×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 24 April 2019

''အောင်မြင်သူတို့ နိုးထချိန်၊ မနက်ခင်းအလေ့အကျင့်နှင့် ခံယူချက်"

''အောင်မြင်သူတို့ နိုးထချိန်၊ မနက်ခင်းအလေ့အကျင့်နှင့် ခံယူချက်" google

1.Mark Zuckerberg (Founder, facebook)
# မနက်၈နာရီမှာနိုးထပြီး ဘာဝတ်ရင်ကောင်းမလဲ စဉ်းစားဖို့ အချိန်မပေးချင်၍ အရောင်တူ အင်္ကျီများသာဝတ်သောသူ


“လူတွေက မင်းဘာပြောခဲ့လဲဆိုတာထက် ဘာတွေဖန်တီးခဲ့လဲပဲ စိတ်ဝင်စားတယ်။”

 

2.Steve Jobs ( Founder., Apple Inc)
# မနက်၆နာရီမှာ နိုးထပြီး မနက်တိုင်း မှန်ကြည့်၍ မိမိဘ၀ဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်သူ
“ဒီနေ့သာ ငါ့ဘ၀ရဲ့ နောက်ဆုံးရှင်သန်ရမဲ့ နေ့ဆိုရင် ဒီနေ့လုပ်တော့မဲ့ အရာတွေကို ဆက်လုပ်မှာလား”

 

3.Bill gates (Founder Miscrosift)
# မနက်၇နာရီ မှာနိုးထပြီး ခန္ဓာကိုယ် နှင့် ဦးနှောက် ကျန်းမာသန်စွမ်းရေးအတွက် ပြေးစက်ပေါ်မှာပြေးရင်း ပညာရေးဆိုင်ရာ ဗီဒီယိုများ ကြည့်လေ့ရှိသူ
“ညဘက်ပျော်ရွှင်စရာရှိလိုမအိပ်ရဘူးဆိုရင်တောင် ဖန်တီးနိုင်စွမ်းကောင်းဖို့အတွက် တစ်နေ့ကိုအိပ်ချိန် (၇) နာရီလိုအပ်တယ်။”

 

4.Indra Nooyi (CEO, Pepsi Co;)
# မနက်၅ နာရီမှာ အိပ်ရာထပြီး နေမထွက်ခင် အိပ်ယာထတတ်ခြင်းဟာ သူမကို တနေ့လုံး စိတ်ဓါတ်တက်ကြွစေတယ်။
“အိပ်စက်ခြင်းဟာ သူတို့ပြောသလို ဘုရားပေးတဲ့လက်ဆောင်ဆိုရင် အဲ့ဒီလက်ဆောင်ကို ကျွန်မတစ်ခါမှ မရဖူးဘူး။”

 

5.Rachard Branson ( Founder Virgin Group)
# မနက်၅နာရီမှအိပ်ရာထပြီး စွန်လွှတ်ခြင်း၊ ရေကူးခြင်း၊ တင်းနစ်ကစားခြင်းတို့နဲ့ နံနက်တိုင်းကို စတင်လေ့ရှိသူ
“ကျရှူံးမူတစ်ခုကြောင့် မရှက်ပါနဲ့၊ မသိမ်ငယ်ပါနဲ့….. ။ အဲ့ဒီကနေ သင်ယူပြီး နောက်တစ်ကြိမ်အသစ်ကပြန်စပါ။”

 

6.Jack Dorsey (Co- Founder , Twitter and Square)
# မနက်ငါးနာရီခွဲမှာနိုးထပြီး မနက်စောစောထပြီး တရားရူမှတ်တယ်။ ပြီးရင် ၆မိုင်ခန့် ပြေးလေ့ရှိတယ်။
“မမျှော်မှန်းတဲ့ရလာဒ်တွေ ဖြစ်လာဖို့ မျှော်လင့်နေပါ။ ဖြစ်နိုင်ရင် ကိုယ်ကိုတိုင်က အမြဲတမ်း လူတွေမမျှော်လင့်ထားတဲ့ လူဖြစ်နေပါစေ။”

 

7.Warren Buffett (Investor, Philanthropist)
# မနက်၆နာရီလေးဆယ့်ငါးမှာနိုးထပြီး သတင်းစာ ၆စောင်လောက်ဖတ်လေ့ရှိသူ
“တစ်နေ့ကို အရွက်ရေ ၅၀၀လောက် စာဖတ်ဖြစ်တယ်။ ဗဟုသုတဆိုတာ ဒီလိုတည်ဆောက်ရတာ…. အဲ့ဒါဟာ ရင်းနှီးမြုပ်နှံမူတစ်ခုလိုပါပဲ။”

 

8.Albert Einstein (Scientist)
# မနက် ၈နာရီ၃၀မိနစ်မှာနိုးထပြီး တစ်နေ့ကို ၁၀ နာရီ ၁၁နာရီခန့် အိပ်သူ၊ ဒီလိုအိပ်ရတာဟာ သူ့အတွက် တီထွင်ဖန်တီးနုင်စွမ်းအား ကောင်းစေပါတယ်တဲ့။
“သူရှာဖွေတွေ့ရှိခဲ့တဲ့ ၊ နိုင်းရသီအိုရီဟာ သူ့အိပ်မက် တွေဆီက တဆင့် အကြံရခဲ့တာပါ။”

 

9.Thomas Edison (Inventor)
# မနက်နိုးထချိန်အတိအကျမရှိ၊ ညကို ၃ ၊ ၄ နာရီခန့်သာအိပ်၍ နေ့ခင်းခဏတစ်ရေးအိပ်သူ
အိပ်ချိန်ကို အလေးမထားပဲ လူသားတွေကို အကျိုးပြုတဲ့ လျှပ်စစ်မီးသီး တီထွင်ခဲ့တဲ့အတွက် ကျေးဇူးတင်စရာကောင်းပါတယ်
“ရလဒ်တွေက စီစဉ်ထားတဲ့ အတိုင်း ဖြစ်မလာရင်တောင် အဲ့ဒီရလဒ်က အကျိုးရှိနိုင်ပါသေးတယ်”

 

10.Virat Kohli (cricketer)
#မနက် ၆ နာရီမှညနိုးထပြီးတော့ ခန္ဓာကိုယ့်နဲ့ ဆိုင်တဲ့လေ့ကျင့်ခန်းတွေ ၊ နှလုံးကောင်းဖို့လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိပြီး၊ အဲ့ဒီလိုတွေလုပ် ခြင်းဟာ သူအတွက် cricket ကစားရာ မှာအကောင်းဆုံးဝတ်စုံတစ်ခုဖြစ်ပါတယ်တဲ့။
“ကမ္ဘာပေါ်မှာရှိတဲ့ cricket အသင်းတိုင်းဟာ ကစားသမားတစ်ယောက် ထဲကိုမှိခိုပြီး ကစားတာမဟုတ်ပါဘူး။ တစ်သင်းလုံးဟာနိုင်ဖို့ အတွက် ကစားနေကြတာပါ။ ”

 

11. Ratan Tata ( business man)
မနက် ၆ နာရီမှာ ထလေ့ရှိပြီး သူ့ ရဲ့ ကား ဒါမှမဟုတ် ကိုယ်ပိုင်လေယာဉ် မောင်းလေ့၇ှိပါတယ်။
“သင်ဟာ လမ်းမြန်မြန်လျှောက်ချင်ရင် တစ်ယောက်တည်းလမ်းလျှောက်ပါ။ ခရီးရောက်ချင်ရင်တော့ အုပ်စု၊ အဖွဲ့ အစည်းနဲ့ လမ်းလျှောက်ပါ။”

Ref; Pyay Khaing

Read times Last modified on Tuesday, 18 February 2020 11:49
Rate this articles
(6 votes)