×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 26 March 2019

ရည်မှန်းချက်ပန်းတိုင် ချမှတ်ကြတဲ့အခါ သိထားသင့်တာလေးများ

ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင်စွမ်းဆောင်ခြင်းဟာ ခရီးတိုတစ်ခုကို စီစဉ်ဆောင်ရွက်ရတာနဲ့ အလားတူပါပဲ။ ခရီးတိုတစ်ခုသွားဖို့ စီစဉ်ကြပြီဆိုရင်လည်း အဲဒီနေရာကိုရောက်အောင် ဘယ်လိုသွားမလဲ၊

အချိန်ဘယ်လောက်ယူမလဲ၊ အဲဒီကို အမှန်တကယ်ရောက်ချင်တယ်ဆိုရင် ခရီးလမ်းတစ်လျှောက်မှာ ဘာတွေ လိုအပ်မလဲ စသဖြင့် စဉ်းစားဆုံးဖြတ်ပြီးမှ စီစဉ်ဆောင်ရွက်ကြရပါတယ်။

ရည်မှန်းချက်ပန်းတိုင် ချမှတ်တဲ့နေရာမှာလည်း ရေရှည်အတွက် စဉ်းစားဖို့က အရေးကြီးပါတယ်။ နေ့စဉ်လုပ်ဆောင်ဖို့ ပေါ်လာရုံလောက်နဲ့ ကြီးမားတဲ့ အသက်မွေးဝမ်းကြောင်းမှုကြီးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သေသေချာချာ စဉ်းစားစီစဉ်ပြီးမှ ဆောင်ရွက်ချက်တွေကို တစ်ဆင့်ချင်း လုပ်ဆောင်သွားမှသာ အောင်မြင်တဲ့ စူပါစတားတစ်ယောက် ဖြစ်လာနိုင်မှာ သေချာပါတယ်။

လူတိုင်း စူပါစတားဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ plan ရှိဖို့တော့ လိုမယ်။ ဘယ်အရာတွေမှာ ဖြစ်ဖြစ်မြောက်မြောက်၊ အောင်အောင်မြင်မြင် လုပ်နိုင်ချင်တာလဲဆိုတာနဲ့ အဲဒီနေရာကိုရောက်အောင် ဘယ်လိုလှမ်းဖို့လိုလဲ ဆိုတာကိုလည်း သိဖို့လိုတယ်။ ဒါတွေသိပြီဆိုရင် ရည်မှန်းချက်ပန်းတိုင် ချမှတ်ကြတဲ့အခါ time frame သုံးမျိုးနဲ့ သတ်မှတ်စဉ်းစားကြည့်ပါ။ short-term (၆-လမှ ၁-နှစ်အတွင်း)၊ intermediate-term (၃-နှစ်မှ ၅-နှစ်အတွင်း) နဲ့ long-term (၁၂-နှစ်မှ ၁၅-နှစ်အတွင်း) စသဖြင့်ပေါ့။ ကိုယ့်အနေနဲ့ ဘယ်အချိန်အတောအတွင်းမှာ ဖြစ်မြောက်အောင်မြင်အောင် လုပ်မလဲဆိုတာကအစ ချရေး သတ်မှတ်ထားရမယ်။

ဒီနေရာမှာ စဉ်းစားရမှာက ၆-လမှ ၁-နှစ်အတွင်းလုပ်ဆောင်မယ့် ရေတိုစီမံကိန်းနဲ့ သွားမယ်ဆိုရင် ဒီစီမံကိန်းက ရေရှည်အတွက် ရည်မှန်းချက်ပန်းတိုင် ချမှတ်လုပ်ဆောင်ကြတဲ့အခါမှာ အကူအညီဖြစ်စေတာတော့ မှန်ပေမဲ့ တော်တော်လေးတော့ ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရောက်ဖို့ဆိုရင်တော့ plan က အရေးကြီးဆုံးပဲ။ မဖြစ်မနေချကို ချရပါမယ်။

ဘာကြောင့်လဲဆိုရင် ဆိုကြပါစို့ သင်ဟာ ဆော့ဖ်ဝဲကုမ္ပဏီတစ်ခု ထူထောင်ချင်တယ်။ ဒါပေမဲ့ သင့်အနေနဲ့ ကလည်း ချက်ချင်းတန်းပြီး မစနိုင်သေးဘူး။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့ လျှောက်နိုင်မလဲ (သို့) ဘယ်လိုနည်းနဲ့ အကောင်အထည် ဖော်ဆောင်နိုင်မလဲဆိုတာ စဉ်းစားပြီး ပုံစံချရပါမယ်။ ပြီးရင် ကိုယ့်ရဲ့ စီးပွားရေးကို မစသေးခင်မှာ ဖြစ်ပေါ်လာမယ့် အနှောက်အယှက် အခက်အခဲတွေကို ကန်ချပစ်နိုင်ဖို့အတွက် plan တစ်ခု ချမှတ်ထားရမယ်။ ပြီးရင် အချိန်သတ်မှတ်ပါ။

အချိန်ကို သေချာစီစဉ်သတ်မှတ်ပြီးပြီဆိုရင် ကိုယ့်ရည်မှန်းချက်ပန်းတိုင် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အဲဒီသတ်မှတ်ထားတဲ့ အချိန်အတိုင်း အပတ်စဉ်အပတ်တိုင်းမှာ သတ်သတ်မှတ်မှတ်နဲ့ တလေးတစား လုပ်ဆောင်ပါ။ ပြီးတော့ တစ်ပတ်တစ်ပတ်မှာ တိုးတက်ဖြစ်ထွန်းမှု ဘယ်လောက်ရှိလဲဆိုတာ သိရအောင်လည်း ၁၅ မိနစ်လောက် အချိန်ပေးပြီး ပြန်ဆန်းစစ်ကြည့်ပါ။

Reference: Lifehack
From  Duwun

Read times Last modified on Tuesday, 04 February 2020 15:07
Rate this articles
(3 votes)