×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 05 April 2019

အောင်မြင်မှုနှင့် ပျော်ရွှင်မှုကို တစ်ပြိုင်တည်းပိုင်ဆိုင်လိုပါသလား

အောင်မြင်မှုနှင့် ပျော်ရွှင်မှုကို တစ်ပြိုင်တည်းပိုင်ဆိုင်လိုပါသလား google

လူတိုင်းကတော့ အောင်မြင်ပြီး ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ချင်ကြတာပဲ။ လူတိုင်းဟာ သူတို့လိုချင်တဲ့ အောင်မြင်မှု နဲ့ပျော်ရွှင်မှုကို ရနိုင်ပါတယ်။

ကြိုးစာအားထုတ်ဖို့တော့လိုတာပေါ့။ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့သူတွေရဲ့ နောက်ခံဘဝတွေဟာ မလှပခဲ့ပါဘူး။

တချို့က အောင်မြင်မှုမရခင် ဘဝကို ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ရတယ်။ တချို့က ကျောင်းထွက်ခဲ့ရတယ် ပညာတွေသင်ယူဖို့ အခက်အခဲ အများကြီး ကြုံခဲ့ကြရတယ်။ ဒါပေမယ့် အခက်အခဲတွေကို စိန်ခေါ်ပြီး ကြိုးစားခဲ့တဲ့အတွက် အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရတာပါ။

“ If an egg is broken by an outside force, life ends. If broken by an inside force, life begins. Great things always begin from the inside.”

၁။ အခြားသောသူများ၏ အမြင်နှင့် သင့်ဘဝကို မတည်ဆောက်ပါနဲ့။ လူအများနောက်မလိုက်ပါနဲ့၊ သင့်ဘဝကို သင်လိုချင်တဲ့ပုံစံအတိုင်း သင်ရဲ့ မျှော်လင့်ချက်အိမ်မက်တွေအတိုင်းတည်ဆောက်ပါ။ အခြားသောသူများ ဖြစ်စေချင်သည့်ဘဝ အတိုင်း ရှင်သန်နေထိုင်စရာမလိုပါဘူး။ သင်က သင်ပါပဲ။ သင်ရဲ့ဘဝအတွက် သင်ထံတွင် ရာနှုန်းပြည့် တာဝန်ယူနိုင်မှုရှိပါတယ်။

၂။ လူတွေအများစုက အောင်မြင်မှုနှင့်ပက်သက်ပြီး မှာယွင်းတဲ့အချက်တွေကို လက်ခံထားမိကြတယ်။ ဇိမ်ခံကားအကောင်းစားကြီးတွေစီးပြီး အိမ်ကြီးအိမ်ကောင်းတွေ ပိုင်ဆိုင်ထားမယ် အကောင်းဆုံး စားသောက်ဆိုင်တွေမှာ စားနိုင်မယ် ပိုက်ဆံတွေဖြုန်းနိုင်တယ် ဆိုတာကို အောင်မြင်မှုတခုလို့ ထင်တတ် ကြတယ်။ ငွေကြေးနဲ့တော့ အောင်မြင်မှုကို တိုင်းတာလို့မရပါဘူး။ မြင်နေရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေက သင်ဘာလဲဆိုတာကို မသတ်မှတ်ပေးနိုင်ပါဘူး။ သင်ရဲ့စွမ်းဆောင်ရည်ကို ဘယ်လောက်အထိ အသုံးချ နိုင်တယ် လူတွေလိုအပ်နေတဲ့ အရာတွေကို ဖန်တီးနိုင်စွမ်းပေါ်မူတည်ပြီး အောင်မြင်ခြင်း မအောင်မြင် ခြင်းကွာခြားသွားတာပါ။ သင်ဘဝမှာ ပျော်ရွှင်မှုကို လိုချင်တယ်ဆိုရင် ရောင့်ရဲနိုင်မှုရှိဖို့လိုပါတယ်။ ရောင့်ရဲမှုလို့ပြောလိုက်တာနဲ့ ကားတွေ အခြားသော ဇိမ်ခံပစ္စည်းတွေကို ပိုင်ဆိုင်ဖို့မလိုဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါတွေအပေါ်အစွဲမထားဖို့ ဆိုလိုတာပါ။ ဒါဆိုရင် သင့်ရဲ့ စိတ်တွင်းအေးချမ်းမှု ကိုခံစားနိုင်မှာပါ။

၃။ ကျန်းမာခြင်းက ချမ်းသာခြင်းတစ်မျိုးလို့ လူတိုင်းကပြောကြပါတယ်။ သင်ကအမြဲတမ်း အိပ်ချင်နေမယ်၊ ပင်ပန်းနေမယ် နေမကောင်းဖြစ်နေမယ်ဆိုရင် ဘယ်တော့မှ ပြည့်စုံပြီးပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ကျန်းမာဖို့အတွက် လုံလောက်တဲ့အိပ်ချိန်နဲ့၊ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ကို စားသုံးပေးရပါမယ်။ သင်သာကျန်းမာနေမယ်ဆိုရင် သင်ဖြစ်ချင်တဲ့ဆန္ဒ စိတ်ကူးအိမ်မက်ကို အကောင်အထည်ဖော်နိုင်ပြီး ပျော်ရွှင်ပြီးအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။

၎။ လူအများစုက သူတို့ရဲအောင်မြင်မှုပန်းတိုင်ကို ပစ္စည်းတွေအပေါ်မှာသတ်မှတ်တတ်ကြပါတယ်။ ငါဟာ အိမ်ကောင်းကောင်းတစ်လုံး၊ ဇိမ်ခံကားကောင်းကောင်းကို ပိုင်ဆိုင်ရမယ်ပေါ့။ ပန်းတိုင်ရှိတာကောင်းပါတယ် ဒါပေမယ့် သင်လျှောက်လှမ်းနေတဲ့ ပန်းတိုင်ဟာ သင့်အတွက် အဓိပ္ပါယ်ရှိရဲ့လားဆိုတာ စဉ်းစာဖို့လိုပါတယ်။ သင့်အတွက်ဘာမှအဓိပ္ပါယ်မရှိဘူးဆိုရင် အခက်အခဲတွေနဲ့ကြုံလာတဲ့အခါ လွယ်လွယ်ကူကူနဲ့ လက်လျှော့ သွားတတ်ကြပါတယ်။ ဇိမ်ခံကားတစ်စီးပိုင်ဆိုင်တာဟာ သင့်အတွက်ဘယ်လိုအဓိပ္ပါယ်ရှိလဲ၊ ဘာကြေင့် အိမ်ကောင်းကောင်းတစ်လုံးနဲ့ ကမ်းခြေနားမှာနေချင်ရတာလဲ။ အဖြေတွေကသင်ဘာကြောင့်ကြိုးစား နေရတာလဲ သင့်ရဲ့ပန်းတိုင်ကိုရောက်ရှိဖို့ တွန်းအားပေးနေမှာပါ။ သင့်အတွက် အဓိပ္ပါယ်ရှိတဲ့ပန်းတိုင်ကို သတ်မှတ်ထားပါ။

၅။ လောကကြီးက သင့်အပေါ်မတရားဘူးလို့ တွေးနေမယ့်အစား သင့်အပေါ်အများကြီးအကူအညီပေးပြီး ထောက်ပံ့မှုပေးနေတယ်လို့တွေးပါ။ အောင်မြင်သူတွေဟာ သူတို့ရဲ့အနာဂတ်မှာ ကောင်းတာတွေပဲဖြစ်လာ မယ်လို့ ယုံကြည်ထားပါတယ်။သူတို့ရဲ့ စိတ်ကူးအိမ်မက်နဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိပါတယ်။

၆။ လက်ရှိအချိန်တွင်နေထိုင်တတ်ဖို့ ကြိုးစားပါ။ သင့်ရဲ့ပိတ်ရက်မှာ မိသားစုနှင့် ပျော်ရွှင်နေရမယ့်အချိန်မှာ အလုပ်နဲ့ပက်သက်တဲ့ စိုးရိမ်ပူပန်မှုကို မတွေးပါနဲ့။ ဒီလိုပါပဲ သင်အလုပ်လုပ်နေတဲ့ အချိန်မှာလည်း မိသားစု အကြောင်းကိုတွေးနေတာမျိုးမလုပ်သင့်ပါဘူး။ လူအများစုကသူတို့ချက်ချင်းမဖြေရှင်းနိုင်တဲ့ကိစ္စ တွေအပေါ်မှာ စိုးရိမ်ပူပန်နေတတ်ကြတယ်။ဥပမာ လစဉ်ပေးရမယ့် bill တွေအတွက် ကြိုတင်စိတ်ပူနေတာ မျိုးတို့ပေါ့။ သင်ဟာစိုးရိမ်ကြောင့်ကြမှုတွေနဲ့ ပြည့်နေတဲ့သူဆိုရင်တော့ သင်ဆီလာမည့်အခွင့်အလမ်းကို မြင်နိုင်မှာမဟုတ်ပါဘူး။ သင်မထိန်းချုပ်နိုင်တဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေမယ့်အစား အခုလက်ရှိ သင်လုပ်နိုင်တဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်လိုက်ပါ။

Source; lifehack

Read times Last modified on Monday, 17 February 2020 16:18
Rate this articles
(0 votes)