲ သင့်အကြောင်း ကို အဖြေပေး သွားမှာပဲ ဖြစ်ပါတယ်။

(၃) မလုပ်တတ်ဘူး။

လူတိုင်းမှာ ပထမဆုံး အကြိမ်ဆိုတာ ရှိကြတာချည်းပါပဲ။ မွေးကတည်းက တယောက်မှ စက်ဘီးမစီးတတ်ခဲ့ဘူးဆိုတာ ပြန်တွေးကြည့် ပါ။ မလုပ်တတ်သေးတာဟာ မလုပ်နိုင်ဘူးလို့မှ သတ်မှတ်လို့မရနိုင်သေးတာ။ ကိုယ့်ရဲ့ မမြင်ဖူးသေးတဲ့ တိမ်မြုပ်နေတဲ့ အစွမ်းအစတွေ မြင်တွေ့ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်လိုက်ပါ။ “ ငါဘယ်လိုလုပ်ရမလဲ ” ဆိုတာ။

(၃) ဒီအပိုင်းကို မသင်ကြားခဲ့ရဖူးဘူး။

အသိပညာ အတတ်ပညာဆိုတာ တက္ကသိုလ်ဆိုတဲ့ အကန့်အသတ်ထဲမှာ တည်နေတာ မဟုတ်ပါဘူး။ ဘွဲ့လက်မှတ်တွေ ဆိုတာ ကလည်း ကိုယ့်ရဲ့ အနာဂါတ်ကို အမြဲအာမခံပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ တကယ်လို့ ဘာကိုမဆို ဆက်လက်သင်ကြားဖို့ လေ့လာဖို့ စိတ်မဝင်စားဘူးဆိုရင် အောင်မြင်တိုးတက်မှုမရှိတဲ့ သင့်ဘဝကို သင် အလိုမကျဖြစ်မနေနဲ့ပေါ့။ ဘာကြောင့်လည်းဆိုရင် အဲ့ဒီအရာတွေ ဘယ်တော့မှ ရလာမှာ မဟုတ်တော့လို့ပါပဲ။

(၅) အဆင်သင့် မဖြစ်သေးဘူး။

ဒီစကားမျိုးကိုတော့ ရှု့ထောင် ၂မျိုး နဲ့ ကြည့်လို့ရပါတယ်။ ဒီလိုပြောတဲ့လူဟာ “လုပ်ရမှာပျင်းလို့လား” ဒါမှမဟုတ် “အခြေအနေကို စောင့်ကြည့် နေတာလား” ဆိုတာပါ။ ခွဲခြားနည်းကတော့လွယ်ကူပါတယ်။ အဲ့လူရဲ့ ပြင်ဆင်မှု အနေအထားကိုစောင့် ကြည့်ရုံပါပဲ။

(၆) ထပ်လုပ်စရာအကြောင်း ဘာအသစ်အဆန်းမှမရှိတော့ဘူး။

ဘယ်အရာမှ ဒီစကားရဲ့ အဓိပ္ပါယ်ကို ကန့်သတ်လို့ မရတော့ပါဘူး။ ပျင်းတယ် ဆိုတဲ့စကားကလွဲလို့ပေါ့။ အသစ်ဆိုတဲ့ စကားဟာ အသစ်အဆန်းတွေ ထပ်လုပ်ဖို့ မဆိုလိုပါဘူး ။ အဟောင်းတွေနဲ့လည်း innovation ဖြစ်နိုင်တာပါပဲ။

Read More >>> မျှော်လင့်ချက် မဆုံးရှုံးပါစေနဲ့…???

source: ကိုလတ်᠌

 

Read times Last modified on Tuesday, 04 February 2020 15:02
Rate this articles
(1 Vote)