×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 18 October 2019

အောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲ?

အောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲ? google.com

UNICODE

အောင်မြင်မှုကို ကိုယ် ဘာနဲ့တိုင်းတာသလဲဆိုတာသိအောင် ဖြစ်နိုင်ခြေရှိတဲ့ အောက်ပါအခြေအနေတွေကို သုံးသပ်ကြည့်ပါ။

ဘယ်သူ့ကို စစ်မှန်တဲ့အောင်မြင်သူလို့ ပြောမလဲ

အဲလက်စ် : အဲလက်စ်မှာ စီးပွားရေးလုပ်ငန်းတစ်ခုရှိတယ်။ သူဟာ ရိုးသားတယ်။

အလုပ်ကြိုးစားပြီး ဖော်ရွေပျူငှာတယ်။

အဲလက်စ်ရဲ့လုပ်ငန်း တိုးတက်လာပြီး သူနဲ့သူ့မိသားစုဟာ အဆင်ပြေပြေ နေနိုင်လာတယ်။

 

ခေးလ် : ခေးလ်မှာလည်း အဲလက်စ်လို စီးပွားရေး လုပ်ငန်းတစ်ခုရှိပြီး ဝင်ငွေပိုရအောင် ကြိုးစားတယ်။

ပြိုင်ဘက်ကို အသာရဖို့ ခေးလ်ဟာ အလုပ်မှာပဲအချိန်ကုန်ပြီး ကျန်းမာရေးချို့တဲ့လာတယ်။

 

ဂျဲနက် : ဂျဲနက်ဟာ အလယ်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီး စာကြိုးစားသူ၊ ပညာကို မြတ်နိုးသူဖြစ်တယ်။

ဒါကြောင့် သူဟာ အဆင့်ကောင်းကောင်းရလာတယ်။

 

အယ်လင် : အယ်လင်ဟာ ဂျဲနက်ထက် အဆင့် ပိုကောင်းပြီး စာတော်တဲ့ ကျောင်းသားတွေထဲမှာ ပါတယ်။

တကယ်တမ်းတော့ သူဟာ စာခိုးချပြီး ပညာကို အလေးမထားသူဖြစ်တယ်။

ခေးလ်နဲ့ အယ်လင် ဒါမှမဟုတ် လေးယောက်စလုံးကို အောင်မြင်သူတွေလို့ သင် ပြောမယ်ဆိုရင် ဒီလိုအခြေအနေမျိုး ဘယ်လိုရောက်လာသလဲဆိုတာ ထည့်မတွက်ဘဲ သူတို့ရဲ့ လက်ရှိအခြေအနေကိုကြည့်ပြီး သတ်မှတ်တာဖြစ်တယ်။

အဲလက်စ်နဲ့ ဂျဲနက်ကိုပဲ ရွေးမယ်ဆိုရင်တော့ သူတို့ရဲ့ အကျင့်စာရိတ္တ၊ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်နဲ့ တိုင်းတာတာဖြစ်မယ်။ အဲဒီလိုတိုင်းတာခြင်းက ပိုအဓိပ္ပာယ်ရှိပါတယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

ဂျဲနက်အတွက် ဘယ်အရာက ရေရှည်အကျိုးပြုမလဲ၊ အဆင့်ကောင်းတာလား၊ ပညာရေးကို မြတ်နိုးတာလား။

အဲလက်စ်ရဲ့ ကလေးတွေအတွက် ဘယ်အရာက ပိုကောင်းသလဲ၊ ငွေနဲ့ဝယ်နိုင်တဲ့အရာတွေကို ပိုင်ဆိုင်တာလား ဒါမှမဟုတ် ကလေးတွေကိုအချိန်ပေးတဲ့ ဖခင်လား။

အဓိကအချက်– တလွဲအောင်မြင်မှုကို မြင်ရတဲ့အရာနဲ့ပဲ တိုင်းတာ,တာဖြစ်ပြီး စစ်မှန်တဲ့အောင်မြင်မှုကို စံနှုန်းကောင်းတွေနဲ့ တိုင်းတာ,တာဖြစ်ပါတယ်။

 

JW.ORG

 

ZAWGYI

အာင္ျမင္မႈကို ဘာနဲ႔တိုင္းတာသလဲ?
ေအာင္ျမင္မႈကို ကိုယ္ ဘာနဲ႔တိုင္းတာသလဲဆိုတာသိေအာင္ ျဖစ္ႏိုင္ေျခရွိတဲ့ ေအာက္ပါအေျခအေနေတြကို သုံးသပ္ၾကည့္ပါ။

ဘယ္သူ႔ကို စစ္မွန္တဲ့ေအာင္ျမင္သူလို႔ ေျပာမလဲ

အဲလက္စ္ : အဲလက္စ္မွာ စီးပြားေရးလုပ္ငန္းတစ္ခုရွိတယ္။ သူဟာ ႐ိုးသားတယ္။

အလုပ္ႀကိဳးစားၿပီး ေဖာ္ေ႐ြပ်ဴငွာတယ္။

အဲလက္စ္ရဲ႕လုပ္ငန္း တိုးတက္လာၿပီး သူနဲ႔သူ႔မိသားစုဟာ အဆင္ေျပေျပ ေနႏိုင္လာတယ္။

 

ေခးလ္ : ေခးလ္မွာလည္း အဲလက္စ္လို စီးပြားေရး လုပ္ငန္းတစ္ခုရွိၿပီး ဝင္ေငြပိုရေအာင္ ႀကိဳးစားတယ္။

ၿပိဳင္ဘက္ကို အသာရဖို႔ ေခးလ္ဟာ အလုပ္မွာပဲအခ်ိန္ကုန္ၿပီး က်န္းမာေရးခ်ိဳ႕တဲ့လာတယ္။

 

ဂ်ဲနက္ : ဂ်ဲနက္ဟာ အလယ္တန္းေက်ာင္းသူ တစ္ဦးျဖစ္ၿပီး စာႀကိဳးစားသူ၊ ပညာကို ျမတ္ႏိုးသူျဖစ္တယ္။

ဒါေၾကာင့္ သူဟာ အဆင့္ေကာင္းေကာင္းရလာတယ္။

 

အယ္လင္ : အယ္လင္ဟာ ဂ်ဲနက္ထက္ အဆင့္ ပိုေကာင္းၿပီး စာေတာ္တဲ့ ေက်ာင္းသားေတြထဲမွာ ပါတယ္။

တကယ္တမ္းေတာ့ သူဟာ စာခိုးခ်ၿပီး ပညာကို အေလးမထားသူျဖစ္တယ္။

 

ေခးလ္နဲ႔ အယ္လင္ ဒါမွမဟုတ္ ေလးေယာက္စလုံးကို ေအာင္ျမင္သူေတြလို႔ သင္ ေျပာမယ္ဆိုရင္ ဒီလိုအေျခအေနမ်ိဳး ဘယ္လိုေရာက္လာသလဲဆိုတာ ထည့္မတြက္ဘဲ သူတို႔ရဲ႕ လက္ရွိအေျခအေနကိုၾကည့္ၿပီး သတ္မွတ္တာျဖစ္တယ္။

အဲလက္စ္နဲ႔ ဂ်ဲနက္ကိုပဲ ေ႐ြးမယ္ဆိုရင္ေတာ့ သူတို႔ရဲ႕ အက်င့္စာရိတၱ၊ အလုပ္အေပၚထားတဲ့ က်င့္ဝတ္နဲ႔ တိုင္းတာတာျဖစ္မယ္။ အဲဒီလိုတိုင္းတာျခင္းက ပိုအဓိပၸာယ္ရွိပါတယ္။ ေအာက္ပါအခ်က္ေတြကို သုံးသပ္ၾကည့္ပါ–

ဂ်ဲနက္အတြက္ ဘယ္အရာက ေရရွည္အက်ိဳးျပဳမလဲ၊ အဆင့္ေကာင္းတာလား၊ ပညာေရးကို ျမတ္ႏိုးတာလား။

အဲလက္စ္ရဲ႕ ကေလးေတြအတြက္ ဘယ္အရာက ပိုေကာင္းသလဲ၊ ေငြနဲ႔ဝယ္ႏိုင္တဲ့အရာေတြကို ပိုင္ဆိုင္တာလား ဒါမွမဟုတ္ ကေလးေတြကိုအခ်ိန္ေပးတဲ့ ဖခင္လား။

အဓိကအခ်က္– တလြဲေအာင္ျမင္မႈကို ျမင္ရတဲ့အရာနဲ႔ပဲ တိုင္းတာ,တာျဖစ္ၿပီး စစ္မွန္တဲ့ေအာင္ျမင္မႈကို စံႏႈန္းေကာင္းေတြနဲ႔ တိုင္းတာ,တာျဖစ္ပါတယ္။

 

Sources : JW.ORG

Read times Last modified on Wednesday, 08 January 2020 16:40
Rate this articles
(0 votes)