×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 09 April 2019

ကျရှုံးခြင်းဆိုတာက အောင်မြင်ခြင်းရဲ့မူလအစပဲ

ကျရှုံးခြင်းဆိုတာက အောင်မြင်ခြင်းရဲ့မူလအစပဲ google

အခက်အခဲတိုင်းမှာ အခွင့်အလမ်းဆိုတာရှိပါတယ်။ ထိုနည်းတူဘဲ အခွင့်အလမ်းတိုင်းမှာလည်းအခက်အခဲဆိုတာရှိ ပါတယ်။

အခွင့်အလမ်းကိုလိုချင်ရင် အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။

တချို့လူတွေက သူများတွေအောင်မြင်မှုရရှိနေတာကို ကံကောင်းတယ်လို့ထင်တတ်ကြတယ်။ သို့သော် အဲဒီအောင်မြင်မှုတွေနောက်ကွယ်မှာ ကျော်ဖြတ်ရတဲ့ အခက်အခဲပေါင်းမြောက်များစွာကို မမြင်တတ်ကြပါဘူး။အောင်မြင်ချင်ရင် အောင်မြင်တဲ့သူတွေရဲ့ နောက်ကွယ် Behind the scenes ကိုမြင်အောင်ကြည့် နိုင်ဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာလည်း ထိုနည်းတူစွာပါဘဲ။ အခွင့်အလမ်း ကိုလိုချင်ရင် အခက်အခဲအတားအဆီးတွေကို Challenge လုပ်နိုင်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ အရှုံးတွေ ကိုလည်း ရင်ဆိုင်ရဲဖို့နဲ့ လူတွေရဲ့ဝေဖန်ကဲ့ရဲ့ မှုတွေကို လည်း ရင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်။ ဘဝမှာ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ ဘယ်လို အကြောင်းမျိုးနဲ့မှလည်း အရှုံးမပေးလိုက်ပါနဲ့။ တကယ်တော့ ကျရှုံးခြင်းဆိုတာက အောင်မြင်ခြင်းရဲ့မူလအစဘဲဖြစ်ပါတယ်။ မကျရှုံးဖူးတဲ့သူက မအောင်မြင်ဖူးပါဘူး။

အမြင့်ကို တက်ချင်ရင်တော့ ပြုတ်ကျမှာမကြောက်ပါနဲ့။ ပြုတ်ကျမှာကြောက်ရင် အမြင့်ကိုလည်း ဘယ်တော့မှရောက်မှာ မဟုတ်ပါဘူး။ လောကမှာ အောင်မြင်နေတဲ့သူတိုင်း အနည်းနဲ့ အများဆိုသလို ကျရှုံးဖူးပါတယ်။ သို့သော်အောင်မြင်တဲ့သူတွေ က အရှုံးတွေကို အကောင်းဆုံးသင်ခန်းစာအဖြစ်မှတ်ယူပြီး နောက်တစ်ကြိမ်ပြန်လည်ကြိုးစားကြပါတယ်။

နောက်ပြီးတော့ လူတိုင်းဟာ အောင်မြင်မှုကို အခုလုပ်ပြီး အခုရယူချင်ကြပါတယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ သစ်ပင်တစ်ပင်စိုက်သလိုပါဘဲ။ အခုစိုက် အခုမကြီးထွားပါဘူး။ အချိန်အတိုင်းအတာတစ်ခုထိတော့ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်း ရပါတယ်။ တရုတ်ပြည်က အချမ်းသာဆုံးသူဌေးကြီး Jack Ma ပြောခဲ့သလိုဘဲ အောင်မြင်မှုရဖို့အတွက် ကြိုးစားနေချိန်မှာ “ဒီနေ့ဟာ ခက်ခဲမယ်…. မနက်ဖန်ဒီထက်ပိုပြီး ခက်ခဲမယ်…. သန်ဘက်ခါမှာသာယာလှပလာလိမ့်မယ်” လို့ ပြောထားပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ အောင်မြင်ဖို့ကြိုးစား နေသူတစ်ယောက်အတွက် နာရီလေးသာင်း အနည်းဆုံးလိုပါ တယ်။ နာရီ လေးသောင်းဆိုတာ နှစ်နဲ့တွက်ကြည့်ရင် အနည်း ဆုံး ၅နှစ်လောက်ကြာပါတယ်။ ဒါကြောင့် ဘယ်ကိစ္စမဆို စစ်မှန်တဲ့အောင်မြင်မှုကိုလိုချင်ရင် အနည်းဆုံး ၅နှစ်လောက် ကြိုးစားရမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ လောကမှာ စိတ်ရှည်သည်းခံစွာနဲ့စောင့်ဆိုင်းတတ်သူတွေသာ အောင်မြင်မှု ကိုရလေ့ရှိပါတယ်။

crd to original poster

Read times Last modified on Monday, 17 February 2020 16:12
Rate this articles
(0 votes)